ကမ္ဘာ့နိုင်ငံအသီးသီးကလေးစားအားကျနေရတဲ့ မြန်မာ့ကိုယ်စားပြု One Championship (MMA) ကမ္ဘာ့ချန်ပီယံကြီး အောင်လအန်ဆန်းရဲ့အောင်မြင်မှုကို အားလုံးလည်း လေးစားကြမယ်ထင်ပါတယ်။ ပွဲကောင်းများစွာကို ထိုးသတ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးက လက်ဝှေ့သမားများစွာရဲ့ လေးစားမှုကို ရရှိထားတဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။
Pages
Sunday, May 19, 2019
ဘဝကြီးတစ်ခုလုံးပေးဆပ်ပြီး မြန်မာကို ကမ္ဘာကသိစေသူ
ပြင်သစ်နိုင်ငံ Nantes မြို့မှာ လောလောဆယ် ကျင်းပနေတဲ့ အပြည်ပြည်ဆိုင်ရာ လူမှု ဘဝနဲ့ ပန်းမန် ပြပွဲအတွက် ကမ္ဘာနိုင်ငံ အသီးသီးက ပြခန်းပေါင်း ၂၀၀ ကျော်မှာ မြန်မာ ပြခန်းလည်းပါဝင် ပါတယ်။ Nantes မြို့မှာ ၁၉၄၀ ခုနှစ်က စတင်ပြီး ၅ နှစ်တစ်ကြိမ် ကျင်းပတဲ့ ဒီပွဲတော်ကို မြို့တော်ဝန်က ကမကထ လုပ်တာ ဖြစ်ပါတယ်။ေ မလ ၈ ရက်ကနေ ၁၉ ရက်နေ့ အထိ ပြခန်းတွေကို ပြသထားမှာပါ။ြ မန်မာ ပြခန်းကို တာဝန်ယူ စီစဉ် ပြသသူကတော့ I Love Myanmar ပရဟိတ အဖွဲ့ကို ထူထောင်တဲ့ ချင်းတိုင်းရင်းသူ ဒေါ်လီဗီ ဆပ်နိုင်ထန်း ဖြစ်ပါတယ်။ သူ့ကို မလေပြေ လို့လည်း ခေါ်ကြပါတယ်။ရုပ်ရှင်ရုံငှားစားပြီး ရရှိသည့် အခွန်အခနှင့် တင်းတိမ်နေမည် မဟုတ်ကြောင်း ဦးဖြိုးမင်းသိန်းပြော
ရုပ်ရှင်မြှင့်တင်ရေးဆိုသည့် နာမည်ဖြင့် ရုပ်ရှင်ရုံငှားစားပြီး ရရှိသည့် အခွန်အခကို တင်းတိမ်နေမည်မဟုတ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောကြားလိုက်သည်။ေ မလ ၁၈ ရက်က Sky Star ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့်ပွဲတော်အတွက် ပထမအကြိမ် အကြံ ဥာဏ်ရယူသည့် အခမ်းအနားတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။
တိုင်ကြားရာတွင် တိုင်ကြားသူ၏ အမည်၊ လိပ်စာ မပါရှိသော ပစ်စာများကြောင့် အခြေခံပညာရှိ ဆရာ ဆရာမများ၏ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနေဟုဆို
တိုင်ကြားသူ၏ အမည်၊ လိပ်စာ မပါရှိသော ပစ်စာများကြောင့် အခြေခံပညာရှိ ဆရာ ဆရာမများ၏ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနေကြောင်း အခြေခံပညာ ပညာရေးလုပ်သား သမဂ္ဂများက ပြောကြားသည်။ေ မ ၁၈ ရက်က ရန်ကုန်မြို့ အိုလံပစ်တာဝါရှိ Myanmar Press Freedom Center တွင် ကျင်းပသော ပညာရေး ဝန်ထမ်းများ ထိခိုက်နစ်နာ ဆုံးရှုံးနေမှုများနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ တိုင်ကြားသူ၏ အမည်၊ လိပ်စာ အချက်အလက်များ မပါရှိသည့် ပစ်စာများကြောင့် တိုင်ကြားခံရသည့် ဆရာ ဆရာမများ အနေဖြင့် ပြစ်မှုကျူးလွန်သည်ဖြစ်စေ ပြစ်မှုမကျူးလွန်သည်ဖြစ်စေ စစ်ဆေးစဉ်ကာလမှစ၍ ၎င်း၏ ဂုဏ်သိက္ခာပိုင်းအရ ကျဆင်းမှုရှိကြောင်း အ.မ.က (မယ်ဂျာ) မှ မူလတန်းကျောင်းအုပ် ဦးဇော်ဇော်က ပြောကြားသည်။
စိန်ထည် သိန်း ၂၅၀ ဖိုး ကောက်ရပြီး ပိုင်ရှင်ထံပြန်ပေးသူ
ဂုဏ်ယူပါတယ်ညီမလေးဒီလို မွန်မြတ်သောစိတ်ထားကြောင့်ကြုံတွေ့နေရတဲ့အက်အခဲတွေအမြန်ဆုံးကျော်ဖြတ်နိုင်ပါစေ မနေ့က နေ့လည်နှစ်နာရီလောက်မှာ ဧရာ ၁၁ လမ်းမြောက်ဥက္ကာပတွင်မီးလောင်မှူု့ဖြစ်ပွားနေစဉ်ပြေးရင်းလွှားရင်းကြားမှသိန်း၂၅၀ ခန့်ရှိ စိန်ထည်းလက်ဝတ်ရတနာတထုပ်ကို ဘုမ္မာ ၁၁ လမ်းနေ မပိုပိုအောင်မှ တွေ့ရှိခဲရာ မနေ့က ညနေ ၄:၃၀ ခွဲခန့်တွင် ကောက်ရခဲ့သောစိန်ထည် လက်ဝတ်ရတနာများက်ု ပိုင်ရှင်ထံသို့တိုက်ရိုက် ပြန်လည်ပေးအပ်နိုင်ခဲ့ပါတယ်
ယူရိုပါလိဂ် ဗိုလ်လုပွဲ လက်မှတ်တွေ မရောင်းရ
အာဆင်နယ်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့က လက်မှတ်ခွဲတမ်း ၆၀၀၀ စီ ရရှိထားပေမယ့် တစ်ဝက်စီသာ ရောင်းနိုင်တဲ့အပေါ်မှာ ယူအီးအက်ဖ်အေရဲ့ ဗိုလ်လုပွဲကို ဘာကူမှာလုပ်ဖို့ စီစဉ်ခဲ့တဲ့အပေါ် ဖြေရှင်းချက်တောင်းလာခဲ့တာဖြစ်ပါတယ်။ ယူရိုပါလိဂ် ဗိုလ်လုပွဲကစားမယ့် အာဆင်နယ်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ဟာ လက်မှတ်ခွဲတမ်းကိုယ်စီ ၆၀၀၀ စီ ရရှိထားကြပါတယ်။ ဒါပေမယ့်လည်း လက်မှတ်ခွဲတမ်းကိုယ်စီရဲ့ တစ်ဝက်ခန့်လောက်သာ လက်မှတ်တွေ ရောင်းကုန်ထားပြီး တစ်ဝက်ကျော်လောက် မရောင်းရပဲ ရှိနေတယ်လို့ Daily Mailက ဖော်ပြလာပါတယ်။
တပ်မတော်ကိုထောက်ခံပွဲနှင့် ဖွဲ့စည်းပုံမှ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး လားရှိုးတွင် ဆန္ဒထုတ်ဖေါ်
တပ်မတော်ကိုထောက်ခံခြင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်ထားရေးဆိုင်ရာ် ပုဒ်မ ၂၆၁ အား ပြင်ဆင်ပေးရေး လူထုဆန္ဒထုတ်ဖေါ်ပွဲ ကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ၂၀၁၉ ခုနှစ်၊ မေလ (၁၉) ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ကြသည်။ "အဓိကက ပုဒ်မ ၅၉ ကို မပြင်ဖို့ရယ်၊ ပုဒ်မ ၂၆၁ ကိုပြင်ဖို့နဲ့ ပုဒ်မ ၃၆၁ ကို ကာကွယ်စောင့်ရှောက်ဖို့ အတွက် ရည်ရွယ်ပြီးတော့ လူထုထောက်ခံပွဲ ပြုလုပ်တာပါ။ ရှမ်းမြောက် ဒေသက ဒေသခံ ၁၅၀၀၀ လောက် ပါဝင်ဖို့ ဖိတ်ကြားထားပါတယ်" ဟု လူထုထောက်ခံပွဲဖြစ်မြောက်ရေးအဖွဲ့မှ ဦးအောင်လှက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ မေ ၂၄ ရက်၌ အပစ်ရပ်ရေး ဆွေးနွေးမည်
အစိုးရ၊ တပ်မတော်နှင့်မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ဖြစ်သော ကချင်အဖွဲ့(KIA)၊ တအာင်း(ပလောင်)အဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)၊ ကိုးကန့်အဖွဲ့(MNDAA)တို့သည် အပစ်ရပ်စဲရေးဆိုင်ရာဆွေးနွေးပွဲကို မေ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ပြုလုပ်သွား မည်ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG)မှ ဦးဆန်းအောင်က မေ ၁၈ ရက်တွင် စံတော်ချိန်သို့ ပြောဆိုသည်။
ထားဝယ်ခရိုင် လောင်းလုံးကမ်းရိုးတန်း ကျောက်တွင်းကျေးရွာ အနီးရှိ ကမ်းခြေပေါက် မြေဧက ၃၇၀ ကို နိုင်ငံတကာ အဆင့်မီ ခရီးသွားလာရေး လုပ်ငန်းနှင့် ဟိုတယ်စီမံကိန်းများ ဆောင်ရွက်ရန် NAN YI MON AUNG GEMS Co.,Ltd. က လျှောက်ထားမှုအပေါ် မေ ၃၁ ရက်အထိ ကန့်ကွက်လွှာခေါ်ယူ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးကမ်းရိုးတန်း ကျောက်တွင်းကျေးရွာအနီးရှိ ကမ်းခြေပေါက်မြေ ဧက ၃၇၀ ကို နိုင်ငံတကာ အဆင့်မီ ခရီးသွားလာရေး လုပ်ငန်းနှင့် ဟိုတယ်စီမံကိန်းများ ဆောင်ရွက်ရန် NAN YI MON AUNG GEMS Co.,Ltd. က လျှောက်ထားမှုအပေါ် မေ ၃၁ ရက်အထိ ကန့်ကွက်လွှာ ခေါ်ယူထားကြောင်း သိရသည်။ ကျောက်တွင်းကျေးရွာ အုပ်စုကွင်း အမှတ် (၆.o.s.s) ကျောက်တွင်း ကြေးတိုင်ပြင်ကွင်း၌ ဧရိယာ ဧက ၃၇၀ ရှိသော မြေလွတ် မြေလပ်နှင့် မြေရိုင်းတွင် နိုင်ငံတကာ အဆင့်မီ ခရီးသွားလာရေးလုပ်ငန်း၊ အပန်းဖြေ ဝန်ဆောင်မှု လုပ်ငန်းများ၊မကြာခငမွာ ကမ္ဘာကော်အနုပညာရွငတစယောကနဲ့ လကထပတော့မယလို့ျေပျာပလိုကတဲ့ Selena Gomez
ကမ္ဘာကော်အဆိုတောတစယောကျဖစတဲ့ Selena Gomez ဟာဆိုရငပြီးခဲ့တဲ့ရကအနညးငယက သူမရဲ့ Instagram မွာ မကြာခငလကထပတော့မယလို့ျေပာကြားခဲ့ပါတယ။ ပရိသတကြီးသိကြတဲ့အတိုငး Selena Gomez နဲ့ Justin Bieber တို့ဟာဆိုရင ပြီးခဲ့တဲ့နွစတြေတုနးကျပတခဲ့ကြတျာဖစပြီး JB ဟာဆိုရငလဲ မောဒယတစယောကျဖစတဲ့ Hailey Baldwin နဲ့လကထပသြားတျာဖစပြီး သူမကတော့ အသညးကြဲကာ က်နရစနေခဲ့ပါတယ။ သူရဲ့အသညးကြဲမှုကြောင့ စိတဓာတတြေက်တဲ့အျပင သူရဲ့က်နမားရေးလဲ ထိခိုကခဲ့ရပါတယ။ အဲ့နွစမွာဆို သူမရဲ့ ကော်ကကပလဲလွယခဲ့ရပါတယ။သီရိလင်္ကာ လွတ်ငြိမ်းခွင့် အစွန်းရောက် သံဃာ မပါဝင်
သီရိလင်္ကာ သမ္မတ က အကျဉ်းသား ၇၆၂ ဦးကို ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် မနေ့က လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပေမယ့် အမုန်းတရား ဟောကြားမှုနဲ့ နာမည်ကျော်တဲ့ သံဃာတော် အရှင် Gnanasara ဂနားနားစာယား တော့ ပါဝင်ခြင်း မရှိပါဘူး။ Welikada ဝယ်လီကားဒါး အကျဉ်းထောင်မှာ လွှတ်ပေးမယ့် အကျဉ်းသားတွေကို သမ္မတ Sirisena ဆီရီဆီးနာက မိန့်ခွန်းပြောရာမှာ လူ့ဘောင်အသိုင်းအဝန်းမှာ ဘဝတွေ ပြန်လည်ထူထောင်နိုင်ရေးအတွက် သူတို့ကို ငွေကြေးထောက်ပံ့မယ်လို့ ကတိပေးခဲ့ပါတယ်။
PPST ထိပ်သီးအစည်းအဝေးကို ငါးရက်ကြာဆွေးနွေးခဲ့ပြီး အလုပ်အဖွဲ့ ၂ ဖွဲ့ ဖွဲ့စည်း
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးအစည်းအဝေး ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၅ ရက်ကြာ ကျင်းပခဲ့ပြီး အလုပ်အဖွဲ့ ၂ ဖွဲ့အား ဖွဲ့စည်းခဲ့ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။ ကျွန်တော်တို့ အလုပ်အဖွဲ့ ၂ ခုကို ဖွဲ့စည်းခဲ့ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တစ်ဆို့နေတဲ့ အခက်အခဲတွေကို ဘယ်လိုကျော်လွှားသွားမလဲဆိုတာကို နည်းပညာ အထောက်အကူပြုအဖွဲ့ အလုပ်အဖွဲ့ဖွဲ့စည်းတယ် ဒုတိယက ကျွန်တော်တို့ လက်မှတ်ရေးထိုးထားတဲ့ ၁၀ ဖွဲ့ရဲ့ စုဖွဲ့မှုပုံစံကို ဘယ်လို ဆက်သွားမလဲ အသေးစိတ်အခြေခံရမယ့် မူချမှတ်ပြီးတော့ အလုပ်အဖွဲ့ဖွဲ့စည်းခဲ့တယ်။ ၅ ရက်ကြာ ဆွေးနွေးမှုကတော့ အသေးစိတ် ဆွေးနွေးနိုင်ခဲ့ပါတယ်”ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။မလေးရှားသွားမယ့် ရိုဟင်ဂျာ ၈၄ ဦး ဘင်္ဂလားဒေ့ရှ် တားဆီး
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မလေးရှားနိုင်ငံကို လှေစီးထွက်ပြေးဖို့ ကြိုးစားနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၈၄ ယောက် ကို တားဆီးနိုင်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။ ကုတုပလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ၆၇ ယောက်ဟာ ထွက်ပြေးမယ့် ငါးဖမ်းလှေပေါ်တက်ဖို့ စောင့်ဆိုင်းနေချိန်မှာ ဖမ်းမိတာဖြစ်ပြီး အဲဒီအထဲမှာ အမျိုးသမီး ၃၁ ယောက်နဲ့ ကလေး ၁၅ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။ စိန့်မာတင်ကျွန်းက ရိုဟင်ဂျာ ၁၇ ယောက်ကိုလည်း သူတို့ထွက်ပြေးမယ့် ငါးဖမ်းလှေပေါ်မတက်ခင်မှာ ကမ်းခြေစောင့်တပ်က ဖမ်းမိတာဖြစ်ပါတယ်။
အဂတိလိုက်စားမှု ပုံစံအမျိုးမျိုးကို စဉ်ဆက်မပြတ်လျှော့ချရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ တစ်ခုတည်းဖြင့် မလုံလောက်ဘဲ ထုတ်ဖော်သတင်းပေး နိုင်သူများအား အကာအကွယ်ပေးပြီး ဆုချီးမြှင့်မှုများဖြင့် အသိအမှတ်ပြုမှုများ လုပ်နိုင်ရန် လိုအပ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌဌ ပြောကြား
အဂတိလိုက်စားမှု ပုံစံအမျိုးမျိုးကို စဉ်ဆက်မပြတ် လျှော့ချရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ တစ်ခုတည်းဖြင့် မလုံလောက်ဘဲ တိကျသော သတင်းအချက်အလက်များဖြင့် ထုတ်ဖော် သတင်းပေးနိုင်သူများကို တစ်ဖက်တွင် လုံလောက်သော အကာအကွယ်များပေးပြီး အခြားတစ်ဖက်တွင်လည်း ထိရောက်သော ဆုချီးမြှင့်မှုများဖြင့် အားပေးအသိအမှတ်ပြုမှုများ လုပ်နိုင်ရန် လိုအပ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌဌ ဦးအောင်ကြည်က ပြောကြားသည်။အားလုံးပါဝင်ရမည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး
၂၀၃၀ ပြည့်နှစ်သို့ အရောက်တွင် အလွန်အကျွံ ဆင်းရဲမွဲတေမှုကို အဆုံးသတ်ရေးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူဦးရေ၏ အဆင်းရဲဆုံး ရာခိုင်နှုန်း ၄၀ အတွက် ချမ်းသာကြွယ်ဝမှု မျှဝေခြင်းကို မြှင့်တင်ရေးဟူသည့် ကမ္ဘာ့ဘဏ်၏ ရည်မှန်းချက် နှစ်ရပ်ကို အဓိကစိန်ခေါ်နေသည့်အရာမှာ အဂတိလိုက်စားမှုဖြစ်သည်။ ထို့ကြောင့် အဂတိလိုက်စားမှု လျှော့ချနိုင်ရေးသည် ဖွံ့ဖြိုးမှုအတွက် ဘဏ္ဍဍာထောက်ပံ့ရေး အစီအစဉ်အတွက် အဓိကရည်မှန်းချက်တစ်ရပ်ဖြစ်လာပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များ၌ အချက်အချာကျလာ သည်။
ရွှေပြည်သာ တံတားအဆင်းတွင် ဘုရားဖူးယာဉ်နှင့် အုတ်သဲကျောက် တင်ဆောင်လာသည့် ယာဉ် တိုက်မိပြီး ၁၆ ဦး ဒဏ်ရာရရှိ
ရွှေပြည်သာ တံတားအဆင်းတွင် ဘုရားဖူးယာဉ်နှင့် အုတ်သဲကျောက် တင်ဆောင်လာသည့်ယာဉ်တို့ တိုက်မိပြီး ဘုရားဖူးယာဉ်တွင် လိုက်ပါလာသူ ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။ မေ ၁၈ ရက် ညနေ ၄ နာရီခွဲခန့်တွင် ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာတံတားအတိုင်း လှိုင်သာယာမြို့နယ်ဘက်သို့ မောင်းနှင်လာသည့် အုတ်သဲကျောက်များ တင်ဆောင်ထားသည့်ယာဉ်သည် တံတားအဆင်း ဧရာမြေမှတ်တိုင်အနီးအရောက်တွင် သာဓုကန်ဘုရားဘက်မှ မောင်းနှင်လာသည့် မစ်ဇူဘီရှီအမျိုးအစား ဘုရားဖူးယာဉ်နှင့် တိုက်မိခဲ့ကြောင်း သိရသည်။သြစတြေးလျ ရွေးကောက်ပွဲ၌ အတိုက်အခံလေဘာပါတီက မမျှော်လင့်ဘဲ အရေးနိမ့်ခဲ့ပြီး ကွန်ဆာဗေးတစ်တို့ အနိုင်ရ
သြစတြေးလျရွေးကောက်ပွဲတွင် အာဏာရ ကွန်ဆာဗေးတစ်ညွန့်ပေါင်းတို့ အရေးနိမ့်ပြီး လေဘာပါတီက အနိုင်ရမည်ဟု ခန့်မှန်းခဲ့ကြသော်လည်း ကွန်ဆာဗေးတစ်တို့က အနိုင်ရရှိသွားခဲ့သည်။ ရွေးကောက်ပွဲတွင် အနိုင်ရမည်ဟု တစ်ပြေးခဲ့သော လေဘာပါတီခေါင်းဆောင် ဘီလ်ရှော့တန်းက ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို ဝန်ခံခဲ့ပြီး ပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်မည်ဟု ကြေညာခဲ့သည်။ ကွန်ဆာဗေးတစ်ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ရွေးကောက်ပွဲတွင် သူ၏ပါတီက အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့မှုအတွက် “တိတ်ဆိတ်နေသော သြစတြေးလျပြည်သူ” တို့ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ သည်။
ဂျာမနီ၌ လျှပ်စစ် စကူတာများကို လမ်းမများတွင်စီးရန် ခွင့်ပြု
ဂျာမနီရှိ လမ်းမများနှင့် စက်ဘီးစီးသည့် လမ်းများ၌ ဘက်ထရီစွမ်းအင်သုံး စကူတာများစီးမှုကို အာဏာပိုင်များက မေ ၁၇ ရက် တွင် ခွင့်ပြုခဲ့သော်လည်း လမ်းသွားလမ်းလာများကို ကာကွယ်ရန်အတွက် လူသွားစင်္ကြံများတွင် စီးနင်းမှုကိုမူ ပိတ်ပင်ခဲ့သည်။ လမ်းပေါ်တွင် ဘေးကင်းလုံခြုံမှုနှင့် ယာဉ်သွားလာမှုအပေါ် အကျိုးသက်ရောက်မှုနှင့်ပတ်သက်ပြီး ပြင်းထန်သည့် ငြင်းခုံဆွေးနွေးမှုအပြီးတွင် လမ်းမပေါ်တွင် လျှပ်စစ် အသုံးပြုမောင်းနှင်သည့်ယာဉ်များကို ခွင့်ပြု ပေးရေးအတွက် ပို့ဆောင်ရေးဝန်ကြီး Andreas Scheuer၏ အဆိုပြုချက်ကို အထက်လွှတ်တော်က အတည်ပြုခဲ့သည်။ပန်ဒါများ၏တည်နေရာသိနိုင်မည့် App ကို တရုတ်သုတေသီများ ဖန်တီး
မျက်နှာမှတ်သားသော နည်းပညာကို အသုံးပြုလျက် ထိန်းသိမ်းစောင့်ရှောက်သူများ က ပန်ဒါဝက်ဝံတစ်ကောင်ချင်းစီကို သိရှိနိုင်မည့် APP တစ်ခုကို တရုတ်က ဖန်တီးခဲ့သည်ဟု အစိုးရပိုင်သတင်းအေဂျင်စီ ဆင်ဟွာက မေ ၁၇ ရက်တွင် ဖော်ပြခဲ့သည်။ တစ်ကောင်ချင်းစီကို မှန်ကန်စွာ သိရှိနိုင်စေရန် ပန်ဒါကောင်ကြီးများ၏ ရုပ်ပုံ ၁၂၀ဝ၀ဝ နှင့် ဗီဒီယိုအတို ၁၀ဝ၀ဝ တို့နှင့် အတူ သတင်းအချက်အလက်ကို သုတေသီများက တည်ဆောက်ခဲ့ကြသည်။
နာမည်ကျော် ဘော်လီဘောကစားသမား Lang Ping ၏ အတ္ထုပ္ပတ္တိဇာတ်ကားတွင် ဂေါင်းလီ ပါဝင်မည်
တရုတ်ထိပ်တန်း အမျိုးသမီးသရုပ်ဆောင် ဂေါင်းလီသည် ဟောင်ကောင်ဒါရိုက်တာ ပီတာချန်းရိုက်ကူးမည့် ဇာတ်ကားတွင် တရုတ်၏နာမည်ကျော် ဘော်လီဘောကစားသမား Lang Ping အဖြစ် သရုပ်ဆောင်မည်ဟု Hollywood Reporter က မေ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။ချန်း၏ We Picture ရုပ်ရှင်လုပ်ငန်းနှင့် ပေကျင်းအခြေစိုက် JQ ရုပ်ရှင်လုပ်ငန်းတို့က စီစဉ်ထုတ်လုပ်မည့် ယင်းဇာတ်ကားကို တိုကျို၌ ၂၀၂၀ ပြည့်နှစ် နွေရာသီအိုလံပစ် အားကစားပြိုင်ပွဲ ကျင်းပမည့်အချိန်တွင် ဖြန့်ချိရန် စီစဉ်ထားသည်။ Women in Motion ဆု လက်ခံရယူရန် ကိန်းရုပ်ရှင်ပွဲတော်သို့ ရောက်ရှိနေသည့် ဂေါင်းလီသည် ယင်းဇာတ်ကားရိုက်ကူးရန် စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်သည်။မန်စီးတီးက ၀က်ဖို့ဒ်ကို ၆ ဂိုးပြတ်နိုင်ပြီး အက်ဖ်အေဖလား ဗိုလ်စွဲ
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ မန်ချက်စတာစီးတီးက ၀က်ဖို့ဒ်ကို ၆ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ မန်စီးတီးဟာ ပြည်တွင်း ဖလား ၃ ခုဖြစ်တဲ့ ပရီးမီးယားလိဂ်၊ အက်ဖ်အေနဲ့ ကာရာပေါင်ဖလားတွေကို တနှစ်ထဲမှာ ပထမဆုံး ယူတဲ့အသင်းအဖြစ် မှတ်တမ်းဝင် သွားပါတယ်။ ဒီပွဲမှာ ၀က်ဖို့ဒ်က ခံစစ်ကိုအားပြုပြီး တန်ပြန်တိုက်စစ်တွေကို အသုံးပြုသွားပါတယ်။ဘွန်ဒတ်စ်လီဂါတွင် ဘိုင်ယန်မြူးနစ်က ၇ နှစ်ဆက်တိုက် ချန်ပီယံဆုကို ရယူ
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါ နောက်ဆုံးပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က အိမ်ကွင်းမှာ ဖရန့်ဖတ်ကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံဆုကို ဆွတ်ခူးသွားပါတယ်။ ဘိုင်ယန်အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၄ မိနစ်မှာ ကိုးလ်မန်းက သွင်းယူပါတယ်။ ဖရန့်ဖတ်အတွက် ချေပဂိုးကို မိနစ် ၅၀ မှာ ဟယ်လာက သွင်းယူပါတယ်။ ဘိုင်ယန်မြူးနစ်အတွက် ဒုတိယဂိုးကို ၅၃ မိနစ် အယ်လ်ဘာက သွင်းယူပြီး ဘိုင်ယန်ကပဲ တဖက်သတ် ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။PPST မှ နုတ်ထွက်ခြင်းကြောင့် NCA လမ်းကြောင်းကို လုံးဝမထိခိုက်ဟု KNU ပြော
အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ကနေ နုတ်ထွက်ကြောင်း ကရင်အမျိုးသားအစည်းအရုံးက စာတင်ခဲ့ပါတယ်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ ဆယ်ဖွဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ ညီလာခံမှာ နုတ်ထွက်စာတင်ခဲ့တာဖြစ်ပြီး နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ချင်တာကြောင့် အခုလို တင်ရတာလို့ ကေအန်ယူ အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောပါတယ်။
ရွှေဘို ကဆုန်ညောင်ရေသွန်းပွဲတော် လူ ၁ သောင်းကျော် လာရောက်
ဖားကန့်တွင် ပထမဆုံး အဆင့်မြှင့် ရုပ်ရှင်ရုံဖွင့်လှစ်
တန့်ဆည်မြို့တွင် အမျိုးသား အလောင်းတလောင်း တွေ့ရှိ
စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် ရွှေကူမူးလက်တက် ကမ်းဘေးမှာ မေလ ၁၈ ရက်နေ့ မနက်ပိုင်းက အမျိုးသားအလောင်းတလောင်း တွေ့ရှိခဲ့ပါတယ်။ ကံထူးမ နယ်မြေရဲစခန်းမှူး ရဲအုပ်မျိုးမင်းထွန်းက “စခန်းမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေရယ်၊ ရွှေကူကျေးရွာ အုပ်ချုပ်ရေးမှူး၊ပေကုန်း ရွာခွဲတာဝန်ခံတို့နဲ့အတူ အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးခဲ့တယ်။ ပေကုန်းရွာနဲ့ ၂ ဖာလုံလောက်အကွာ ရွှေကူမူး လက်တက် တောင်ဘက်ကမ်း ရေထဲက မြက်ပင်တွေကြားမှာ အမျိုးသားတ ဦး သေဆုံးနေတာတွေ့ရတယ်။
သာစည် သစ်တောကြိုးဝိုင်းအတွင်း ကျုးကျော်နေထိုင်သူ ၁၆ ဦးကို အမှုဖွင့်
ပြည်ပသစ်တွေကြောင့် မြန်မာ့သစ်တောတွေ အနားရတော့မှာလား
ရန်ကုန်မီးပွိုင့်ထိန်းချုပ်ရေးစနစ်နှင့် ကျပ်ဘီလီယံ ၂၀
အရှေ့တာင်အာရှ၏ ယာဉ်ကြောကျပ်တည်းမှု အမြင့်ဆုံး မြို့တော်များ စာရင်းထဲတွင် ရန်ကုန်မြို့က နှစ်စဉ်ပါဝင်နေသည်။ အစိုးရနှစ်ဆက်တိုင် ထိုအခက်အခဲဖြေရှင်းရန် ကြိုးပမ်းနေရဆဲဖြစ်သည်။ ၂၀၁၅ တွင် သမ္မတ၏အထူးရန်ပုံငွေမှ ကျပ်ဘီလီယံ ၂၀ ကို အသုံးပြု၍ ယာဉ်ကြောကျပ်တည်းမှု ပြဿနာကို အထိုက်အလျောက် လျှော့ချရေး နည်းပညာအသုံးပြုရန် ကြိုးစားခဲ့သည်။ ထိုအရာမှာ ရန်ကုန်မီးပွိုင့်ဗဟိုထိန်းချုပ်ရေးစနစ်ဖြစ်၏။
ရန်ကုန်ကို စွန့်ခွာလိုခြင်း
ရန်ကုန်နဲ့ပတ်သက်ပြီး က ဗျာသုံးပုဒ်လောက်ရေးဖူးတယ်။ ၂၀၀၆ လောက်က ပိတောက်မြေ မဂ္ဂဇင်းမှာ တစ်ပုဒ်၊ ၂၀၁၇ မှာ တစ်ပုဒ်၊ ဒီမိုကရေစီတူဒေးမှာ ပါ ဖူးတယ်။ နောက် ရန်ကုန်ကဗျာ စာအုပ်မှာ တစ်ပုဒ်စသဖြင့်။ ရန် ကုန်ကိုမချစ်သော်လည်း အောင့် ကာနမ်းနေရသလို ခံစားမှုနဲ့။ အခု ရန်ကုန်အကြောင်း နောက်တစ်ပုဒ်ဖြစ်မှာပေါ့။စကား ပြေတစ်ပုဒ်ရေးမိပြန်တယ်။ ရန် ကုန်ကို ကြည့်နေရ၊ ခံစားနေရ တာ စိတ်ရှုပ်စိတ်ပျက်စရာအမှိုက် ပုံကြီးပမာ။ ကျွန်တော်ဟာ ရန်ကုန်မှာ မွေး၊ ရန်ကုန်မှာကြီး၊ ရန်ကုန်နဲ့ ပွန်းပွန်းတီးတီးနေခဲ့၊ ရှင်သန်ခဲ့ရ ပေမယ့် အခုတစ်လောရန်ကုန်ကို စွန့်ခွာချင်စိတ်တွေ တဖွားဖွား ဖြစ်နေတယ်။ လစ်ရင်လစ်သလို ရန်ကုန်ကနေ ပြေးထွက်ဖို့ပဲ စဉ်း စားနေမိတယ်။ ပြောရရင် ရန် ကုန်ကိုစိတ်ကုန်နေပြီ။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ အပင်နှစ်သောင်းခန့်စိုက်မယ့် သရုပ်ဆောင်နေထူးနိုင်
အစိုးရလက်ကျန်ကာလအတွင်း တံတားအစင်းပေါင်း ထောင်ချီ ထပ်မံဆောက်လုပ်ရန်ရှိဟုဆို
အစိုးရ၏လက် ကျန် ၂ နှစ်သက်တမ်းအတွင်း တံတားအစင်း ပေါင်းထောင်ချီ ဆောက်လုပ်ရန် ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိ ယ၀န်ကြီးဦးကျော်လင်းကပြော သည်။ လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တံတား ၆၇ စင်းဆောက်လုပ်နေသည်ဟု ဦး ကျော်လင်းကဆိုသည်။ ‘‘အဲဒီထဲမှာသရက်-အောင် လံလိုတံတားကြီးတွေပါပါတယ်။ ပုသိမ်တံတားလိုဟာမျိုးပါပါ တယ်။ နောက်တစ်ခါဝါးခယ်မတံ တားတို့၊ ရွှေလောင်းတံတားတို့၊ ပေ ၂,၀၀၀ ကျော်၊ ၃,၀၀၀ တံ တားအရှည်ကြီးတွေပါပါတယ်’’ ဟု ၎င်းကပြောသည်။
မကွေးတိုင်း မင်းလှတွင် ဘကြီးတော်စပ်သူက သုံးနှစ်အရွယ် မြေးကို အဓမ္မပြုကျင့်မှုဖြစ်ပွား
တူမတော်စပ်သူ၏ နေအိမ်သို့ ညအိပ်ရန် ရောက်နေ သည့် အမျိုးသားက (၃)နှစ်အရွယ်မြေးတော်စပ်သူကို အဓမ္မပြုကျင့် မှု မကွေးတိုင်း မင်းလှမြို့တွင် မေလ ၁၇ ရက်က ဖြစ်ပွားခဲ့ကြောင်း မြို့မရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မေလ ၁၇ ရက် ည ၇ နာရီ ခန့်က ဖြစ်ပွားပြီး အသက်(၃)နှစ်အရွယ်ရှိ သမီးသည် မိခင်၏ ယောက်မတော်စပ်သူနှင့်အတူ အိပ်နေစဉ် ဘကြီးတော်စပ်သူ (၃၅)နှစ်အရွယ် အမျိုးသားက မြေးတော်စပ်သူကို အိမ်သာထဲသို့ ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ကြောင်း ရဲတပ်ဖွဲ့စစ်ဆေးချက်မှတ်တမ်း၌ ဖော်ပြသည်။
ဦးကျော်လွင် ဒဂုံအသင်းနည်းပြချုပ်ဖြစ်လာ
မြန်မာလိဂ်ပထမ အကျော့တွင် ရလဒ်ဆိုးရွားခဲ့သည့် ဒဂုံအသင်းသည် နည်းပြဦးမင်း ကြည်နှင့် လမ်းခွဲပြီး ဧရာဝတီအသင်းနည်းပြဟောင်းဦးကျော်လွင်ကို အစားထိုးခန့် အပ်သည်။ ဒဂုံအသင်းသည် ၂၀၁၉ မြန်မာလိဂ် ပထမအကျော့ပွဲစဉ် (၁၁)အပြီးတွင် နိုင်ပွဲနှစ်ပွဲသာ ရရှိထားပြီး ကိုးပွဲရှုံးနိမ့်ကာ ရမှတ်ခြောက်မှတ်ဖြင့် အမှတ်ပေးဇယားအောက်ဆုံး၌ ကျရောက်နေသည်။ ဗိုလ်ချုပ် အောင်ဆန်းဒိုင်းရှုံးထွက် ပြိုင်ပွဲဒုတိယ အဆင့်တွင် ဒဂုံအသင်းသည် စစ်ကိုင်းအသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။
ဂျပန်-မြန်မာရိုးရာ လက်ဝှေ့ပြိုင်ပွဲတွင် ဗျ ဂ္ဃ နိုင်သော်လည်း ရဲသွေးနီနှင့် မင်းမောင်မောင် ရှုံးနိမ့်
တိုကျိုမြို့တွင် ကျင်းပသည့် ဂျပန်-မြန်မာ ရိုးရာလက်ဝှေ့ပြိုင်ပွဲ၌ မြန်မာ့လက်ဝှေ့သ မား ဗျ ဂ္ဃက ဂျပန်နိုင်ငံသား ဟီဂါရှီကို အနိုင်ရသော်လည်း ရဲသွေးနီနှင့် မင်းမောင်မောင်တို့က ပြိုင် ဘက်များကို ရှုံးနိမ့်ခဲ့သည်။ မြန်မာနှင့် ဂျပန်လက်ဝှေ့ အဖွဲ့ချုပ်တို့ ပူးပေါင်းပြုလုပ်မည့် Lethwei in Japan 12 ပြိုင်ပွဲကို မေလ ၁၇ ရက်တွင် ဂျပန်နိုင်ငံတိုကျိုမြို့ရှိ ခိုလခုအန်ခန်းမ၌ ကျင်းပပြီး မြန်မာ့လက်ဝှေ့သမား သုံးဦး ပါဝင်ထိုးသတ်ခဲ့သည်။ ဗျဂ္ဃနှင့် ဂျပန်နိုင်ငံသား ဟီဂါရှီတို့ပွဲတွင် အကြိတ်အနယ် ဖြစ်ခဲ့သည်။ ယင်းပွဲတွင် ဗျဂ္ဃ၏ လက်သီးချက်များကြောင့် ဟီဂါရှီမျက်ခုံးကွဲ ဒဏ်ရာရကာ ဒိုင်ပွဲရပ်ဖြင့် ဗျဂ္ဃ အနိုင်ရရှိသည်။
လုံခြုံရေးစနစ်အဆင့် မြှင့်နေ၍ နယ်စပ်ဂိတ်ဝင်၊ ထွက်ချိန်ကို လျှော့ချဟု တရုတ်ဘက်က အကြောင်းပြန်
မြန်မာ-တရုတ်နယ်စပ်ဂိတ် ၀င်၊ထွက်ချိန်ကို တရုတ်ဘက်က လျှော့ချခြင်းသည် ၎င်းတို့နိုင်ငံအတွင်း လုံခြုံရေးစနစ် အဆင့်မြှင့်နေ၍ ဖြစ်ကြောင်း နှစ်နိုင်ငံ နယ်စပ်တာဝန်ရှိသူများ ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံဘက်က ထုတ်ဖော်ပြောကြားပြီး အချိန်တိုးပေးရန်မြန်မာ၏ ကမ်းလှမ်းချက်ကို လတ်တလောလက်မခံသေးပေ။ မူဆယ်တွင် နယ်စပ်ဂိတ်သုံးခုရှိ သည့်အနက် နန်းတော်ဂိတ် နှင့် ဆင်ဖြူဂိတ်ကို ယခင်ကမြန်မာစံတော်ချိန် ည ၁၀ နာရီခွဲအထိ ဝင်၊ ထွက်ခွင့်ပြုရာမှ မေလ ၁၅ ရက်က စတင်ကာ ည ၈ နာရီအထိ သာခွင့်ပြု၍ နယ်စပ်မှ အ၀င်၊ အထွက် ပြုလုပ်နေသူ မြန်မာနိုင်ငံသားများ အခက်အခဲတွေ့ နေသည်။
အီတလီအိုးပင်းအကြိုဗိုလ်လုပွဲသို့ ဂျိုကိုဗစ်နှင့် နာဒယ်တက်ရောက် ပြိုင်ပွဲမှ ဖက်ဒဲရာ နုတ်ထွက်
ကမ္ဘာ့နံပါတ် (၁) တင်း နစ်ကစားသမား ဂျိုကိုဗစ်က အာ ဂျင်တီးနားမှ မာတင်ဒယ်လ်ပေါ် ထရိုကို ၄-၆၊ ၇-၆ (၈-၆)၊ ၆-၄ ဖြင့် အနိုင်ရပြီး အီတလီအိုးပင်း အကြိုဗိုလ်လုပွဲသို့ တက်ရောက် ခဲ့သည်။ ‘‘သူကစားတာ ကောင်းပြီး ကျွန်တော့်ကို အများကြီးဒုက္ခပေး ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ယုံကြည်မှု မပျောက်ဆုံးခဲ့ဘူး။ ဒီ အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့လို့ ကျွန်တော်တအားကျေနပ်မိပါ တယ်’’ ဟု ဂျိုကိုဗစ်က ပြော သည်။ ဆားဘီးယားကြယ်ပွင့်ဂျိုကို ဗစ်သည် အကြိုဗိုလ်လုပွဲတွင် အာဂျင်တီးနားမှ ဒီယေဂိုရှဝါ့ဇ် မန်းနှင့် ကစားရမည်ဖြစ်သည်။ လက်ရှိချန်ပီယံနှင့် အီတလီ အိုးပင်းရှစ်ကြိမ်ရ စပိန်နိုင်ငံသား ရာဖေးလ်နာဒယ်က တစ်နိုင်ငံ တည်းသား ဖာနန်ဒိုဗာဒက်စကို ကို ၆-၄၊ ၆-၀ ဖြင့် အနိုင်ရရှိ သည်။
ဗြိတိန်မှာ အရောင်းအသွက်ဆုံးဖြစ်နေတဲ့ အဒ်ရှီရန်နဲ့ ဂျပ်စတင်ဘီဘာရဲ့ သီချင်းသစ်
၁၀ နှစ်ပြည့်အခမ်းအနားမှာ ပြန်လည်ဆုံစည်းတဲ့ 2NE1 အဖွဲ့ဝင်များ
ဘိုင်ယန်က စိတ်ဝင်စားနေသော ဆာနေးကို စာချုပ်သက်တမ်းတိုးရန် မန်စီးတီးနည်းပြ အလိုရှိ
မိုးသက်လေပြင်းကြောင့် ကျောက်တော်၊ ပုဏ္ဏားကျွန်းရှိ စစ်ဘေးဒုက္ခသည် စခန်း ၈၀ ရာခိုင်နှုန်းခန့် ပျက်စီး
လဟယ်မြို့နယ်တွင် တပ်မတော်နှင့် အိန္ဒိယ လက်နက်ကိုင်အဖွဲ့ NDFB ကြား တိုက်ပွဲဖြစ်ပွား
မြန်မာ - အိန္ဒိယ နယ်စပ်လဟယ်မြို့နယ်တွင် တပ် မတော်နှင့် အိန္ဒိယလက်နက်ကိုင် အဖွဲ့ ဘိုဒိုဒီမိုကရက်တစ်အမျိုးသား လွတ်မြောက်ရေးတပ်ဦး (NDFB) အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ယမန်နေ့တွင် အတည်ပြုသည်။ တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရေးဆောင်ရွက် စဉ်နယ်ခြားမှတ်တိုင်(၁၄၉)၏ အ ရှေ့ဘက်သုံးမိုင်အကွာရှိ NDFB စခန်းတစ်ခုကိုတွေ့ရှိရာမှ မေလ ၁၇ ရက်နံနက်တွင် ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ် ကြောင်း၎င်းကဆိုသည်။ တိုက်ပွဲ ဖြစ်စဉ်အတွင်းနှစ်ဖက်ထိခိုက်မှု မရှိဟုလည်း ပြောသည်။
နယ်သာလန်တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ဒီလစ်ရရှိ
မွန်ညီညွတ်ရေးပါတီ တည်ထောင်ဖွဲ့စည်းခွင့်ရ
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသား ပါတီတို့ ပူးပေါင်း၍ မွန်ညီညွတ် ရေးပါတီအဖြစ် ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်က တည် ထောင်ဖွဲ့စည်းခွင့်ပြုကြောင်း မွန်ညီညွတ်ရေးပါတီ ခေါင်းဆောင် များက ပြောသည်။ အဆိုပါ မွန်နှစ်ပါတီပေါင်း စည်းပြီး မွန်ညီညွတ်ရေးပါတီအ ဖြစ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ၂၀၁၈ ဒီဇင်ဘာက ပါတီတည်ထောင် ဖွဲ့စည်းခွင့် လျှောက်ထားခဲ့ရာ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ မေလ ၁၇ ရက်စွဲဖြင့် ပါတီတည်ထောင်ဖွဲ့စည်းခွင့်ပြု ကြောင်း အကြောင်းကြားခဲ့သည် ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ဆိုသည်။
လုံခြုံရေးတပ်ဖွဲ့ကို ဓာတ်ပုံရိုက်သည့် ကျေးရွာတာဝန်ခံအား စစ်ဆေးရာ AA နှင့် ပတ်သက်ကြောင်း တွေ့ရှိ၍ အရေးယူမည်ဟု တပ်မတော်ထုတ်ပြန်
တပ်မတော်စစ်ကြောင်း အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် များကို ဓာတ်ပုံရိုက်သည့် ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာ တာဝန်ခံတစ်ဦးကို စစ်ဆေးရာ ၎င်းကိုင်ဆောင်သည့် ဖုန်းအတွင်း မှ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ယူနီဖောင်းဝတ်ဆင်ပြီး လက်နက် ကိုင်ဆောင်ထားသည့် ဓာတ်ပုံ အပါအဝင် AA နှင့် ပတ်သက် သည့် အထောက်အထားများ ရှာဖွေသိမ်းဆည်းရမိ၍ တရား ဥပဒေအရ အရေးယူနိုင်ရေးဆောင်ရွက်နေကြောင်း တပ် မတော်က သတင်းထုတ်ပြန် သည်။
ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်ရရှိမှု ဆက်လက်ကျဆင်း
ယခုနှစ်အတွင်း ပြည် တွင်း၊ ပြည်ပအလုပ်အကိုင်ရရှိမှု ဆက်လက်ကျဆင်းနေကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီး ဌာန၏ လအလိုက်အလုပ်အကိုင် ရရှိမှု စာရင်းထုတ်ပြန်ချက်များ အရ သိရသည်။ အဆိုပါဌာနကနောက်ဆုံး ထုတ်ပြန်သည့် ဧပြီအတွင်းပြည် တွင်းအလုပ်အကိုင်ရရှိမှု ဦးရေ ၂၄,၀၀၀ ကျော်နှင့် ပြည်ပအ လုပ်အကိုင်ရရှိမှု ဦးရေ ၂၀,၀၀၀ ကျော်ရှိသည်။
ပြည်ပကစားသမားသုံးဦးကို ရှမ်းအသင်း ခေါ်ယူအားဖြည့်
ရှမ်းအသင်းသည် ရာသီဝက် အပြောင်းအရွှေ့ကာလတွင် ပြည်ပကစားသမားသုံးဦးဖြစ် သည့် နိုင်ဂျီးရီးယားတိုက်စစ်မှူး အီမန်နူရယ်၊ အိုင်ဗရီကို့စ် ကွင်း လယ်လူမက်ဆီမင်နှင့် ကင်မရွန်းနောက်ခံလူ ၀ီလျံတို့ကို အားဖြည့်ခေါ်ယူသည်။ ၂၀၁၉ မြန်မာလိဂ်ပထမ အကျော့အပြီးတွင် အမှတ်ပေး ဇယားကို ဦးဆောင်ထားသည့် ရှမ်းအသင်းသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဘရာဇီးကစားသမား သုံးဦးဖြစ်သည့် ဒီဒီမာ၊ ဂူစတာဗို၊ မယ်ကွန် တို့နှင့် နှစ်ဦး သဘောတူ စာချုပ်ဖျက်သိမ်းပြီးနောက် ကစားသမားသစ်များ အစားထိုး ခေါ်ယူခြင်း ဖြစ်သည်။
ဘောလုံးအကယ်ဒမီ လူရွေးပွဲသို့ ကစားသမား ၂၀၀ ကျော် လာရောက်ရွေးချယ်ခံ
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က ကြီးမှူးဖွင့်လှစ်သည့် ဘောလုံးအကယ်ဒမီများ၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အ တွက် နောက်ဆုံးအဆင့် ကျောင်းသားသစ်များ ရွေးချယ်ပွဲတွင် ကစားသမား ၂၀၀ ကျော် လာ ရောက် ရွေးချယ်ခံသည်။ အဆိုပါ ကျောင်းသားသစ် ရွေးချယ်ပွဲကို မေလ ၁၅ ရက်မှ၁၈ ရက်အထိ မန္တလေးမြို့ရှိ မြန်မာဘောလုံး အကယ်ဒမီ(မန္တ လေး)၌ ကျင်းပခဲ့သည်။ ကစားသမားသစ် ရွေးချယ်ပွဲသို့တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၄၊ ယူ-၁၂ ပြိုင်ပွဲများမှ ပဏာမရွေးချယ်ခံထားရသည့် ကစားသမား ၅၀ ကျော်နှင့်ပခုက္ကူ၊ မော်ကျွန်း၊ ရှမ်း(တောင်) စသည့် အခြားဒေသများမှ လူငယ် ၁၅၀ ကျော် လာရောက်ရွေးချယ်ခံကြသည်။
ဂျပန်ကုမ္ပဏီနှစ်ခုက လျှပ်စစ်ကဏ္ဍတွင် မြှုပ်နှံရန် ထိုင်း TTCL ကုမ္ပဏီ၏ ရှယ်ယာအများစုကို ဝယ်ယူ
ဂျပန်ကုမ္ပဏီနှစ်ခုက အလုံမြို့နယ်ရှိ ၁၂၁ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ၏ ရှယ်ယာ ၅၇ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံအခြေ စိုက် TTCL ကုမ္ပဏီထံမှ ဝယ်ယူ ခဲ့ကြောင်း အဆိုပါ ဂျပန်ကုမ္ပဏီ များက သတင်းထုတ်ပြန်သည်။ ရှယ်ယာ ဝယ်ယူခဲ့သည့် ဂျပန်ကုမ္ပဏီများသည် Shikoku Electric Power နှင့် Chugoku Electric Power တို့ဖြစ်ပြီး ယင်း ကုမ္ပဏီနှစ်ခုက ရှယ်ယာ ၂၈ ဒသမ၅ ရာခိုင်နှုန်းစီနှင့် ထိုင်း TTCL ကုမ္ပဏီက ကျန် ၄၃ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်သည်။ အဆိုပါ ဂျပန်ကုမ္ပဏီများ ဝယ်ယူခဲ့သည့် အလုံဓာတ်အား ပေးစက်ရုံသည် ၂၀၁၃ ဧပြီတွင် စတင်လည်ပတ်နေပြီး ၂၀၄၃ မေလအထိ နှစ် ၃၀ ကြာ စီမံကိန်း အဖြစ် ဂျပန်နှင့် ထိုင်းကုမ္ပဏီများ က ဆက်လက်လုပ်ကိုင်ခွင့်ရမည် ဖြစ်သည်။
စစ်ဘေးဒုက္ခသည်များပြန်လည်အခြေချသည့် နန်ဆန်ယန်ရွာတွင် ကျောင်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေ
တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် နန်ဆန်ယန် ကျေးရွာတွင် ကျေးရွာပြန်လည် ထူထောင်ရေးနှင့်ရှစ်နှစ်ကြာပိတ် ထားသည့် အစိုးရအလယ်တန်း ကျောင်းဖွင့်လှစ်နိုင်ရေး စတင် လုပ်ဆောင်နေကြောင်း ၀ိုင်းမော် မြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူးဦးထွန်းထွန်းက ပြောသည်။ ယင်းကျေးရွာမှ ဒေသခံများ သည် ခုနစ်နှစ်ကျော်စစ်ဘေးတိမ်း ရှောင်ပြီးနောက် ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် တပ်မတော်၏အ စီအစဉ်ဖြင့် ဇန်န၀ါရီက ကျေးရွာ သို့ ပြန်လည်အခြေချနေထိုင်ခဲ့ ခြင်းဖြစ်သည်။
ပန်ဝါဒေသသတ္တုတူးဖော်ရေး လုပ်ကွက်များကို ကချင်ပြည်နယ်အစိုးရ ကွင်းဆင်းစစ်ဆေး လုံခြုံရေးအခြေအနေအရ နေရာစုံစစ်ဆေးနိုင်ခြင်းမရှိခဲ့ဟု ပြည်နယ်ဝန်ကြီးပြော
ကချင်ပြည်နယ် ပန် ၀ါဒေသ၌ သတ္တုတူးဖော်ရေး ကုမ္ပဏီက စွန့်ပစ်သည့် ရေဆိုး များကြောင့် အိမ်မွေးတိရစ္ဆာန်များ အစာအဆိပ်သင့်နေသဖြင့် စစ်ဆေးပေးရန်ဒေသခံများက ပြည်နယ်အစိုးရထံတိုင်ကြား၍ သွား ရောက်စစ်ဆေးရာတွင် လုံခြုံရေး အခြေအနေအရ နေရာစုံစစ်ဆေး နိုင်ခြင်းမရှိကြောင်း ပြည်နယ် သယံဇာတ၀န်ကြီးကပြောသည်။ ကချင်ပြည်နယ်သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းနှင့် ယင်းဌာန တာဝန်ရှိသူများပါ ၀င်သောအဖွဲ့သည် ပန်ဝါဒေသ သို့မေလ ၁၅ ရက်နှင့် ၁၆ ရက် တွင် သွားရောက်စစ်ဆေးခဲ့သည်။
မန်းစည်ပင်နယ်နိမိတ်အတွင်း အိမ်နံပါတ်၊ လမ်းနံပါတ်များကို ZIP Code များဖြင့် သတ်မှတ်မည်
မန္တလေးမြို့နယ် စည် ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်များ၌ လမ်းနံပါတ်နှင့် အိမ်နံပါတ်များ စနစ်တကျဖြစ် စေရေး ZIP Code များဖြင့် ပြန် လည်သတ်မှတ်မည်ဖြစ်ကြောင်း မြို့တော်ဝန် ဦးရဲလွင်က ပြော သည်။ ‘‘မန္တလေးမြို့တော်အတွက် ZIP Code လမ်းနံပါတ်နဲ့ အိမ်နံ ပါတ်တွေ စနစ်တကျဖြစ်စေရေး အတွက် သုတေသနပြုလုပ်ချက် တွေကို ၂၀၁၈ ဇူလိုင်ကတည်းက စပြီး လေ့လာပြုစုခဲ့ကြတာပါ။ နိုင်ငံပေါင်းစုံရဲ့ စံနှုန်းများကို နှိုင်း ယှဉ်ပြီး လုပ်ဆောင်သွားမှာ ဖြစ် ပါတယ်’’ဟု မြို့တော်ဝန်ဦးရဲလွင် က ၎င်း၏လူမှုကွန်ရက်တွင် မေ လ ၁၆ ရက်က ရေးသားသည်။
ပုဂံဒေသကမ္ဘာ့အမွေအနှစ်စာရင်းဝင်၊ မ၀င် ဆုံးဖြတ်မယ့် အစည်းအဝေး တက်ရောက်မယ့် အေးဝတ်ရည်သောင်း
ECO Green City လုပ်ငန်းများ စတင်၊ တန်ဖိုးနည်းအိမ်ရာများ ပါဝင်
ပြည်ပသို့ ချုပ်ထည်တင်ပို့မှုမှ ဒေါ်လာငါးဘီလီယံခန့်ရမည်ဟု ခန့်မှန်း
၂၀၁၉ အတွင်း ပြည်ပ သို့ ချုပ်ပြီးထည် တင်ပို့မှုမှ ဒေါ်လာ ငါးဘီလီယံခန့် ဝင်ငွေရရှိမည်ဟု ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအ သင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ပြော ကြားသည်။ လုပ်သား ငါးသိန်းခန့်ဖြင့် လည်ပတ်နေသော အထည်ချုပ် ကဏ္ဍသည် ယခုနောက်ပိုင်း အ များဆုံး ပို့ကုန်ဖြစ်လာသည်။ ‘‘မြန်မာနိုင်ငံရဲ့ ပို့ကုန်တိုး တက်မှုမှာ အထည်ချုပ်တင်ပို့မှုက တိုးတက်မှုအများဆုံးပဲ’’ဟု စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လက်ထောက်အတွင်းဝန် ဦးခင် မောင်လွင်က ပြောသည်။
ချန်ပီယံလိဂ်ဝင်ခွင့် မသေချာသေးဟု နာပိုလီနှင့်ပွဲမတိုင်မီ အင်တာမီလန် ကစားသမားများကို နည်းပြသတိပေး
ခံစစ်နှင့် တိုက်စစ်အား ပြိုင်ပွဲဟု ၎င်းရှုမြင်သော နာပိုလီ သို့ ခက်ခဲသည့် ခရီးမတိုင်မီ အင် တာမီလန်သည် ထိပ်သီးလေး သင်းနေရာ သေချာပေါက်ရရှိမည် ဟု မယူဆနိုင်ကြောင်း နည်းပြ စပယ်လက်တီက သတိပေးပြော ကြားသည်။ ‘‘နှစ်ပွဲကစားဖို့ ကျန်နေသေး ပြီး ကျွန်တော်တို့အနေနဲ့ အနည်း ဆုံး တစ်ပွဲနိုင်ရမယ်။ ပြီးတော့ ကျွန်တော်တို့က နာပိုလီနဲ့အန္တ ရာယ်ရှိတဲ့ အဝေးပွဲကစားရမယ်။ သူတို့က ဘယ်လောက်အင်အား တောင့်တင်းတယ်ဆိုတာ ပြီးခဲ့တဲ့ နှစ်တွေမှာလည်း ပြသခဲ့ပြီးသား ပါ။
အလုပ်သမားများ တိုင်ကြားမှုနှင့်ပတ်သက်၍ တစ်သျှူးငှက်ပျောကုမ္ပဏီ လုပ်အားခပေးချေရန် တာဝန်ရှိသူများ ဆုံးဖြတ်
ဝိုင်းမော်မြို့တွင် တစ်သျှူးငှက်ပျောကုမ္ပဏီက လုပ်အားခမပေးဘဲ စာချုပ်ဖျက်သိမ်း သည်ဆိုကာ တိုင်ကြားထားမှု အတွက် ကုမ္ပဏီက အလုပ်သမား ခေါင်းဆောင် သုံးဦးအား လုပ်အားခ ကျပ် ၃၆ သိန်းပေးရန် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုံးဖြတ်သည်။ ၀ိုင်းမော်မြို့နယ် တာနောကြီးရွာမှ တစ်သျှူးငှက်ပျော စိုက်ပျိုးရေး ကုမ္ပဏီဖြစ်သည့် ဟော့ရှန်းကုမ္ပဏီနှင့် အခကြေးငွေယူ၍ ငှက်ပျောစိုက်သော တောင်သူများကြား ပြဿနာကို ဌာနဆိုင်ရာတာဝန်ရှိ သူများပါဝင်သော ညှိနှိုင်းဖျန်ဖြေရေးရုံးက မေလ ၁၇ ရက်တွင် ဖြေရှင်းခြင်း ဖြစ်သည်။
ထိုင်းတွင် မူးယစ်ဆေးဝါးသုံးစွဲထားသော မြန်မာလုပ်သားငါးဦးကို သေနတ်များနှင့်ဖမ်းမိ
ထိုင်းနိုင်ငံ အလယ်ပိုင်း ပထုန်ဌာနီခရိုင် ခလွန်လုံဝါမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲထား သော မြန်မာလုပ်သားငါးဦးကို လက်နက်ခဲယမ်းများနှင့်အတူ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးမိသည်။ ယမန်နေ့တွင် မူးယစ်ဆေး ၀ါးသုံးစွဲထားသော မြန်မာလုပ် သားငါးဦးသည် နေအိမ်အတွင်း အော်ဟစ်ဆူညံနေ၍ အနီးဝန်း ကျင်ရှိ ထိုင်းနိုင်ငံသားများကတား မြစ်ရာသေနတ်ဖြင့် ချိန်ရွယ်ပြီး ပြန်လည်ခြိမ်းခြောက်သဖြင့် ရဲ တပ်ဖွဲ့ထံ တိုင်ကြားရာဖမ်းဆီးခံရခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကဆုန်လပြည့် ဗုဒ္ဓနေ့အတွက် သဝဏ်လွှာပေးပို့
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဒီကနေ့ ကဆုန်လပြည့်နေ့မှာ ကျရောက်တဲ့ ဗုဒ္ဓနေ့အတွက် သဝဏ်လွှာပေးပို့လိုက်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ မေလ ၁၉ ရက်တွင်ကျရောက်သော ဗုဒ္ဓနေ့ကို ဆင်နွှဲနေကြသူအားလုံး ငြိမ်းချမ်းခြင်း ပျော်ရွှင်ခြင်းဖြင့် ပြည့်စုံပါစေကြောင်း အမေရိကန်ပြည်သူများကိုယ်စား နွေးထွေးသောဆုတောင်းမေတ္တာကို မိမိပို့သအပ်ပါသည်။
မြန်မာမူးယစ်ဂိုဏ်း ထိုင်းရဲဖမ်း
ထိုင်းနိုင်ငံ ချွန်ဖုန်းခရိုင်နဲ့  ထိုင်းတောင်ပိုင်းမှာ အဓိက မူးယစ် ဂိုဏ်းဝင်တွေကို ဆက်တိုက် ဖမ်းဆီးနိုင်ခဲ့သလို ကာလတန်ဖိုး ထိုင်းဘတ်ငွေ သန်း၄၀၀လောက် တန်ဖိုးရှိတဲ့ စိတ်ကြွဆေး၃သန်းခွဲကို ဖမ်းမိကြောင်း အမှတ် (၈) ဒေသ မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ နကော်ဖနုန် ခရိုင် ကလောင်လွမ် မြို့ နယ်အတွင်းမှာတော့ မြန်မာနိုင်ငံသား မူးယစ်ဂိုဏ်း ကို ထိုင်းရဲတွေက ၀င်ရောက်စီးနင်းခဲ့ရာမှာ လက်နက်တွေနဲ့အတူမြန်မာနိုင်ငံသား ၅ဦးကိုဖမ်းဆီးခဲ့ပါတယ် ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာကသတင်းပေးပို့ထားပါတယ် ။ပခုက္ကူမြို့က လမ်းချဲ့ဖို့ မလွတ်တဲ့ သစ်ပင် ၂၀ ကို မခုတ်တော့ဖို့ သဘောတူ
ပြီးခဲ့တဲ့ ရက်ပိုင်းက လူမှုကွန်ရက်မှာ ဝေဖန်မှုတွေရှိခဲ့တဲ့ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ပခုက္ကူ-ပေါက်လမ်းက မြို့မလမ်းချဲ့ဖို့အတွက် မလွတ်တဲ့ နှစ်ရှည်သစ်ပင် ၂၅ ပင်ထဲက အပင် ၂၀ ကို မခုတ်တော့ဖို့ ဒေသခံတွေနဲ့ အစိုးရတာဝန်ရှိသူတွေ ဒီနေ့အစည်းအဝေးကျင်းပပြီး သဘောတူဆုံးဖြတ်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။ ကျန်တဲ့ အပင် ငါးပင်ကိုလည်း လာမယ့် တနင်္လာနေ့မှာ ကွင်းဆင်းလေ့လာပြီး ခုတ်သင့်၊ မသင့် ဆုံးဖြတ်သွားမယ်လို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ဒေသခံ ဦးမင်းသန့်စင်က ပြောပါတယ်။
ဖားကန့်မှာ ရေမဆေးကျောက်ရှာဖွေသူ တစ်ဦးသေပြီး နှစ်ဦး ဒဏ်ရာရ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာက ကျောက်စိမ်းလုပ်ကွက်မှာ မနေ့ မနက်က အမြင့် ၁၀ ပေ ကျော်လောက်ရှိတဲ့ မြေပြိုကျခဲ့တဲ့အတွက် ရေမဆေးကျောက် ဝင်ရောက် ရှာဖွေသူ တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။ ထိခိုက်ဒဏ်ရာရသူ နှစ်ဦးကို ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံးမှာ တင်ပို့ ကုသပေးထားကြောင်း ဖားကန့်မြို့နယ် ဒုတိယ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဖုန်ဂမ်ရိန်က RFA ကို ပြောပါတယ်။
ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့ ကျောက်တန်းကျေးရွာကနေ စစ်တပ်ထွက်ခွာပြီ
ရက္ခိုင့် တပ်မတော် AA အဖွဲ့နဲ့ ဆက်စပ်နေလား ဆိုတဲ့ သံသယနဲ့ အစိုးရစစ်တပ်ရဲ့ ဖမ်းဆီး စစ်ဆေးတာ ခံရပြီး ပစ်ခတ်မှုကြောင့် ရွာသား ၆ ဦး သေဆုံးရသလို ၈ ဦး ဒဏ်ရာ ရရှိခဲ့တဲ့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်း ကျေးရွာမှာ ရှိနေတဲ့ စစ်တပ်တွေ ထွက်ခွာသွားခဲ့ပြီလို့ ရွာခံတွေက ပြောပါတယ်။ အစိုးရ တပ်မတော်က စစ်သား ၃၀၀ နီးပါးလောက်ဟာ ကျောက်တန်းကျေးရွာထဲကို ဧပြီလ ၃၀ ရက်က ဝင်ရောက် နေရာယူခဲ့တာ ဖြစ်ပြီး မေလ ၁၅ ရက် ညဥ့်အချိန်မှ ရွာကနေ ထွက်ခွာ သွားခဲ့ကြတယ်လို့ ရွာသားတွေက ပြောပါတယ်။
ကုန်စည် သယ်ပို့မှု ကန့်သတ်လို့ တရုတ် မြန်မာ နယ်စပ်ဂိတ် အငြင်းပွားမှု ဖြစ်ရတာလို့ ဒေသခံတွေပြော
မြန်မာတရုတ်နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိက ဝင်ပေါက် ထွက်ပေါက် ဖြစ်တဲ့ ဆင်ဖြူဂိတ်မှာ မေလ ၁၇ ရက်နေ့ က မြန်မာနိုင်ငံသားအချို့ နဲ့တရုတ်ရဲတွေကြားရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။ တရုတ် ရဲတချို့ဟာ မြန်မာနိုင်ငံထဲထိဝင်ရောက် ပြီး ကားသမားတစ်ဦးကိုဖမ်းဆီးရကနေ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာပါ။ တရုတ်ရဲတွေ ရဲ့ ဝင်ရောက် ဖမ်းဆီးခြင်း ကို ခံရတဲ့ ကိုစန်းမြင့်အောင် ပြောတာ က တရုတ် နိုင်ငံထဲ ကို ဝင်မယ် ဆိုရင် အရင်တုန်း က မနက်၈ နာရီ ကနေ ည ၁၂ နာရီ ခွဲ အထိ ခွင့်ပြု ပေးထားခဲ့တယ်လို့ ပြောပါတယ်။ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ ဆန္ဒပြတောင်းဆိုမည်
ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မောင်တော စတဲ့မြို့နယ် လေးခုမှာ မနက်ဖြန် ဆန္ဒပြတောင်းဆိုသွားမယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ စစ်တွေမြို့မှာရှိတဲ့ ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီးတွေ၊ ဝါရင့်နိုင်ငံရေးသမားတွေ၊ မြို့မိမြို့ဖတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ဒေသခံတွေက နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ မေလ ၉ ရက်နေ့က စာပေးပို့တောင်းဆိုခဲ့ကြပါတယ်။
ကနေဒါနဲ့ မက္ကစီကို ကုန်စည်တချို့အပေါ် သွင်းကုန်ခွန်ကောက်ခံမှု ကန်ရုပ်သိမ်း
ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတွေက အလူမီနီယံနဲ့ သံမဏီ သွင်းကုန်ခွန်တွေကို ပယ်ဖျက်ဖို့ အမေရိကန်က သဘောတူလိုက်ပြီး တနင်္ဂနွေနေ့မှာ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်အရ ကနေဒါနဲ့ မက္ကဆီကို အစိုးရတွေအနေနဲ့ သူတို့နိုင်ငံတွေကို ဖြတ်ပြီး တရုတ်သံမဏိတွေ အမေရိကန်ပြည်ထောင်စုထဲ ဝင်ရောက်လာမှာကို တားမြစ်ပေးရမှာ ဖြစ်ကြောင်း The Washington Post သတင်းစာမှာ သောကြာနေ့က ဖော်ပြထားပါတယ်။
ခိုလှုံခွင့်လျှောက်ထားသူ ရာနဲ့ချီ တက္ကဆက်ကနေ ကယ်လီဖိုးနီးယားကို လေယာဉ်နဲ့ပို့
အမေရိကန်ပြည်ထောင်စုမှာ ရွှေ့ပြောင်းအခြေချနေထိုင်ဖို့ကြိုးစားသူ ရာပေါင်းများစွာကို လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်ဖို့အတွက် အမိမြေလုံခြုံရေး ၀န်ကြီးဌာနက တက္ကဆက်ပြည်နယ်တောင်ပိုင်းကနေ ကယ်လီဖိုးနီးယားပြည်နယ် San Diego မြို့ကို လေယာဉ်နဲ့ ပို့ဆောင်ပေးနေတယ်လို့ အမေရိကန်အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။
Saturday, May 18, 2019
အမေရိကန်တွင် လေ့ကျင့်ရေး တိုက်လေယာဉ်တစင်း ပျက်ကျ
အမေရိကန်နိုင်ငံ တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ မေလ ၁၆ ရက်က လေ့ကျင့်ရေးလုပ်နေတဲ့ F-16 တိုက်လေယာဉ်တစင်း ကုန်လှောင်ရုံတခုထဲ ပျက်ကျခဲ့ပါတယ်။ တိုက်လေယာဉ် ပိုက်လော့ဖြစ်သူ အရေးပေါ် ခုန်ထွက်နိုင်ခဲ့ပေမယ့် မြေပေါ်က လူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ စစ်ဘက် တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီသတင်းနဲ့ပတ်သက်လို့ MARCH BASE တပ်မှူးဖြစ်သူက တိုက်လေယာဉ်ပေါ်ကနေ အရေးပေါ် ခုန်ထွက်တဲ့ ပိုင်းလော့နဲ့ မြေပြင် ဒဏ်ရာရသူတွေကို ဒေသဆေးရုံ ပို့ဆောင်ထားပြီး သူတို့အခြေအနေကို မသိရသေးဘူးလို့ ပြောပါတယ်။
ရေနံပိုက်လိုင်းများကို ဒရုန်းဖြင့် တိုက်ခိုက်ရန်အီရန်အမိန့်ပေးခဲ့ဟု ဆော်ဒီအာရေဗျစွပ်စွဲ
အီရန်နိုင်ငံသည် ဆော်ဒီအာရေဗျ၏ ရေနံစုပ်တင်ရာနေရာများကို တိုက် ခိုက်ရန်အမိန့်ပေးခဲ့သည်ဟု ဆော်ဒီ ဒုတိယကာကွယ်ရေးဝန်ကြီးက မေ ၁၆ ရက်တွင် စွပ်စွဲပြောကြားလိုက်ပြီး အီရန်မဟာမိတ် ဟူသီပြည်သူ့စစ်များက အဆိုပါတိုက်ခိုက်မှုသည် ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု ကြေညာသည်။ ဟူသီတို့က မေ ၁၄ ရက် ဒရုန်းများ ဖြင့် အနောက် - အရှေ့ရေနံပိုက်လိုင်းအား တိုက်ခိုက်မှုမှာ ၎င်းတို့ဖြစ်သည်ဟု ပြော ကြားလိုက်ပြီး ၎င်းတို့မှာ ဆော်ဒီ ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့များကို တိုက်ခိုက်နေသည်မှာ လေးနှစ်ခန့်ကြာပြီ ဖြစ်သည်။ ဟူသီတို့၏တိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း၊သို့သော် ရေနံထုတ်လုပ်မှု သို့မဟုတ် တင်ပို့မှုကို မထိခိုက်ကြောင်း ဆော်ဒီအာရေဗျက ပြောသည်။
သြစတြေးလျတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပ
သြစတြေးလျ အထွေထွေရွေးကောက်ပွဲကို ဒီကနေ့မှာ ကျင်းပပါတယ်။ ဒီအတွက် မဲဆန္ဒရှင်တွေဟာ ဗဟိုလက်ယာ လစ်ဘရယ် အမျိုးသား ညွန့်ပေါင်းအစိုးရကို မဲပေးမလား၊ ဗဟိုလက်ဝဲ လေဘာပါတီကို မဲပေးမလား ဆုံးဖြတ်ရမှာပါ။ ဒီရွေးကောက်ပွဲမှာ လေဘာပါတီ အာဏာပြန်ရနိုင်တယ်ဆိုတဲ့ ကြိုတင်ခန့်မှန်းချက်တွေ ထွက်နေပါတယ်။ အကြောင်းကတော့ ပြီးခဲ့တဲ့ ၆ နှစ်တာကာလမှာ အစိုးရ နိုင်ငံရေးသြဇာကင်းမဲ့ပြီး ရာသီဥတုပြောင်းလဲတာနဲ့ အခွန်စနစ် ပြောင်းလဲရေးကို အဓိကထားတဲ့ မဲဆွယ်တာတွေ ရှိလို့ပါ။
နိုင်ငံခြားသားများ စတော့ အိတ်ချိန်း ရှယ်ယာ ဝယ်ယူခွင့် ပေးတော့မည်
ရန်ကုန် စတော့ အိတ်ချိန်း၏ ၃ နှစ်ကျော် သက်တမ်းတွင် နိုင်ငံခြားသား ရှယ်ယာ ဝယ်ယူခွင့်ကို မကြာမီ ခွင့်ပြုသွားရန် ရှိကြောင်း ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် (SECM) ထံက သိရသည်။ လက်ရှိ အချိန်တွင် နိုင်ငံခြားသား ရှယ်ယာဝယ်ယူခွင့်ကို SECM ဘက်မှာ စည်းမျဉ်းစည်းကမ်းများ ပြင်ဆင်ဆောင်ရွက်ခြင်း များ ပြီးစီး၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာနသို့ တင်ပြထားပြီး ဝန်ကြီးဌာနက ခွင့်ပြုပါက စတင် လုပ်ကိုင်နိုင်ပြီဖြစ် ကြောင်း SECM အဖွဲ့ဝင် ဦးဌေးချွန်က ပြောသည်။
ဝီဂါမွတ်စလင်တွေအပေါ် တရုတ်ရဲ့ ဆက်ဆံပုံကို ဘင်္ဂလားဒေ့ရှ်မှာ ရာပေါင်းများစွာ ဆန္ဒပြ
ဘင်္ဂလားဒေ့ရှ်နိုင်ငံက မွတ်စလင် ရာပေါင်းများစွာဟာ တရုတ်အစိုးရရဲ့ ဝီဂါမွတ်စလင်တွေကို ဆက်ဆံပုံနဲ့ ပတ်သက်ပြီး မြို့တော်ဒါကာမှာ ကန့်ကွက်ဆန္ဒပြကြပါတယ်။ တရုတ် အနောက်စွန်း ရှင်ကျန်းပြည်နယ်က ဝီဂါမွတ်စလင်လူနည်းစုတွေကို တရုတ်အစိုးရဟာ ကြီးမားတဲ့ ချုပ်နှောင်မှုမျိုးနဲ့ ပြုမှုဆက်ဆံနေတယ်လို့ စွပ်စွဲမှုတွေ ရှိနေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက အကြမ်းဖက်ဝါဒကို တိုက်ဖျက်ဖို့ ဆိုပြီး ဝီဂါမွတ်စလင် တစ်သန်းခန့်ကို စခန်းသွင်း ထိန်းသိမ်းတာမျိုးတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ပညာတတ်များကို ခွင့်ပြုသည့် လူဝင်မှုကြီးကြပ်ရေးစနစ်အဖြစ် ပြောင်းလဲလိုဟု ထရမ့် ပြော
အမေရိကန်နိုင်ငံမှာ မိသားစုဝင်ရှိလို့ ခွင့်ပြုတာထက် ငယ်ရွယ် ပညာတတ်၊ အင်္ဂလိပ်စကားပြောတတ်ပြီး အလုပ်ခေါ်စာနဲ့အတူ လျောက်ထားသူတွေကို ခွင့်ပြုတဲ့ လူဝင်မှု ကြီးကြပ်ရေးစနစ်ကို ပြောင်းလဲလိုတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၁၆ ရက်မှာ ပြောလိုက်ပါတယ်။ သမ္မတ ထရမ့်ရဲ့ ဒီအစီအစဉ်ဟာ လူဝင်မှုကို လက်ခံလိုတဲ့ ရီပတ်ဘလီကန် တချို့နဲ့ ကန့်သတ်လိုတဲ့ တခြားလူတွေကို ၂၀၂၀ သမ္မတ ရွေးကောက်ပွဲ မတိုင်မီ စည်းလုံးညီညွတ်စေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
မဟာဝိဇယရံသီ ပုထိုးတော်ကြီးအား အနေကဇာတင်လှူပူဇော်

မန္တလေး အမရပူရ မြို့တွင် တည်ထားကိုးကွယ်ပူဇော်ထားသည့် မဟာဝိဇယရံသီ ပုထိုးတော်ကြီးကို ယနေ့ ကဆုန်လပြည့်နေ့ စနေနေ့တွင် ဆရာတော် သံဃာတော်(၁၀၈၀) ပါးက အနေကဇာတိ သံသာရံ အစချီသည့် ဂါထာတော် ဖြင့် အနေကဇာတင်လှူပူဇော်ခဲ့ကြပါသည်။ အနေကဇာတင်ပွဲသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အမှူးပြုသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊အလှူရှင် အမရပူရ မြို့သစ်စီမံကိန်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် အပါအ၀င် ၇ ရက်သားသမီးအလှူရှင်များ တက်ရောက်ကြည်ညိုခဲ့ကြကြောင်း သိရသည်။ ယင်းနောက် ကဆုန်ညောင်ရေသွန်းပွဲကိုပါ ဆက်လက် ကျင်းပခဲ့ကြောင်းသိရသည်။
ဦးဝီရသူ လှူဒါန်းမှု အောင်သပြေဒေသခံများ လက်မခံ
မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီး အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျောက်မီးသွေးစွမ်းအင်သုံး စီမံကိန်းကို ကန့်ကွက်နေသည့် ဒေသခံများအား ဆရာတော်ဦးဝီရသူ က လှူဒါန်းမှုများ ပြုလုပ်ခဲ့ရာ နိုင်ငံရေး အသုံးချခံမဖြစ်လိုတဲ့အတွက် အဆိုပါ လှူဒါန်းမှုကို လက်မခံကြောင်း သိရသည် ။ အမျိုးသားရေးတက်ကြွလှုပ်ရှားသည့် ဆရာတော်ဦးဝီရသူ အနေဖြင့် မေလ ၁၇ ရက်နေ့ က ငွေကျပ် ငါးသိန်းနှင့် ရေဘူး၊ ဓာတ်ဆားထုတ်များကို လှူဒါန်းခဲ့ခြင်းဖြစ်ပြီး အလှူငွေကို လက်မခံခဲ့သော်လည်း ရေသန့်ဘူးနှင့် ဓာတ်ဆားထုတ်များကို ချထားပေးခဲ့ကြောင်း သိရသည်။ဗိုလ်မင်းရောင်ရုပ်တု မကွေးတွင် ဖွင့်လှစ်
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ မြို့လုလင်အုပ်စု၊ မြို့လုလင်ကျေးရွာတွင် ယနေ့ မေ ၁၈ ရက်နေ့ နံနက်ပိုင်းက ဗိုလ်မင်းရောင်ရုပ်တုဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး ဗိုလ်မင်းရောင်ရုပ်တုအား စက်ခလုပ် နှိပ်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ မန္တလေးမြို့၊ မနောမယဆရာတော် ဦးနန္ဒိယ၏ မတည်ငွေ ငွေကျပ်သိန်း၂၀ နှင့် ဒေသခံပြည်သူများ ထည့်ဝင်ငွေ ကျပ် ၅၀ သိန်း စုစုပေါင်း ရုပ်တုကုန်ကျငွေ ကျပ်သိန်း ၇၀ ကုန်ကျခဲ့ကြောင်း သိရသည်။
အမြင့်ပေ ၃၀ ရှိ သစ်ပင်ပေါ် သတိမေ့နေသူကို မီးသတ်တပ်ဖွဲ့ ကယ်တင်
ကျောက်ကုန်းမြို့နယ်မှာ အမြင့်ပေ ၃၀ လောက်ရှိ သစ်ပင်ပေါ် သစ်ကိုင်းတက်ခုတ်တဲ့ သစ်ပင်ခုတ်သူ သတိလစ်သွားလို့ မီးသတ်တပ်ဖွဲ့က ကယ်တင်ခဲ့တယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်း မြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ ကျန်စစ်သား ၁ လမ်းမှာ အမြင့်ပေ ၃၀ လောက်ရှိရှိ မလေးရှားပိတောက်ပင်အား သစ်ကိုင်း တက်ခုတ်သူ ကိုမြင့်အေးဟာ သစ်ပင်ပေါ် သတိလစ်ခဲ့တာဖြစ်ပြီး မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်တွေက သက်စွန့်ကြိုးပမ်း ကယ်တင်နိုင်ခဲ့ပြီး၊ မြို့နယ်ကြက်ခြေနီ လူနာတင်ယာဉ်နဲ့ ပြည်သူ့ဆေးရုံ ပို့ဆောင်ပေးခဲ့ပါတယ်။ “အခုအခါ လူနာမှာ အသက်အန္တရာယ် စိုးရိမ်စရာ မရှိတော့ပါဘူး။ ရှာဖွေကယ်ဆယ် အမှန်တကယ်ဆောင်ရွက်ခဲ့တဲ့ မြို့နယ် မီးတပ်ဖွဲ့ဝင်တွေအား အထူးကျေးဇူးတင်ရှိပါတယ်” လို့ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးကပြောပါတယ်။
တရုတ်နိုင်ငံမှ တင်ပို့လိုက်သော နောက်ထပ်ဆေးဘက်ဆိုင်ရာအကူအညီ ဗင်နီဇွဲလားနိုင်ငံ လက်ခံရရှိ
ဗင်နီဇွဲလားနိုင်ငံသို့ တရုတ်နိုင်ငံမှ ပေးပို့လိုက်သော တတိယအကြိမ်မြောက်တင်ပို့လိုက်သော ဆေးများနှင့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ ၆၄ တန်အား မေလ ၁၆ ရက်က လက်ခံရရှိခဲ့ကြောင်း ဗင်နီဇွဲလား တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ အကူအညီများသည် နိုင်ငံ၏ ကျန်းမာရေးစနစ်အတွက် အခြေခံကျပြီး မရှိမဖြစ်လိုအပ်ချက်များ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ကာလော့စ် အယ်လ်ဗာရာဒို (Carlos Alvarado) က ဆိုင်မွန် ဘိုလီဗာ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြောကြားခဲ့သည်။လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဆန်စက်လုပ်ငန်းများရပ်ဆိုင်းပြီး ဈေကွက်ကိုထိခိုက်နေ
၂၀၁၉ခုနှစ်၊ နွေစပါးပေါ်ချိန်မှာ စပါးဈေးကျဆင်းနေခြင်းနှင့် တောင်သူများ အခက်အခဲဖြစ်နေခြင်းကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် လုပ်သင့်သော၊ စီစဉ်သင့်သော ကိစ္စများကိုလုပ်ဆောင်လျှက်ရှိပါတယ်။ အခုလိုစပါးဈေးကွက်ကျဆင်းရခြင်းကလည်းလျှပ်စစ်မီးပြတ်တောက်မှုများကြောင့် ဆန်စက်လုပ်ငန်းများအနေဖြင့် စက်ပုံမှန် မလည်ပတ်နိုင်သော အခြေအနေဟာ လက်ရှိဆန်စပါး ဈေးကွက် အပေါ် ကြီးမားစွာ သက်ရောက်မှုရှိနေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်က ဒီကနေ့ မေလ(၁၈)ရက်နေ့ကထုတ်ပြန်ကြေညာထားပါတယ်။
မန္တလေးမြို့တွင် နေအိမ်အတွင်း ဝင်ရောက်လုယက်မှုဖြစ်ပွား
မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်တွင် မေလ ၁၈ ရက်နေ့ နံနက်ပိုင်းအချိန်က နေအိမ်အတွင်း ဝင်ရောက် လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ြ ဖစ်စဉ်မှာ ဒေါ်ခင်သန်းမြင့် သည် နေအိမ်အိပ်ခန်းအတွင်း၌ ကုတင်ပေါ်တွင် မှောက်၍ ဖုန်းကြည့်နေစဉ် နေအိမ်အခန်း အတွင်းသို့ အမည်မသိအမျိုးသား (၁) ဦးဝင်ရောက်လာကာ ဒေါ်ခင်သန်းမြင့် အား သိုင်းဖက်ထားရှိကာ ပါးစပ်အားပိတ်၍ မအော် ရန်ပြောဆိုခဲ့သည်။ကရင်နီ လူငယ် ၆ ဦးကို ပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ခြင်းဖြင့် ကယားဝန်ကြီးချုပ် ဒီမိုကရေစီကို ခြိမ်းခြောက်ဟုဆို
ကရင်နီလူငယ် ၆ ဦးကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်လုံခြုံရေး ဥပဒေပုဒ်မ ၁၀ ဖြင့် ကယားပြည်နယ်အစိုးရက အမှုဖွင့်ခြင်းသည် ၀န်ကြီးချုပ် ဦးအယ်ဖောင်းရှိုသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုသော ဒီမိုကရေစီကို ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ကရင်နီလူငယ်များက ပြောဆိုလိုက်သည်။ ကယားပြည်နယ်၊ လွိုင်ကော်မြို့ ၊ ကန္ဒာဟေဝန် ပန်းခြံအတွင်းထားရှိသည့် ဗိုလ်ချုပ်ကြေးရုပ်ဖယ်ရှားရေးအတွက် ဦးဆောင်ပါဝင်သော ကရင်နီပြည် လူငယ်များ အင်အားစုအဖွဲ့ဝင်များ ဖြစ်သော ခူးကြူးဖဲကေး ၊ ခူးရီးဒူး ၊ ခွန်းသောမိတ် ၊ မျိုးလှိုင်ဝင်း ၊ ပျားလေး ၊ ဒီးဒီး တို့ကို ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီးတို့ကို ကျေးဇူးကန်းသူများ၊ အမျိုးသားသစ္စာဖောက်များအဖြစ် ကြေညာခဲ့ မှု အပေါ် ကယားပြည်နယ်အစိုးရက ပုဒ်မ ၁၀နှင့် အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အပစ်ရပ်သာတင်မက သျှမ်းတပ် ၂ ခုပူးပေါင်းစေလိုကြောင်းနမ့်ခမ်းမြို့ UP နှင့် SNDP ပူးပေါင်းထုတ်ပြန်
သျှမ်းပြည်တပ်မတော် ၂ ခု အပစ်ရပ်ကြောင်းကြေငြာချက်ထုတ်ပြန်သည့်အပေါ် ကြိုဆိုကြောင်းနှင့် ၎င်းတို့အား တဖွဲ့တည်းအဖြစ်ပူးပေါင်းစေလိုကြောင်းနမ့်ခမ်းမြို့နယ် လူမှုညီညွတ်ရေးအသင်းနှင့် ကျားဖြူပါတီတို့ပူးပေါင်းကာ ကြေငြာချက်တစောင်ထုတ်ပြန်လိုက်သည်။ေ မလ ၁၆ ရက်နေ့ကအဆိုပါကြေငြာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး မေ လ ၁၁ ရက်နေ့က RCSS နှင့် SSPP တို့ပူးပေါင်းထုတ်ပြန်သည့်အပစ်ရပ်ကြေငြာချက်အား ဝမ်းမြောက်ဝမ်းသာကြိုဆိုကြောင်း ၊ ၂ ဖက်တပ်သည် ထာဝရပစ်ခတ်တိုက်ခိုက်မှုရပ်တန့်စေနိုင်ရေးနှင့်နောက်ဆုံး တဖွဲ့တည်းအဖြစ် လက်တွဲပူးပေါင်းကာလူထုအကျိုး ကူညီသယ်ပိုးနိုင်ရေးအတွက် ကြိုးစားသွားရန် တိုက်တွန်းလိုကြောင်း အဆိုပါကြေငြာချက်တွင်ပါရှိပါသည်။
လုပ်ငန်းခွင်ဝင်ဖို့ ပြင်ကြစို့ သမီးရေ
အညာမြေ မြင်းခြံမြို့ လေး၏ နွေလယ်ကာလ ညနေခင်းရာသီဥတုသည် နေကျချိန်ရောက် သည့်တိုင် အလုံပိတ်ထားသည့် ရေနွေးအိုးထဲ ရောက်နေသလို ပူအိုက်လှောင်ပိတ်နေဆဲ။ တစ်နေကုန် တစ်နေခန်း ပူလို့လောင်လို့ ကောင်းခဲ့တာတောင် ကိုရွှေနေမင်းက အားရပုံမပေါ်သေး။ ထိုဥတုရာသီကို ဂရုစိုက်ပုံမရသည့် အကောင် သုံး၊ လေးဆယ်ခန့်ရှိ မည့် နွားတစ်အုပ်သည် ဖုန်တထောင်းထောင်းထကာ မြင်းခြံရွာသာကုန်းကျေးရွာဘက် ဝင်လာခဲ့သည်။ ထိုနွားအုပ်နောက် တွင် အသက်(၃၀)ကျော်ရှိမည့် အမျိုးသမီးတစ်ဦးသည် ညာဘက်လက်တွင် တုတ်တစ်ချောင်း ကိုင်ဆောင်ကာ နွားများကို ထိန်းကျောင်းနေသည်။ သူ့ဘယ်ဘက်လက်တွင်တော့ ကလေးငယ်လေးတစ်ဦး ချီထားပြီး ထိုကလေးငယ်က သူ့ပခုံးတွင်မှီကာ အိပ်မောကျနေသည်။
“ပုဂံမှာ ကျင်းပတဲ့ ကဆုန်ညောင်ရေသွန်းပွဲမြင်ကွင်း”

ဒီကနေ့ ဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်တစ်ခုဖြစ်တဲ့ ကဆုန်လပြည့်နေ့ဖြစ်ပါတယ်။ ကဆုန်လပြည့်နေဟာ ဗုဒ္ဓဘုရားရှင် ဗျာဒိတ်ခံယူတော်မူသောနေ့ ၊ ဖွားမြင်သောနေ့ ၊ ဘုရားဖြစ်တော်မူသောနေ့ ၊ ပရိနိဗ္ဗာန်စံ တော်မူသောနေ့ လည်းဖြစ်ပါတယ်။ ဒါကြောင့် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့လို့ ဗုဒ္ဓဘာသာဝင်တွေက အထူးအမြတ်ထားတာလည်းဖြစ်ပါတယ်။ ဒီကနေ့ မှာတော့ အလှူ ဒါန ပြုလုပ်တာ ၊ သီတင်းသီလဆောက်တည်တာတွေကို ပြုလုပ်လေ့ရှိပါတယ်။ ဒါအပြင် ကဆုန်ညောင်ရေသွန်းပွဲကို နိုင်ငံအနှံမှာရှိတဲ့ စေတီပုထိုးတွေမှာ ကျင်းပလေ့ရှိတာပါ။
နွေစပါးပေါ်ချိန် စပါးဈေးကျလို့အစိုးရကူညီပေးဖို့အတွက် ဆန်စပါးအသင်းချုပ်တောင်းဆို
ယခုနှစ် နွေစပါးပေါ်ချိန်မှာ စပါးဈေးကျဆင်းမှုတွေဖြစ်နေတာကြောင့် တောင်သူလယ်သမားတွေအနေနဲ့ အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် က ဒီကနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ ပြီးခဲ့တဲ့နှစ်က စပါးဈေးနှုန်းဟာ ငါးသိန်းကျပ်ကနေ ခုနှစ်သိန်း ကျပ်လောက် ရှိခဲ့ရာကနေ ယခုနှစ်မှာတော့ လေးသိန်းကျော် သာရှိတော့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းရှိ နေလှန်းဆားလယ်များ ရာသီသိမ်းပြီဖြစ်ပြီး ယခုနှစ် ဆားကြမ်းအထွက်တိုး၍ ဈေးနှုန်းသင့်တင့်မှုကြောင့် ဆားတောင်သူများ အကျိုးအမြတ်များပြား
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နေလှန်းဆားလယ်များမှာ ရာသီသိမ်းပြီဖြစ်ပြီး ယခုနှစ်တွင် ရာသီဥတုကောင်းမွန်မှုနှင့် ဆားကြမ်းဈေးနှုန်း သင့်တင့်မှုကြောင့် ဆားတောင်သူများအနေဖြင့် အကျိုးအမြတ်များပြားခဲ့ကြောင်း သတင်းရရှိသည်။ မိုးရွာသွန်းမှုနည်းပါးကာ နေပူရှိန်ပြင်းထန်မှုကြောင့် နေလှန်းဆားကွင်းများတွင် ဆားထွက်နှုန်းများ များပြားခဲ့ကြောင်း၊ ဆားလယ်တစ်ဧကလျှင် ဆားကြမ်းပိဿာ တစ်သောင်းကျော်ခန့်အထိ ထွက်ရှိခဲ့ကြောင်း၊ ဆားကြမ်းဈေးနှုန်းမှာလည်း ရာသီတစ်လျှောက်လုံးတွင် ဆားကြမ်းတစ်ပိဿာ ကျပ် ၁၅၀ မှ ကျပ် ၂၀ဝ ခန့်ထိ မြင့်တက်ခဲ့ပြီး ယခုရာသီသိမ်းချိန်တွင် ဆားကြမ်းတစ်ပိဿာမှာ ကျပ် ၁၅၀ ဝန်းကျင်အထိ ဈေးနှုန်းရရှိခဲ့သောကြောင့် ဆားတောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိခဲ့သည့် ရာသီတစ်ခုဖြစ်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး မြို့နယ်ရှစ်မြို့နယ်ရှိ ကျေးလက်ကျန်းမာရေးဌာနများတွင် အခြေခံကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း စီမံချက်ကို ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ လုပ်ဆောင်မည်
မကွေးတိုင်းဒေသကြီးရှိ မြို့နယ်ရှစ်မြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် JICA အဖွဲ့ ပူးပေါင်းပြီး Rural Health Development Through Strengthening Basic Health Services စီမံချက်ကို ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။ေ မ ၁၅ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် JICA မှ Chief Representative နှင့်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် JICA အဖွဲ့ ပူးပေါင်းပြီး Rural Health Development Through Strengthening Basic Health Services Project ကို မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ရှစ်မြို့နယ်တွင်၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် ဘီယာအတု သောက်သုံးမှုကြောင့် သုံးပတ်အတွင်း မြန်မာအလုပ်သမား ရှစ်ဦးသေဆုံး
မလေးရှားနိုင်ငံတွင် ဘီယာအတု သောက်သုံးမိ၍ ရက်သတ္တပတ် သုံးပတ်ကျော်အတွင်း မြန်မာအလုပ်သမား ရှစ်ဦး သေဆုံးခဲ့ကြောင်း မလေးရှားအခြေစိုက် ကပုန်းခုနစ်ရက်သားသမီး နာရေးကူညီမှုအသင်း ဥက္ကဋ္ဌဌ ဦးစန်းဝင်းက ပြောကြား သည်။ ဧပြီ ၂၄ ရက်ကစ၍ မလေးရှားနိုင်ငံ ပဲရက်ပြည်နယ်တွင် ဘီယာဘူးရှည်အတုများ သောက်သုံးမိ၍ မြန်မာအလုပ်သမားများ စတင်သေဆုံးလျက်ရှိကြောင်း သိရသည်။ ဓဘီယာအတုတွေက ဘယ်ကုမ္ပဏီကလည်း မသိဘူး။ ဘယ်က ထုတ်မှန်းလည်းမသိဘူး။ ကိုယ့်ဘာသာ ထုတ်တဲ့ပုံစံမျိုးတွေ” ဟု ကပုန်းခုနစ်ရက်သားသမီး နာရေးကူညီမှုအသင်း ဥက္ကဌ ဦးစန်းဝင်းက ပြောကြားသည်။
မုတ်သုံမဝင်မီကာလအထိ မိုးတိမ်တောင်များကြောင့် လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွခြေင်းနှင့် နေရာကွက်ကြား မိုးကြီးခြင်းများ ဖြစ်ပေါ်မည်
မုတ်သုံမဝင်မီကာလအထိ မိုးတိမ်တောင်များကြောင့် လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွခြေင်းနှင့် နေရာကွက်ကြား မိုးကြီးခြင်းများ ဖြစ်ပေါ်နေဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောကြားသည်။ “မုတ်သုံမဝင်သေးတော့ မိုးကြိုကာလဖြစ်စဉ် မုတ်သုံမဝင်သေးခင် နွေရာသီကာလစပ်ကြား လေထုမငြိမ်သက်မှုတွေ၊ နေ့အပူချိန်တွေက မိုးတိမ်တောင်အဖြစ်များတဲ့ ကာလပေါ့၊ လေထုက စိုထိုင်းစလဲ များတယ်။
အမြန်လမ်းတွင် ဧပြီလအတွင်း ယာဉ်မတော်တဆမှု ၅၈ ကြိမ်ဖြစ်ပွားပြီး သေဆုံးသူကိုးဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၄၄ ဦးရှိခဲ့
ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ပြီးခဲ့သည့် ဧပြီလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၅၈ ကြိမ် ဖြစ်ပွား၍ သေဆုံးသူ ကိုးဦး ထိခိုက်ဒဏ်ရာရရှိသူ ၁၄၄ ဦးအထိ ရှိခဲ့ကြောင်း နေပြည်တော်အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ “ဧပြီလက ဖြစ်တာက ၅၈ မှုဖြစ်တာက ၅၈ မှုမှာ သေတာက ကျားငါးယောက်၊ မလေးယောက်၊ ပေါင်း ကိုးယောက်၊ ဒဏ်ရာရတာက ကျား ၈၁ ယောက်၊ မ ၆၃ ယောက်၊ ပေါင်း ၁၄၄ ယောက်” ဟု ပြောကြားသည်။
မန္တလေး ကျုံးအရှေ့ဘက်တွင် လမ်းသွားလမ်းလာများကို ဓားကိုင်ရမ်းကားနေသူအား ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရာတွင် ပြန်လည်ရန်ပြုသောကြောင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံး
မန္တလေး ကျုံးအရှေ့ဘက်တွင် လမ်းသွားလမ်းလာများကို ဓားကိုင်ရမ်းကားနေသူအား ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရာတွင် ပြန်လည်ရန်ပြုသောကြောင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးမှု မေလ ၁၈ ရက် နံနက် ၄ နာရီက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ေ မလ ၁၈ ရက် နံနက် ၄ နာရီခန့်က အောင်မြေသာစံမြို့နယ် ၆၆ လမ်းနှင့် ၁၄ လမ်းထောင့်တွင် အမျိုးသားတစ်ဦးသည် ဓားရှည်ကိုင်ဆောင်ပြီး လမ်းသွားလမ်းလာများကို ရန်ပြုနေကြောင်း ရဲတပ်ဖွဲ့သို့ ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း သိရသည်။ကသာမြို့ ကသာအကျဉ်းထောင်ဝန်ထမ်းတစ်ဦးထံမှ ကျပ်လေးသောင်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့တွင် ကသာအကျဉ်းထောင်ဝန်ထမ်းတစ်ဦးထံမှ ကျပ်လေးသောင်းတန်ဖိုးရှိ ဘိန်းဖြူများ မေ ၁၆ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ကသာမြို့မရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။ ကသာအကျဉ်းထောင်တွင် အမှတ် ၃/၄ အိပ်ဆောင်၌ ကင်းတာဝန်ကျ တပ်သား ကို-----သည် အမှတ်(၁) အိပ်ဆောင်ဘက်သို့ သွားရောက်ခဲ့ပြီး အကျဉ်းသားများ နေ့မိလ္လာ အသုံးပြုသည့်အခန်း၌ မသင်္ကာဖွယ် အပြုအမူများ လုပ်ဆောင်နေသည်ကို တွေ့ရှိခဲ့ရကြောင်း တာဝန်ကျတပ်ကြပ်တစ်ဦးက သက်ဆိုင်ရာသို့ သတင်းပေးပို့ခဲ့ကြောင်း သိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် တိုးဂိတ်ကြီးခြောက်ခုနှင့် မီနီဂိတ် ၁၃ ခုမှ ကျပ် ၁၁၅ ဒသမ ၇၄ ဘီလျံ ကောက်ခံရရှိခဲ့
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် တိုးဂိတ်ကြီးခြောက်ခုနှင့် မီနီဂိတ် ၁၃ ခုမှ ကျပ် ၁၁၅ ဒသမ ၇၄ ဘီလျံ ကောက်ခံရရှိခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။ေ မ ၁၅ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) မှ ဦးမာန်လောမောင်းက မိတ္ထီလာမြို့မှ နေပြည်တော်သို့ အမြန်လမ်း အဝင်ဂိတ်တွင် ကံကောင်း Mini Toll Gate 2 က လမ်းမကြီးအသုံးပြုခ ကျပ် ၁၀ဝ၀ နှင့်နောက်ဂိတ်တစ်ခုတွင် လမ်းဦးစီးဌာနက ကျပ် ၂၀ဝ၀ ကောက်ခံသည့် ငွေကြေး မည်မျှ ရရှိသည်၊ နိုင်ငံတော်အတွက် မည်သို့အသုံးပြုသည်ကို ပွင့်လင်းမြင်သာမှုရှိပြီး ပြည်သူများသိရှိအောင် စာရင်းရှင်းတမ်းထုတ်ပြန် ပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့သည်။
မိတ္ထီလာမြို့မရဲစခန်းဝင်း အိမ်ရာလိုင်းခန်းအတွင်း ရဲအုပ်နှင့် ဇနီးအား သေနတ်ဒဏ်ရာဖြင့် တွေ့ရှိခဲ့သည့်အမှုတွင် သေဆုံးသူရဲအုပ်ကို လူသတ်မှုဖြင့် ထပ်မံအမှုဖွင့်
မိတ္ထီလာမြို့ ပေါက်ချောင်းရပ်ကွက် မြို့မရဲစခန်း လိုင်းခန်းအိမ်ရာဝင်းအတွင်း သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသော ရဲအုပ်နှင့် ဇနီးအမှုမှ သေဆုံးသူ ရဲအုပ်အား ဇနီးဖြစ်သူအား သေနတ်ဖြင့် ပစ်သတ်ခဲ့သဖြင့် လူသတ်မှုဖြင့် ထပ်မံအမှုဖွင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။မေ ၁၆ ရက် နံနက်ပိုင်းက မိတ္ထီလာမြို့ ပေါက်ချောင်းရပ်ကွက်အတွင်းရှိ မြို့မရဲစခန်းဝန်းနေ ဒေါ်ဆွေဆွေသန်းသည် လိုင်းခန်းအိမ်ရာ ခြောက်ခန်းတွဲနှစ်ထပ်ဆောင် အပေါ်ထပ် အခန်း (၇) နေ ရဲအုပ်အောင်နိုင်ထွန်း၏ ဇနီးသည် ဒေါ်မြင့်မြင့်သိန်းအား ဈေးဝယ်ရန် သွားရောက်ခေါ်ဆောင်ခဲ့ရာ
မန်စီးတီးနှင့် ဝက်ဖို့ဒ် အက်ဖ်အေဖလား ဗိုလ်လုပွဲ ယနေ့ည ယှဉ်ပြိုင်မည်
အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်အဖြစ် မန်ချက်စတာစီးတီးအသင်းနဲ့ ၀က်ဖို့ဒ်အသင်းတို့ဟာ ဒီနေ့ည မြန်မာစံတော်ချိန် ၁၀ နာရီခွဲ ၀မ်ဘလေကွင်းမှာ ယှဉ်ပြိုင်ကြမှာပါ။ နည်းပြ ပက်ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ဖလားနဲ့ ကာရာပေါင်ဖလားတို့ကို ဆွတ်ခူးထားပြီး အက်ဖ်အေဖလားကို ရရင် တရာသီထဲမှာ ဖလား ၃ လုံး ရတဲ့ သမိုင်းသစ်ကို ရေးထိုးနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ ဗိုလ်လုပွဲမှာ ၀က်ဖို့ဒ်က အနိုင်ရရင် လာမယ့်ရာသီမှာ ယူရိုပါလိဂ် ၀င်ခွင့် ရရှိမှာပါ။ ဒီညပွဲအတွက် နှစ်သင်းစလုံး လူစုံတက်စုံနဲ့ ယှဉ်ပြိုင်ဖို့ ရှိပါတယ်။ ဘောလုံး အကဲခတ် တော်တော်များများကတော့ မန်စီးတီးကိုပဲ အလေးပေး ထားကြပါတယ်။ ၀က်ဖို့ဒ်နည်းပြ ဂါစီယာကတော့ မန်စီးတီးနဲ့ပွဲမှာ သူ့အသင်းရဲ့ မတူကွဲပြားတဲ့ ပုံစံမျိုးကို မြင့်ရလိမ့်မယ်လို့ ပြောဆိုထားပါတယ်။
ရာသီအကုန်တွင် ဂျုဗင်တပ်နည်းပြ အယ်လီဂရီ အသင်းမှထွက်ခွာမည်
ပဲခူးတိုင်းဝန်ကြီးချုပ်အပါအဝင် ၈ ဦးကို စည်ပင်ဥက္ကဋ္ဌဟောင်းက အမှုဖွင့်
ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စည်ပင်ဝန်ကြီး၊ စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးတို့ အပါအဝင် အစိုးရအဖွဲ့ဝင် ၈ ဦးတို့ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ အမှုဖွင့်ထားတယ်လို့ သာယာဝတီမြို့နယ် စည်ပင်ဥက္ကဋ္ဌဟောင်း ဦးကျော်ဆန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။ေ မ ၁၇ ရက်နေ့က အမှုဖွင့်လျှောက်ထားခဲ့တာဖြစ်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး အနေနဲ့ ၂၀၁၉ ခုနှစ် ရာဇဝတ်အထွေထွေအမှုအမှတ် ၃၆ နဲ့ အမှုဖွင့်လှစ်ပေးခဲ့တယ်လို့ ဦးကျော်ဆန်းအောင်ရဲ့ ရှေ့နေက ဆိုပါတယ်။
Toyota Hiace GL 2019 ကားအသစ်မိတ်ဆက်
ဒေါ်လာ သန်း (၅၇၅)တန် ကာတာ ကမ္ဘာ့ဖလား အားကစားကွင်း ကြီးကျယ်ခမ်းနားစွာ ဖွင့်လှစ်
တစ်ဘဝလုံးကို ဘိလိယက်ကစားနည်းပေါ်မှာ မြှုပ်နှံထားခဲ့တဲ့ မြန်မာ့လက်ရွေးစင် ကိုနေသွေးဦး
Subscribe to:
Posts (Atom)