Pages
Tuesday, July 2, 2019
အာဂျင်တီးနားတွင် အငြိမ်းစားဝန်ထမ်းများ၏ယာဉ် တိမ်းမှောက်၊ ၁၅ ဦး သေဆုံး
အာဂျင်တီးနားနိုင်ငံ မြောက်ပိုင်း တူကူမန်ပြည်နယ်မှာ ဇူလိုင် ၁ ရက်နေ့က အငြိမ်းစားဝန်ထမ်းတွေ တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီး တိမ်းမှောက်ခဲ့တဲ့အတွက် ၁၅ ယောက် သေဆုံးပြီး ၄၄ ယောက် ဒဏ်ရာရတယ်လို့ ဇူလိုင် ၁ ရက်နေ့ ဒေသမီဒီယာတွေမှာ ဖော်ပြပါတယ်။ လာမဒရစ်မြို့အနီး အဝေးပြေးလမ်းမ အမှတ် ၁၅၇ နဲ့ ၃၀၈ လမ်းဆုံမှာ မနက် ၁၀ နာရီဝန်းကျင်အချိန် မြူထူတဲ့လမ်းပေါ်မှာ ဘတ်စ်ကား တိမ်းမှောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ အဲဒီဘတ်စ်ကားဟာ နိုင်ငံအနောက်ပိုင်း မန်ဒိုဇာပြည်နယ်ကနေ ရေပူစမ်းတွေနဲ့ နာမည်ကြီးတဲ မြောက်ပိုင်း တဲမက်စ် ဒီရီယိုဟွန်ဒိုဆီ မောင်းနှင်လာတယ်လို့ ဒေသထုတ် လာဂါ ဆယ်တာ သတင်းစာက ဆိုပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment