
ဓားကိုင်ပြီး လာသမျှလူ သတ်ပစ်မယ်ဟု အော်ဟစ်ကြိမ်းဝါးနေသူအား ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဖမ်းဆီးအမှုဖွင့်ခဲ့ကြောင်း ပဲခူးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ပဲခူးမြို့၊ မြို့သစ် (၈)ရပ်ကွက်၊ ရှမ်းတန်း (၆)လမ်းမပေါ်တွင် ပြည့်စိုး(ခ) ဖိုးပြည့် ၃၄နှစ်၊ (ဘ)ဦးမောင်မောင်မြင့်၊ မြို့သစ်(၈)ရပ်ကွက်၊ ပဲခူးမြို့နေသူအား တွေ့ရှိရပြီး ၄င်း၏ ယာဘက်လက်တွင် အရိုး (၄)ပေခွဲ၊ အသွား (၁၈)လက်မခန့်ရှိ ဝါးရိုးတပ် လှံဦးချွန် (၁) ချောင်း အားလည်းကောင်း၊ ဝဲဘက်လက်တွင် အရိုး (၈)လက်မ၊ အသွား (၁၉) လက်မခန့်ရှိ ဓါးဦးဝိုင်း ဓါးရှည်(၁) ချောင်းအား ကိုင်ဆောင်ကာ “လာသမျှလူအကုန်သတ်ပစ်မယ်”ဟု အော်ဟစ်ကြိမ်းဝါး နေသည်ကို တွေ့ရှိ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ပြည့်စိုး(ခ) ဖိုးပြည့်အား ပဲခူးမြို့မရဲစခန်း (ပ) ၁၇၆၆/၂၀၁၉၊ လက်နက်ဥပဒေ ပုဒ်မ ၁၉(င) ဖြင့် အမှုဖွင့် ထားရှိကြောင်း သိရသည်။
No comments:
Post a Comment