
ပွဲအစပိုင်းမှာ ဝက်ဖို့ဒ်က တန်ပြန်တိုက်စစ်ကနေ အကောင်းဆုံး အခွင့်အရေးရပေ့မယ့် ဂိုးသွင်းမသေချာလို့ ဦးဆောင်ဂိုးနဲ့ လွဲခဲ့ရပါတယ်။ ဝက်ဖို့ဒ်ဟာ မိနစ် ၂၀ ကျော်လောက်အထိပဲ မန်စီးတီးရဲ့ တိုက်စစ်ကို တောင့်ခံနိုင်ခဲ့ပါတယ်။ မန်စီးတီးရဲ့ အနိုင်ဂိုးတွေကို ဆေးဗား၊ ဂျေဆု၊ ဒီဘရိုင်းနဲ့ စတာလင်းတို့က သွင်းယူပါတယ်။ အခုရတဲ့ အက်ဖ်အေဖလားဟာ မန်စီးတီးရဲ့ ၆ ကြိမ်မြောက်ဖလား ဖြစ်ပြီး နည်းပြ ဂွါဒီယိုလာအတွက်တော့ ပထမဆုံးရတဲ့ ဆုဖလား ဖြစ်ပါတယ်။
No comments:
Post a Comment