
အမျိုးသမီးကေပေါ့ပ် အဖွဲ့ 2NE1 ၏အနုပညာသက် တမ်း (၁၀) နှစ်ပြည့်အခမ်းအနား ကျင်းပရန်အဖွဲ့ဝင်လေးဦးစလုံး ပြန်လည်ဆုံစည်းပြီး ယင်းအ ခိုက်အတန့်ကို လူမှုမီဒီယာမှတစ် ဆင့်ပရိတ်သတ်များအားမျှဝေ ခဲ့သည်။ မေလ ၁၇ ရက်က 2NE1 အ ဖွဲ့ဝင်အားလုံးသည်(၁၀) နှစ်ပြည့် အခမ်းအနားကျင်းပပုံကို အင် စတာဂရမ်မှ တစ်ဆင့် Live လွှင့် ခဲ့သည်။ အချိန်ကာလရှည်ကြာမှ ပထမဆုံးစုံညီစွာ တွေ့ဆုံခွင့်ရ ခြင်းအပေါ် မည်မျှပျော်ရွှင် ကြောင်းနှင့် အတူတူရှိစဉ်က အ ကြောင်းများကို သတိတရရှိ ကြောင်း ၎င်းတို့ကပြောသည်။
အဖွဲ့ဝင် CL က ‘‘အချိန်က ဒီလိုပဲကုန်သွားတယ်။ (၁၀) နှစ်ရှိ ခဲ့ပြီး၊ ကျွန်မတို့စတွေ့တာ (၁၀) နှစ်ကျော်ရှိပြီပေါ့။ ဟုတ်တယ်မ ဟုတ်လား’’ ဟု မှတ်ချက်ရေး သားခဲ့သည်။
ချီးကျူးဂုဏ်ပြုကြောင်း ပြောကြားသည့် ပရိသတ်အား လုံးကိုကျေးဇူးတင်ကြောင်း၂၀၁၆ က အဖွဲ့ဖျက်သိမ်းခဲ့သော 2NE1 အဖွဲ့ဝင်အားလုံးက ပြောကြား သည်။
No comments:
Post a Comment