လက်ရှိတွင် ဒါရိုက်တာ စတီးလ် ရိုက်ကူးသော ‘ငါတို့သည်’ရုပ်ရှင်ဇာတ်ကားတွင် ရွှေသမီးက ပြတ်သားသည့် အမျိုးသမီးတစ်ဦး နေရာက ပါဝင်သရုပ်ဆောင်နေ သည်။
‘‘ဒါရိုက်တာ ဦးစတီးလ်က ညီမကို ဇာတ်လေးအရင်လာပြော ပြတယ်။ ဇာတ်လေးကို ကြည့် လိုက်တော့ အရမ်းကောင်းတယ်။ ဆန်းလည်း ဆန်းတယ်။ ပြီးတော့ အစ်ကိုတွေ အများကြီးပါတဲ့အ တွက် အင်အားလည်း တောင့် တယ်ပေါ့လေ။ ပြီးတော့ ကိုယ့်ရဲ့ မစံပယ်ဆိုတဲ့ ကာရိုက်တာလေး ကိုလည်း ကြိုက်နေတဲ့အတွက် လက်ခံရိုက်ကူးဖြစ်တာပါ။ မစံပယ်က ပြတ်သားတယ်။ ဒါ ပေမဲ့ အမှန်ကို အမှန်တိုင်း ၀န်ခံ ရဲတယ်။ မှားတာရှိရင်လည်း တောင်းပန်ရဲတဲ့ ကောင်မလေးပေါ့’’ဟု ရွှေ သမီးကပြောသည်။
ယင်းဇာတ်ကားတွင် သရုပ် ဆောင်များအဖြစ် ၎င်းအပါအ၀င် နေထက်လင်း၊ နေမျိုးအောင်၊ အလင်းရောင်၊ ခါရာ၊ ထွန်းကိုကို၊ ထူးခြား၊ တိုင်ရွန်၊ နေရဲ၊ သိန်း လင်း၊ အုပ်သာကျော်၊ သျှင်းမြတ် နှင့် ရွှေပိုးအိမ်အပြင် အခြားသရုပ်ဆောင်များစွာ ပါဝင်မည် ဖြစ် သည်။ ‘‘ကိုယ်တစ်ယောက်တည်း မဟုတ်တော့ဘူး။ ခေတ်က ဒီဘက် ခေတ်မဟုတ်ဘဲ ခေတ်နှောင်းပိုင်း ဖြစ်တဲ့အတွက် အားလုံးက အ သေးစိတ်ပြင်ဆင်ရတယ်။ ဆံပင်ကအစ၊ အင်္ကျီအ၀တ်အစားကအစ၊ ကာလာကအစ သေချာလေးပြင် ဆင်ရတယ်။ အဲဒီအတွက်လည်း အားလုံးတိုင်ပင်ပြီး Meeting တွေ လုပ်ပြီးမှ သေချာလေးပြင်ဆင် ထားပါတယ်’’ဟု ရွှေသမီးက ပြောသည်။
No comments:
Post a Comment