
လူသွားစင်္ကြံများတွင် လျှပ်စစ်စကူတာများ စီးခွင့်ပြုရန်အတွက် Scheuer၏ ကနဦး အကြံပြုချက်ကို နိုင်ငံရေးသမားများ၊ ရဲသမဂ္ဂများနှင့် အာမခံအဖွဲ့များက ကန့်ကွက်ခဲ့သဖြင့် ゞင်း၏ အကြံပြုချက်ကို ပြင်ဆင်ဖြည့် စွက်ခဲ့ရသည်။
လျှပ်စစ်စကူတာများကို လူသွားစင်္ကြံများတွင် ခြွင်းချက် ကိစ္စရပ်များအတွက်သာ စီးခွင့်ပေးမည်ဖြစ်ပြီး သင်္ကတေများဖြင့် တိတိကျကျ ညွှန်ပြမည်ဖြစ်သည်။ လျှပ်စစ်စကူတာစီးသူများသည် အသက် ၁၄ နှစ်နှင့်အထက် ရှိရန်နှင့် အမြန်နှုန်း တစ်နာရီလျှင် ၂၀ ကီလို မီတာ( ၁၂.၄ မိုင်) နှုန်းဖြင့်သာစီးရန် ကန့် သတ်ထားသည်။
ယင်းဆုံးဖြတ်ချက်သည် ဘာလင်အခြေ စိုက် Tier ကုမ္ပဏီနှင့် အမေရိကန်ကုမ္ပဏီများဖြစ်သည့် Lime နှင့် Bird တို့နှင့်အပြိုင် ဖြစ်သည့် ဆွီဒင်ကုမ္ပဏီ Voi အတွက် ဂျာမနီရှိမြို့များတွင် လျှပ်စစ်စကူတာများ ငှားရမ်းမှု အား ထောက်ပံ့ပေးရန် ဈေးကွက်အပြိုင်ဖွင့် ပေးမှုလည်းဖြစ်သည်။
လျှပ်စစ်စကူတာဈေးကွက် ဖွံ့ဖြိုးလာမှု ၏ စီးပွားရေးပုံစံသည် တိုးတက်ရန် လိုအပ်နေသေးသည်ဟု ဘော်စတွန်အကြံပေးအဖွဲ့ BCG ၏ မေ ၁၇ ရက်က ထုတ်ပြန်ခဲ့သည့် လေ့လာမှုတွင် သတိပေးခဲ့သည်။
“ဈေးကွက်က ကြီးထွားလာမယ်ဆိုရင် ယာဉ်အရှိန်က Ferrari ကားတစ်စီးလို ဖြစ်လာနိုင်ခြေရှိတယ်” ဟု BCG ၏ လေ့လာမှု တွင် ဖော်ပြခဲ့သည်။
ဂျာမန်ကားထုတ်လုပ်သည့်ကုမ္ပဏီ Volkswagfen သည် နှစ်ကုန်မတိုင်မီ ゞင်း၏ ကားဝေမျှစီးသည့် ကိုယ်ပိုင်အစီအစဉ်နှင့် ပူးပေါင်းမည့် အစီအစဉ်နှင့်အတူ လျှပ်စစ်စကူတာဈေးကွက်ကို မျက်စိကျနေသည်။
သို့သော် စကူတာများ စုပုံများပြားလာခြင်းသည် စက်ဘီးအဖွဲ့များက ပိုမို ကျယ်ပြန့်သည့် စက်ဘီးစီးလမ်းများပေးရန် တောင်းဆိုထားသည့် ဂျာမနီ၏လမ်းများပေါ်တွင် နေရာအတွက် ပြိုင်ဆိုင်မှု ပြင်းထန်လာမည် ဖြစ်သည်။
No comments:
Post a Comment