
ထိုသို့ တိုက်မိခဲ့သည့်အတွက် ဘုရားဖူးယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ၁၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ယာဉ်တိုက်မှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သဖြင့် အုတ်သဲကျောက်များ တင်ဆောင်လာသည့်ယာဉ်မှာ ယာဉ်ရှေ့ပိုင်း ပျက်စီးဆုံးရှုံးသွားပြီး ဘုရားဖူးယာဉ်မှာ လမ်းဘေးသို့ လဲကျသွားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ဘုရားဖူးယာဉ် အတွင်းလိုက်ပါလာသည့် ခရီးသည်အချို့ အား ဆွဲထုတ်ကယ်ဆယ်မှုများ ပြုလုပ်ပြီး ဒဏ်ရာရရှိသူများအား ဆေးရုံသို့ တင်ပို့ထား ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်အား သက်ဆိုင်ရာရဲ စခန်းမှ အမှုဖွင့်ရန် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment