
ဂျောင်ဂျူးမြို့က ဟိုတယ်ခန်းထဲမှာ သေဆုံးနေတာကို ညနေလောက်က တွေ့ခဲ့တာဖြစ်ပြီး အဲ့ဒီနောက် သူရဲ့မန်နေဂျာက အရေးပေါ်ဖုန်းကိုဆက်သွယ်ခဲ့တာဖြစ်ပါတယ်။ စစ်ဆေးကြည့်ရသလောက်ကတော့ အခန်းထဲမှာ တစ်ယောက်တည်းရှိနေခဲ့တယ်လို့ ယူဆရပြီး သေကြောင်းကြံစည်ကြောင်း စာရေးထား တာမျိုးတော့ မတွေ့ရဘူးလို့ ရဲတွေရဲ့ ပြောကြားခဲ့ပါတယ်။
ဂျွန်ဟာ အလုပ်ကိစ္စနဲ့ နှစ်ရက်တာနေထိုင်ဖို့ ဂျောင်ဂျူးမြို့ကို ရောက်နေတာဖြစ်ပြီး သူသေဆုံးမှုနဲ့ ပတ်သက်လို့ ရဲတွေက နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်မယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ်တွေကတည်းက တောင်ကိုရီးယားနိုင်ငံမှာ သေကြောင်းကြံစည်မှုဖြစ်ရပ်တွေ အများအပြားရှိနေခဲ့ပြီး သတင်းတွေမှာလည်း အတော်လေးကို နေရာယူခဲ့ပါတယ်။
မေလတုန်းကလည်း သရုပ်ဆောင် အဆိုတော် ဂူဟာရာဟာ သူရဲ့ အခန်းထဲမှာ ဓာတ်ငွေ့တွေလွှတ်ပြီး မိမိကိုယ်ကိုယ် သေကြောင်းကြံစည်သွားခဲ့ဖူးပါတယ်။ နာမည်ကြီး အမျိုးသား K pop အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ SHINee အဖွဲ့ဝင် ကင်မ်ဂျွန်ဟွန်းဟာလည်း အလားတူသေကြောင်းကြံစည်မှုမျိုးနဲ့ ၂၀၁၇ ခုနှစ်တုန်းက ၄င်းရဲ့ တိုက်ခန်းမှာ သေဆုံးခဲ့ပါတယ်။
No comments:
Post a Comment