ကျုးကျော်အိမ်ဆောက်နေထိုင်သူ သီးစားတောင်သူ ဦးတင်မြင့်ပါ ၁၆ ဦးအား သစ်တောကြိုးဝိုင်းအတွင်း ကျုးကျော်နေထိုင်မှု သစ်တောဥပဒေပုဒ်မ ၄၀ (က)(၁) နဲ့ မေ ၁၇ ရက်နေ့က ဟံဇားရဲစခန်းမှာ အမှုဖွင့်ထားတာပါ။
၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်ကလည်း သစ်တောပိုင်မြေအတွင်း တောခုတ်ရှင်းလင်းခဲ့တဲ့ ဓားမဦးချတောင်သူတွေက ထွန်တုံးတိုက်ပွဲ လုပ်ခဲ့တာကြောင့် ဦးဆောင်သူ ဦးကျော်မြင့်ပါ ၃ ဦးအား သစ်တောကြိုးဝိုင်းအတွင်း ကျုးကျော်မှု သစ်တောဥပဒေပုဒ်မ ၄၀(က)(၁)၊ ကျုးကျော်ထွန်ယက်မှု သစ်တောဥပဒေပုဒ်မ ၄၀(က)(၃) တို့နဲ့ မေလ ၉ ရက်နေ့က ဟံဇားရဲစခန်းမှာ အမှုဖွင့်ပါတယ်။
အဆိုပါ သစ်တောပိုင်မြေဟာ ၁၉၇၈-၇၉ လောက်မှာ မြစ်သား၊ ဝမ်းတွင်း၊ သာစည် စတဲ့မြို့နယ်တွင်းက ရှမ်းရိုးမတောင်ခြေရှိ မြေယာတွေကို လယ်ယာနဲ့ ဆည်မြောင်းဝန်ကြီးဌာနက သိမ်းပြီး စိုက်ကွင်းတွေ တည်ထောင်ခဲ့ကြပါတယ်။ ၂၀၁၃ ခုနှစ်မှာ သိမ်းဆည်းလယ်ယာမြေတွေ ပြန်လည်စွန့်လွှတ်တော့ အရင်က တောခုတ်ပြီး လယ်ယာမြေလုပ်ခဲ့သူတွေနဲ့ စိုက်ပျိုးရေးဌာနက သီးစားချထားသူတွေက အဆိုပါမြေယာအား လုပ်စားပိုင်ခွင့် အပြိုင်အဆိုင် တောင်းဆိုလာကြတာလည်း ဖြစ်ပါတယ်။
No comments:
Post a Comment