
မေလ (၁၄) ရက်မှ (၁၈) ရက်အထိ ပြုလုပ်ခဲ့သည့် စတုတ္ထအကြိမ်မြောက်ကျင်းပသည့် ၅ ရက်ကြာ ထိပ်သီးဆွေးနွေးပွဲတွင် အချိန်မလုံလောက်မှုကြောင့် အစည်းအဝေး ဒုတိယပိုင်းကို မကြာမီ လပိုင်း အတွင်း ဆက်လက်ပြုလုပ်သွားမည်ဟု ၎င်းက ဆိုသည်။
“ဒီထက်ပိုပြီး အသေးစိတ်ဆွေးနွေးဖို့ လိုတဲ့အတွက် ဒုတိယပိုင်းကို (၁)လ (၂)လ အတွင်းမှာ လုပ် သွားမှာပါ။ အဓိကကတော့ အခုဖွဲ့လိုက်တဲ့ အလုပ်အဖွဲ့ရဲ့ ပြီးမြောက်မှုပေါ်မှာ မူတည်ပါတယ်” ဟု ပြောသည်။
ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် မည်သည့် သက်ဆိုင်သူများကိုမျှ ချန်လှပ်မထားရေး အခြေခံမူ အရ အခြားသော ညီနောင်တိုင်းရင်းသားအဖွဲ့များနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများ အားလုံးပါ ဝင်ဆွေးနွေးနိုင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုဆိုင်ရာ စုဖွဲ့မှုတစ်ခု ဖွဲ့စည်းနိုင်ရေးအတွက် အလုပ်အဖွဲ့တစ်ရပ်ကို ဖွဲ့စည်းခဲ့ကြောင်း အစည်းအဝေးအပြီး သတင်း ထုတ်ပြန်ခဲ့သည်။
ဆွေးနွေးပွဲတွင် ကရင်အမျိုးသားအစည်းအရုံး KNU က NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အ စည်းများ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ PPST မှ နှုတ်ထွက်စာ တင်ထားကြောင်း သတင်းထွက်ပေါ်ခဲ့ ပြီး သတင်းအမှားများသာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အစည်းအဝေး ဒုတိယပိုင်းကျင်းပပြီးချိန်တွင် ရရှိလာသည့် သဘောတူညီချက်များနှင့် အစိုးရအား အလွတ်သဘောတွေ့ဆုံသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
No comments:
Post a Comment