
လီဗာပူးတိုက်စစ်မှူး ဒယ်နီအင့်စ်ဟာ ဆောက်သမ်တန်အသင်းဆီ ပေါင်သန်း ၂၀ နဲ့ အပြီးသတ် ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။ အသက် ၂၆ နှစ်ရှိ အင်္ဂလန်တိုက်စစ်မှူး အင့်စ်ဟာ ပြီးခဲ့တဲ့ရာသီက ဆောက်သမ်တန်အသင်းမှာ တရာသီအငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့တာဖြစ်ပြီး ခြေစွမ်းပြ သနိုင်ခဲ့ပါတယ်။ စုစုပေါင်း ၂၄ ပွဲမှာ ၇ ဂိုး သွင်းခဲ့တဲ့ ဒယ်နီအင့်စ်ကို ဆောက်သမ်တန်အသင်းက အပြီးသတ်ခေါ်ယူခဲ့တာဖြစ်ပြီး သုံးနှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဒဏ်ရာပြဿနာတွေ ရှိနေတဲ့အတွက် ခြေစွမ်းအတက်အကျတွေရှိခဲ့ပြီး လာမယ့်ရာသီအတွက်တော့ အကောင်းဆုံးခြေစွမ်းပြဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဒယ်နီအင့်စ်က ပြောပါတယ်။
No comments:
Post a Comment