
တရုတ်ဘော်လီဘော ကစားသမားများသည်လည်း ယင်းဇာတ်ကားတွင် အဓိကဇာတ်ကောင်များအဖြစ် ပါဝင်မည်ဖြစ်သည်။ Lang Ping သည် တရုတ်၏ ထင်ရှားသည့် အားကစားသူရဲကောင်းများထဲမှ တစ်ဦးဖြစ်ပြီး ဘော်လီဘောကစားခဲ့သည့် ကာလများအတွင်း Iron Hammer ဟု အမည်ပြောင်ခေါ်ဆိုခံခဲ့ရသည်။Lang သည် ၁၉၈၄ ခုနှစ် လော့စ်အိန်ဂျလိစ်၌ ကျင်းပခဲ့သည့် နွေရာသီ အိုလံပစ် အားကစားပြိုင်ပွဲတွင် အမေရိကန်အသင်းကို နိုင်ပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့သည့် တရုတ်အမျိုးသမီး ဘော်လီဘောအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ Lang သည် နည်းပြပိုင်းကို ကူးပြောင်းခဲ့ပြီး ၂၀ဝ၈ ခုနှစ် ပေကျင်းအိုလံပစ် အားကစားပြိုင်ပွဲတွင် အမေရိကန် ဘော်လီဘောအသင်းအတွက် ငွေတံဆိပ်ဆုနှင့် ၂၀၁၆ ခုနှစ် ရီယိုဒီဂျနေးရိုး အိုလံပစ် အားကစားပြိုင်ပွဲတွင် တရုတ်ဘော်လီဘောအသင်းအတွက် ရွှေတံဆိပ်ဆုရရှိအောင် လေ့ကျင့်ပေးခဲ့သည်။ အသက် ၅၈ နှစ်အရွယ်ရှိ Lang သည် အိုလံပစ် အားကစား ပြိုင်ပွဲတွင် ကစားသမားနှင့် နည်းပြအဖြစ် ရွှေတံဆိပ်ဆွတ်ခူးခဲ့သည့် တစ်ဦးတည်းသော အမျိုးသမီးဖြစ်သည်။
No comments:
Post a Comment