ရွှေတန်ဆာဗုဒ္ဓရုပ်ပွားတော်မြတ်ကို မြို့ဒေါင့်စေတီတော်ပေါ်မှာ တညအိပ်ကိန်းဝပ် စံပယ်အပူဇော်ခံထားပြီး ကဆုန်လပြည့်နေ့မနက်ပိုင်းမှာ ဖူးမြော်ကြည်ညိုလာရောက်သူတွေကို စတုဒီသာ အကျွေးအမွေးတွေနဲ ဧည့်ခံကျွေးမွေးခဲ့ကြပါတယ်။
လပြည့်နေ့ ညနေပိုင်းမှာ ကိန်းဝပ်စံပါယ်နေတဲ့ ရုပ်ပွားတော်မြတ်ကို သက်ဆိုင်ရာ ရပ်ကွက်အမျိုးသားတွေက ဝေါယာဉ်နဲ့ အလှည့်ကျြပန်လည်ပင့်ဆောင်ကြရာ မြို့တွင်းလမ်းတလျောက်က ဖူးမြော် ရေသပ္ပါယ်ကြပြီး စတုဒီသာများလည်း လမ်းတလျှောက် ကျွေးမွေးဧည့်ခံကြပါတယ်။
ကဆုန်ညောင်ရေသွန်းပွဲတော်ကို နှစ်စဉ်ကျင်းပလာခဲ့တာ နှစ်ပေါင်းတရာကျော်ခဲ့ပြီ ဖြစ်ပြီး အခုနှစ်မှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်လည်း မြို့သူမြို့သားတွေနဲ့အတူ တက်ရောက် ညောင်ရေသွန်းခဲ့ပါတယ်။
No comments:
Post a Comment