‘‘သူ့ရဲ့ စာချုပ်သစ်မှာ လက် မှတ်ရေးထိုးဖို့ ကျွန်တော်တို့ ကြိုး စားခဲ့တာ တစ်နှစ်ခွဲလောက်ရှိပြီ။ သူ့ကို အလိုရှိပါတယ်။ တကယ် လို့ သူ့ရဲ့စာချုပ်ကို သက်တမ်းတိုး ချင်တယ်ဆိုရင် သူ့ကိုအလိုရှိလို့ ပါ။ မလိုချင်တဲ့သူတစ်ယောက်ကို စာချုပ်သက်တမ်းတိုးမှာ မဟုတ် ပါဘူး’’ ဟု ဂွာဒီယိုလာက ပြော သည်။
‘‘သူဟာ စတာလင်၊ ဘာနာ ဒိုဆေးလ်ဗားတို့နဲ့ ပြိုင်နေရတာ ပါ။ မလွယ်ပါဘူး။ ဖလားလေး လုံးဆွတ်ခူးချင်တယ်ဆိုရင် ကျွန် တော်တို့အနေနဲ့ ဆာနေး၊ မာ ရက်ဇ်၊ စတာလင်နဲ့ ဘာနာဒိုတို့ကို လိုအပ်ပါတယ်။ တောင်ပံကစား သမားနှစ်ယောက်တည်းနဲ့ ပြိုင်ပွဲ လေးရပ်မှာ ကစားလို့မရနိုင်ပါ ဘူး။ သူတို့အနေနဲ့ ဘယ်သူက ပွဲ ထွက်ခွင့်နဲ့ ထိုက်တန်လဲဆိုတာ ကျွန်တော့်ကိုပြသဖို့တစ်ယောက် နဲ့တစ်ယောက် ပြိုင်ရမှာဖြစ်ပြီး တတ်နိုင်သမျှ အကောင်းဆုံး ကစားရပါမယ်’’ ဟု ဂွာဒီယိုလာ ကပြောသည်။
ထို့အပြင် အသင်းလူစာရင်း သွေးသစ်လောင်းရေး ကစားသမားသစ်များခေါ်ယူရန် ရည်ရွယ်ထားသည်ဟု ဂွာဒီယိုလာက ဝန်ခံသည်။
‘‘အရာရာတိုင်းက တအား ဈေးကြီးသလို အေးဂျင့်တွေက လည်း ဈေးကြီးတာကြောင့် ဒီနေ့ ခေတ် အပြောင်းအရွှေ့တွေဟာ ခက်ခဲပါတယ်’’ ဟု ဂွာဒီယိုလာက ပြောကြားသည်။
No comments:
Post a Comment