မြို့တော် မက္ကဆီကိုစီးတီး မြောက်ဘက်တွင်ရှိပြီး လူငါးသန်းခန့်ရှိသော ဂွာဒါလာဂျာရာသည် လတ်တလော ရက်များအတွင်း အပူချိန် ၃၁ ဒီဂရီဆဲလ်ဆီးရပ်စ်ခန့် ခံစားခဲ့ရသည်။ ရာသီအလိုက် နှင်းမုန်တိုင်း များ ဖြစ်ပွားလေ့ရှိသော်လည်း ယခုကဲ့သို့ ပမာဏအမြောက်အ မြား ကျဆင်းဖူးခြင်းမရှိခဲ့ပေ။
အရပ်ဘက်ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် စစ်သားများက လမ်းများကို ရှင်းလင်းရန် စက် ယန္တရားကြီးများ ယူဆောင်လာ သည်။ ယခုဖြစ်ရပ်ကြောင့် အိမ်ခြေ ၂၀၀ ခန့်နှင့် စီးပွားရေးလုပ်ငန်း များ ပျက်စီးပြီး တောင်စောင်းဧရိ ယာများတွင် ယာဉ်အစီးရေ အ နည်းဆုံး ၅၀ ခန့် နှင်းများနှင့်အတူ လျှောကျခဲ့ကာ ယာဉ်အချို့ နှင်း ထုအောက် နစ်မြုပ်ခဲ့သည်။
No comments:
Post a Comment