အခုလို အဆင့်မြင့်ရုပ်ရှင်ရုံ ဖွင့်လှစ်ရတဲ့ ရွယ်ရွယ်ချက်ဟာ ဖားကန့်မြို့မှာရှိတဲ့ လူငယ်တွေကို မူးယစ်ဆေးဝါးသုံးစွဲမှု လျှော့နည်းလာစေဖို့နဲ့ လူငယ်တွေ အလုပ်အကိုင် အခွင့်အလှမ်းတွေ ရရှိစေရန် ရည်ရည်ရွယ်တယ်လို့ Dai Zuk အဆင့်မြင့်ရုပ်ရှင်ရုံရဲ့ အထွေထွေမန်နေဂျာ မုန်အောင်က ပြောပါတယ်။
Dai Zuk အဆင့်မြင့်ရုပ်ရှင်ရုံမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေကို တနေ့ သုံးကြိမ် ပုံမှန် ပြသသွားမှာဖြစ်ပြီး လက်မှတ်တွေကို သုံးထောင်ကျပ်ကနေ တစ်သောင်းခွဲကျပ်အထိ အစားစား သတ်မှတ်ထားပါတယ်။
အဆင့်မြင့် ရုပ်ရှင်ရုံဖွင့်ပွဲမှာ ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ အကယ်ဒမီ လူမင်းတို့ ဇနီးမောင်နှံ၊ ကချင်အနုပညာရှင်များအသင်းချုပ်မှ ဥက္က၊ ဦးလထော်ဇော်ဒိန်၊ ဒါရိုက်တာ Jz ဒေါင်လွဏ်း၊ နိုင်ငံကျော် တေးသံရှင် မရန်ဆိုင်းနော်နဲ့ ကချင်အနုပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။
No comments:
Post a Comment