
အနည်းဆုံး အခကြေးငွေ တစ်နေ့ လုပ်ခ ၄၈၀၀ ရရှိရေး၊ အချိန်ပို ဆင်းရသည့် နာရီများကို ဥပဒေနှင့်အညီ ရရှိရေး၊ ခွင့်ရက် အလုပ်ပိတ်ရက်များကို ဥပဒေပါအတိုင်း လုပ်အားခ ထည့်တွက်ပေးရန်နှင့် ဥပဒေပါ ခွင့်ရက်များ ရရှိရေး အပါအဝင် တောင်းဆိုချက် ၁၅ ချက် တောင်းဆိုထားကြောင်း သိရသည်။
“အလုပ်နာရီချိန် သတ်မှတ် မပေးဘူး။ ထမင်းစားချိန်၊ အိပ်ချိန်လည်း သတ်မှတ်မပေးဘူး။ မသက်ဆိုင်တဲ့ အလုပ်တွေလည်း ခိုင်းတယ်။ နေ့စားက မနက် ၆ နာရီကနေ ည ၁ နာရီထိ လုပ်ရတယ်။ ကလေးငယ်တွေနဲ့ အလုပ်တွဲလုပ်ရတာ။ မလုပ်တတ်ရင် ဆဲတယ်။ အချိန်ပိုကြေးတွေလည်း မပေးဘူး။ တစ်နေ့လုပ်ခ ၄၈၀၀ ပေးရမှာ ၄၀၀၀ ပဲ ပေးတယ်။ အလုပ်ချိန် သတ်မှတ်ချက် မရှိဘူး။ တစ်နေ့လုပ်ခ ၄၈၀၀ ရဖို့ တောင်းဆိုထားတယ်။ နောက်ပြီး ခွင့်ရက်၊ အလုပ်ပိတ်ရက်တွေကို လုပ်အားခ ထည့်တွက်ပေးဖို့နဲ့ ဥပဒေပါ ခွင့်ရက် ခံစားခွင့်တွေပေးဖို့ တောင်းဆိုတယ်။ လုပ်ငန်း တာဝန်တွေကိုလည်း တိတိကျကျ မသတ်မှတ်ထားဘူး။ အကုန်လုပ်ရတယ်” ဟု အလုပ်သမား တစ်ဦးဖြစ်သူ မမာလာဦးက ပြောကြားသည်။
အဆိုပါစက်ရုံတွင် အလုပ်သမား ၆၀ ကျော်ရှိပြီး စက်ရုံ အဆောင်တွင် နေထိုင်ခြင်း ဖြစ်ကြောင်း၊ စုပေါင်း တောင်းဆိုမှု ပြုလုပ်ရန် စက်ရုံမှ အလုပ်သမား ၃၀ မှာ စက်ရုံတွင် လက်မှတ်ထိုးကာ ထွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ထို့ကြောင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရှေ့တွင် ညအိပ်ကာ စုပေါင်း တောင်းဆိုသွားမည် ဖြစ်ကြောင်း စုပေါင်းတောင်းဆိုသူများ၏ ပြောကြားချက်အရ သိရသည်။
No comments:
Post a Comment