
ခါးဆစ်ရိုးဓါတ်မှန်အရ နံပါတ်၎ နှင့် နံပါတ်၅ အကြား၊ နံပါတ်၅ နှင့် တင်ပါးဆုံရိုး နံပါတ်၁အကြားတွင် အရိုးကျီးပေါင်းဖြစ်ခြင်းကိုတွေ့ရှိခဲ့ပြီး ကျန်ခါးဆစ်ရိုးများမှာကောင်းမွန်လျက်ရှိပြီး ဒူးခေါင်းရီုးများတွင် ကျီးပေါင်းအနည်းငယ်ဖြစ်နေကြောင်းတွေ့ရှိခဲ့သည်။
ထို့ကြောင့်ဆရာတော်ကြီး၏ခါးဆစ်ရိုးအား အရိုးအကြောပြန်လည်သန်စွမ်းရေးပါရဂူများမှ အပူပေးစက်ဖြင့် ကုသပေးခဲ့ပြီး လိုအပ်သည့်ဆေးဝါးများပေးခဲ့သည်။
အဆုတ်ဓါတ်မှန်အရ အဆုတ်နှင့်နှလုံးများကောင်းမွန်ပြီး ဝမ်းဗိုက်တီဗွီဓါတ်မှန် (Ultra Sound)အရ ဝမ်းဗိုက်ကလီစာများ အသည်းနှင့်ကျောက်ကပ်များကောင်းမွန်ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာတော်ကြီးအားသွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့ပြင်ဆရာတော်ကြီး သီတင်းသုံးတော်မူနေသည့် ကျောင်းဆောင်၌ ညနေ ၄ နာရီနောက်ပိုင်းတွင် အရိုးအကြောအဆစ်ပြန်လည်သန်စွမ်းရေးပါရဂူနှင့် ကာယကုသမှုကျွမ်းကျင်ပညာရှင်တို့က ကာယကုသမှုစက်များ လေ့ကျင်းခန်းများဖြင့် ကုသပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment