Sunday, June 30, 2019

ပင်လယ်စင်ရော်နှစ်ကောင်ကြောင့် အိမ်အပြင်မထွက်ရဲသည့် အင်္ဂလန်သက်ကြီးစုံတွဲ

အိမ်ခေါင်မိုးအပေါ် အသိုက်လာဆောက်တဲ့ ပင်လယ်စင်ယော်စုံတွဲကြောင့်ဗြိတိန်က အဖိုးအဖွားစုံတွဲ တတွဲဟာ ကိုယ်ပိုင်အိမ်မှာပင် ဓားစာခံတွေလို နေထိုင်ခဲ့ရတယ်လို့ OC သတင်းမှာ ဖော်ပြပါတယ်။ အကြောင်းကတော့ ဒီအဖိုးနဲ့အဖွားဟာ သူတို့အိမ်တံခါးကနေ အပြင်ထွက်ဖို့လုပ်တိုင်း ရန်လိုတဲ့ ငှက်နှစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းနဲ့ အမြဲရင်ဆိုင်နေရလို့ပဲဖြစ်ပါတယ်။

သတင်းမီဒီယာများနှင့် တလနှစ်ကြိမ် ပုံမှန်တွေ့ဆုံလိုဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော

သတင်းမီဒီယာတွေနဲ့ နှစ်ပတ်ကို တကြိမ်၊ တလကို နှစ်ကြိမ် ပုံမှန် တွေ့လိုကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောပါတယ်။ ဇွန် ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အခုလို ပြောကြားခဲ့တာပါ။ “သတင်းမီဒီယာများနှင့် နှစ်ပတ်ကို တကြိမ်၊ တလကို နှစ်ကြိမ် ပုံမှန် တွေ့ချင်ကြောင်း၊ မိမိတို့ ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့၏ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များစွာရှိကြောင်း၊ လုပ်ငန်းစဉ်များကို တနေ့တည်း တနေရာတည်း တထိုင်တည်းပြောမည်ဆိုရင် အများကြီးဖြစ်ပြီး အချိန်တွေကြာမှာစိုးကြောင်း၊

ဒီလစ်ကို အီတလီနည်းပြဟောင်း လစ်ပီ ချီးကျူး

အသက် ၁၉ နှစ်အရွယ်နဲ့ ဒီလစ်လောက် ခြေစွမ်းကောင်းမွန်တဲ့ ဘောလုံးသမားမျိုး မမြင်ဖူးဘူးလို့ နာမည်ကျော်အီတလီနည်းပြဟောင်း မာဆယ်လို လစ်ပီကပြောကြားလိုက်ပါတယ်။ လစ်ပီဟာ ကမ္ဘ့ဖလားရရှိထားတဲ့ နည်းပြတဦးဖြစ်သလို ဘရာစီ၊ မာလ်ဒီနီ၊ ကန်နာဗာရို တို့လို နာမည်ကျော် ခံစစ်မှူးတွေနဲ့ လက်တွဲခဲ့ဖူးပေမယ့် ဒီလစ်လို အသက် ၁၉ နှစ်တည်းနဲ့ ခြေစွမ်းအကောင်းဆုံးမှာရှိနေတဲ့ ကစားသမားမျိုးဟာ ရှားပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ဆေးဝါး ထုတ်လုပ်မှုကဏ္ဍဍတွင် တိုးတက်မှုရှိသော အိန္ဒိယနိုင်ငံရှိ ဆေးဝါးလုပ်ငန်းများ မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံရန် ကျန်းမာရေးဝန်ကြီးဌာနထံ ကမ်းလှမ်း

လက်ရှိ ဆေးဝါးထုတ်လုပ်မှုကဏ္ဍဍတွင် တိုးတက်မှုရှိနေသော အိန္ဒိယနိုင်ငံရှိ ဆေးဝါးလုပ်ငန်းများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ ကမ်းလှမ်းထားကြောင်း  သိရသည်။ ဇွန် ၂၈ ရက်က နေပြည်တော်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ တွေ့ဆုံရာတွင် ၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနားကို နေပြည်တော်၌ ကျင်းပပြုလုပ်သွားရန် လျာထားစီစဉ်ထားကြောင်း၊ အိန္ဒိယနိုင်ငံမှ ဆေးဝါးလုပ်ငန်းများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလိုကြောင်း၊ အဆိုပါဆေးဝါးများကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ခြင်း၊ ခွင့်ပြုချက်ရယူခြင်း၊ မှတ်ပုံတင်ခြင်းလုပ်ငန်းများ လွယ်ကူစေရေး ပံ့ပိုးပေးစေလိုကြောင်း၊ ကင်ဆာရောဂါကို ဓာတ်ရောင်ခြည်အသုံးပြု၍ ကုသသည့် Bhabhatron II စက်ကိုလည်း ဝန်ကြီးဌာနထံ ပေးအပ်ရန်ရှိကြောင်း စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တိုးလာသော်လည်း လျှပ်စစ်မီး လုံလောက်စွာ ပေးနိုင်ရန်အတွက် ရင်ပူနေရကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

ရန်ကုန်တိုင်းအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးလာသော်လည်း လျှပ်စစ်မီး လုံလောက်စွာ ပေးနိုင်ရန်အတွက် ရင်ပူနေရကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇွန် ၂၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။“ကျွန်တော်တို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ခွင့်ပြုပါတယ်။ တိုင်းဒေသကြီးအစိုးရဘက်ကနေပြီးတော့ ၁၅ ရက်တစ်ကြိမ် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး ထိုင်ပါတယ်။ အမေရိကန်ဒေါ်လာငါးသန်းနဲ့ ငါးသန်းအောက်တွေကို လက်ခံပါတယ်။

မြေသိမ်းထားသူများ ပြန်ပေးရမည့်မြေများကို မြန်မြန်ဆန်ဆန်ပြန်ပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း

မြေသိမ်းထားသူများ ပြန်ပေးရမယ့်မြေများကို မြန်မြန်ဆန်ဆန်ပြန်ပေးရန် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားလိုက်သည်။ ဇွန် ၂၈ရက်က ဧရာဝတီတိုင်း ဒေသကြီး၊ ဓနုဖြူမြို့၊ လယ်ယာဝန်ဆောင် မှုစင် တာ၌ ကျင်းပပြုလုပ်သည့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဒေသခံတောင်သူလယ်သမားများ တွေ့ဆုံပွဲအခမ်းအနားတွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။

ဟမ်းမဲလ် ဒေါ့မွန်သို့ ပြန်လည်ပြောင်းရွှေ့

 ဘိုင်ယန်နောက်ခံလူ မက်စ်ဟမ်းမဲလ် ဒေါ့မွန်သို့ ပြန် လည်ရောက်ရှိလာသည်ဟု ဒေါ့ မွန်အသင်းက အတည်ပြုသည်။ ဟမ်းမဲလ်ကို ပြန်လည်ခေါ် ယူရေး ယခုလစောစောပိုင်းတွင် ဘိုင်ယန်နှင့် သဘောတူညီမှုရရှိ ကာ ဆေးစစ်ခြင်းအောင်မြင်ပြီး နောက် ဒေါ့မွန်က ၎င်းတို့၏ကစား သမားဟောင်းကို ဇွန်လ ၂၉ ရက် က စာချုပ်ချုပ်ခဲ့သည်။ ယမန်နှစ်က ရာသီချိန်အ များစုကို ဦးဆောင်ပြီးမှ ဘွန် ဒက်စ်လီဂါဒုတိယဖြင့်သာ ကျေ နပ်ခဲ့ရသော ဒေါ့မွန်က နောက် တန်းလူ ပြောင်းရွှေ့ကြေးကိုထုတ် မပြောပေ။ စာချုပ်သက်တမ်းကို လည်း မပြောပေ။

လိင်စိတ်ကွဲပြားသူတွေကို ကာကွယ်ဖို့ သေနတ်နဲ့အပစ်ခံဖို့ အသင့်ရှိတဲ့ လေဒီဂါဂါ

လိင်စိတ်ခံယူမှုကွဲ ပြားသူများ (LGBT)အသိုင်းအ ၀ိုင်းအတွက် သေနတ်ဖြင့်အပစ်ခံ ရန် အသင့်ရှိကြောင်း ကမ္ဘာကျော် အဆိုတော်လေဒီဂါဂါက ပြော ကြားသည်။ ၁၉၆၉ ဇွန်လ ၂၈ ရက်က စတင်သောလိင်စိတ်ခံယူမှုကွဲ ပြားသူများ၏ အကြမ်းဖက်ဆန္ဒ ပြပွဲများ နှစ်(၅၀)ပြည့်အထိမ်းအ မှတ်အဖြစ် နယူးယောက်မြို့၌ ပြုလုပ်သည့်  လူထုစုဝေးပွဲတွင် လေဒီဂါဂါက ၎င်း၏ မိတ်ဆွေများ အား အရိုအသေပြုခဲ့သည်။ ၎င်း၏မိန့်ခွန်းအတွင်း လေ ဒီဂါဂါက ယင်းအသိုင်းအ၀ိုင်းအ တွက် မည်သည့်နေ့ရက်တွင်မဆို သေနတ်ဖြင့်အပစ်ခံရန်အသင့်ရှိ သည်ဟု ပြောသည်။ LGBT အသိုင်းအ၀ိုင်းအ ပေါ် တိုက်ခိုက်မှုများသည် နေ့စဉ် နှင့်အမျှ ပိုများလာပြီး ယင်းကိုမိမိ သည်းခံမည်မဟုတ်ဟု လေဒီဂါဂါ က ပြောကာ လိင်တူစုံမက်သူများ ကလည်း သည်းခံမည်မဟုတ် ကြောင်း မိမိသိထားသည်ဟု ပြောကြားသည်။ အကြင်နာတရားက လူတို့ ကြားတွင် စည်းချက်ညီညွတ်မှုကို ဖန်တီးမည်ဟုလည်း လေဒီဂါဂါ က ပြောသည်။

မေလအတွင်း ဂီတဖျော်ဖြေပွဲအားလုံးမှာ ၀င်ငွေနံပါတ် (၁) ချိတ်တဲ့ BTS အဖွဲ့

 မေလအတွင်းက ကျင်း ပသောတရားဝင်ဂီတဖျော်ဖြေ ရေးခရီးစဉ်များ၏ အဆင့်လိုက်  ၀င်ငွေရပ်တည်မှုကို Billboard က ထုတ်ပြန်ရာ BTS သည် ဖျော်ဖြေပွဲ ရှစ်ကြိမ်ပြုလုပ်ပြီး ကန်ဒေါ်လာ ၅၁ သန်းဝင်ငွေရရှိ ကာ နံပါတ် (၁) ချိတ်ခဲ့သည်။ BTS နောက်တွင် ဖျော်ဖြေ ပွဲ ငါးကြိမ်ပြုလုပ်ခဲ့သော Metallica က ကန်ဒေါ်လာ ၂၈ သန်းဖြင့် ဒုတိယနေရာ၌ရပ်တည် ခဲ့သည်။ BTS သည် Love Yourself: Speak Yourself ကမ္ဘာလှည့် ဖျော်ဖြေရေးခရီးစဉ်ကို ဇူလိုင်တွင်  ဆက်လက်ခရီးဆက်မည်ဖြစ်ပြီး  ဂျပန်နိုင်ငံ၌ လေးပွဲပြုလုပ်မည် ဖြစ်သည်။ ဖျော်ဖြေပွဲ သုံးကြိမ်ပြုလုပ် ပြီး ကန်ဒေါ်လာ ၃ ဒသမ ၆ သန်း   ရရှိသော BLACKPINK သည် မေလအတွင်း ဖျော်ဖြေပွဲများမှ ငွေအကောင်းဆုံး ထိပ်ဆုံး ၃၀ စာရင်းတွင် ပါဝင်သည့် တစ်ခု တည်းသော  နောက်ထပ်ကေ ပေါ့ပ်အဖွဲ့ဖြစ်သည်။

ရန်ကုန်မြို့သစ်စီမံကိန်းနေရာတွင် နိုဝင်ဘာနောက်ပိုင်း သီးနှံစိုက်ပျိုးခြင်းကို တိုင်းအစိုးရတားမြစ်

ရန်ကုန်မြို့သစ်တည် ဆောက်ရေး ကြန့်ကြာမှုမဖြစ်စေ ရန် စီမံကိန်းဒေသတွင် လာမည့် နိုဝင်ဘာ၌ မိုးစပါးများနောက်ဆုံး ရိတ်သိမ်းရမည်ဖြစ်ပြီး ယင်းနောက် ပိုင်းတွင် မည်သည့်သီးနှံကိုမျှ စိုက်ပျိုးခြင်းမပြုရန် ရန်ကုန်တိုင်း အစိုးရက တားမြစ်သည်။ ရန်ကုန်မြို့သစ် စီမံကိန်း ဆောင်ရွက်မည့်တွံတေးမြို့နယ်၊ ဆိပ်ကြီးခနောင်တို မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တွင် မိုး စပါးနှင့် စကမုရင်းစပါးစိုက်ပျိုး ခြင်းများကို ခွင့်ပြုထားသော် လည်း အချို့တောင်သူများသည် နွေစပါးစိုက်ပျိုးရန်အထိ ပြင်ဆင် လာ၍ တားမြစ်ခြင်းဖြစ်သည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကျေး ရွာအုပ်ချုပ်ရေးမှူးများထံသို့ ဇွန် လ ၂၈ ရက်စွဲဖြင့် ပေးပို့သည့်စာ တွင် ဖော်ပြထားသည်။

ဇူလိုင်တွင် မုန်တိုင်းတစ်ကြိမ် ဖြစ်နိုင်ပြီး ဒေသအများစု မိုးကောင်းနိုင်

 ဇူလိုင်အတွင်း ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအား နည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်ပေါ်နိုင် ပြီး တစ်ကြိမ်တွင် ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ဇွန်လ ၂၈ ရက်တွင် သတိပေး သည်။ြ မစ်ဝကျွန်းပေါ်နှင့် မြန်မာ နိုင်ငံတောင်ပိုင်းဒေသများတွင် ပါဝင်ပြီး ရေကြီးနစ်မြုပ်မှု ဧရိယာ ကျယ်ပြန့်သော ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့၌ ပုံမှန် ထက် မိုးကောင်းကာ ကျန်ဒေသ များတွင်လည်း မိုးရွာနိုင်ကြောင်း သတိပေးထားသည်။

ရန်ကုန်တက္ကသိုလ်ဝင်ခွင့် ဇူလိုင် ၂၇ နှင့် ၂၈ ရက်တွင် လူတွေ့စစ်ဆေးမည်

ယခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ ဘာသာရပ်အ လိုက် သတ်မှတ်ရမှတ် ပြည့်မှသာ ၀င်ခွင့်လျှောက်ထားခွင့်ပြုပြီး လျှောက်ထားသူများကို ဇူလိုင် ၂၇ နှင့် ၂၈ ရက်တွင် လူတွေ့စစ် ဆေးမည်ဟု ကြေညာထားသည်။ ယခုနှစ်တွင် ရန်ကုန်တက္ကသိုလ် အပါအ၀င် တက္ကသိုလ်၁၄ ခုက တိုက်ရိုက်ဝင်ခွင့် ရွေးချယ်မည် ဖြစ်သည်။ ယခင်နှစ်က တိုက်ရိုက်ဝင်ခွင့်ရွေးချယ်သည့် တက္ကသိုလ် ၁၁ ခုအနက် ခြောက် ခုက လူတွေ့နှုတ်ဖြေ စစ်ဆေး သော်လည်း ယခုနှစ်၌ ရန်ကုန်တက္ကသိုလ် တစ်ခုတည်းသာ လူတွေ့နှုတ်ဖြေ ထပ်မံစစ်ဆေးမည် ဖြစ်သည်။

ခြောက်လအတွင်း အမြန်လမ်းမကြီး၌ ယာဉ်မတော်တဆမှုကြောင့် လူ ၅၀ဦး သေဆုံး

 ယခုနှစ် ဇန်န၀ါရီမှ ဇွန်လအထိ အမြန်လမ်းမကြီး၌ ယာဉ်မတော်တဆမှု ၂၅၈ မှု ဖြစ် ပွားပြီး သေဆုံးသူ ၅၀ ဦးရှိကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။ေ သဆုံးမှုနှုန်း   အများဆုံး သည် နွေရာဦကျောင်းပိတ်ရက် ခရီး သွားကာလ မတ်လနှင့် ဧပြီ တွင် သေဆုံးသူ ၂၉ ဦး၊ ဒဏ်ရာရသူ ၂၆၆ ဦး ရှိခဲ့သည်။ အဆိုပါ နှစ်လအတွင်း ဖြစ်ပွားနှုန်းသည် ယခုနှစ်ခြောက်လအတွင်း ဒဏ်ရာရရှိသူ ၄၇၂ဦးနှင့်သေဆုံးသူ ၅၀ ဦးနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ကျော် ရှိနေသည်။ ယာဉ်တိုက်မှု ဖြစ်စဉ်များ တွင် အိမ်စီးကား အများစုဖြစ်ပြီး အရှိန်လွန်မောင်းနှင်ခြင်း အပါအ၀င် မောင်းနှင်ချိန် အိပ်ငိုက်ခြင်း ကြောင့်ဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့က ဆိုသည်။

စစ်ကိုင်းမြို့ကို ခရီးသွားစံပြမြို့အဖြစ် သတ်မှတ်မည်

စစ်ကိုင်းမြို့ကို တိုင်း ဒေသကြီးအတွင်းရှိ မြို့များအနက် ခရီးသွားစံပြမြို့အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း စစ်ကိုင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက် တာမြင့်နိုင်က ပြောသည်။ ဇွန်လ ၂၈ ရက်က စစ်ကိုင်း မြို့၌ ကျင်းပခဲ့သော ဒေသခံများ နှင့် တိုင်းအစိုးရအဖွဲ့တွေ့ဆုံပွဲ တွင် ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားသည်။ ‘‘စစ်ကိုင်းမြို့ကို ဘာကြောင့် ရွေးချယ်ရသလဲဆိုရင် စစ်ကိုင်းက အချက်အချာကျတယ်။ ဒီကနေ တစ်ဆင့် မြင်းမူကို သွားလို့ရ တယ်။ ရှိန်းမကားကို သွားလို့ရ တယ်။ တံတားဦး လေယာဉ်ကွင်း နဲ့လည်း နီးတယ်။ ဒီအတွက် ကျွန်တော်တို့ အကောင်းဆုံးဖြစ် အောင် ဆောင်ရွက်သွားမှာပါ’’ဟု ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ပြောသည်။

အာရှအပြည်ပြည်ဆိုင်ရာကလေးများ ရုပ်ရှင်ပွဲတော်အတွက် ပြိုင်ပွဲဝင်ဇာတ်ကားများ ဖိတ်ခေါ်

ဂျပန်နိုင်ငံ၌ ကျင်းပမည့် အာရှအပြည်ပြည်ဆိုင်ရာကလေး များ ရုပ်ရှင်ပွဲတော်ဝင်ရန် မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ ပြိုင်ပွဲဝင်ဇာတ်ကားများ ပေးပို့နိုင် ကြောင်း ယင်းအစည်းအရုံး၏ ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက ပြော သည်။ ‘‘နှစ်စဉ်နှစ်တိုင်းတော့ ဒီပြိုင် ပွဲကို မြန်မာနိုင်ငံက ပြိုင်ပွဲဝင်ကား တွေ ရွေးချယ်ပြီး စေလွှတ်ပါ တယ်။ ဇာတ်ကားတွေကို စက် တင်ဘာ ၂ ရက် နောက်ဆုံးထား ပေးပို့ပေးရမှာပါ’’ဟု ၎င်းက ပြော သည်။

ဖန်တီးစီမံထားသော အစားအစာများ စားခြင်းကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် သန္ဓေသားကျန်းမာရေးထိခိုက်နိုင်

တာရှည်ခံအောင်၊ အရသာပိုကောင်းအောင် ဖန်တီးစီမံထားသည့်အစားအစာများစားခြင်းကြောင့် ကိုယ်ဝန်ဆောင်ချိန်အတွင်း သန္ဓေသားတွင် ပုံမှန်ဉာဏ်ရည်ဖွံ့ဖြိုးမှုမရှိသည့်ရောဂါ ဖြစ်နိုင်သည့်အန္တရာယ်မြင့်မားကြောင်း လေ့လာမှုတစ်ရပ်ကဖော်ပြသည်။ေ အ်ာလန်ဒိုမြို့ရှိ ဗဟိုဖလော်ရီဒါတက္ကသိုလ်ဆေးကောလိပ် မှ သုတေသီများ၏ လေ့လာမှုအတွင်းဖန်တီးစီမံထားသည့်အစားအ စာများတွင် တာရှည်ခံအောင်သုံးသည့် Propionic ဟုခေါ်သော အက်စစ်ဓာတ်မြင့်မားစွာပါဝင်ပြီး သန္ဓေသားဦးနှောက်တွင် အာရုံ ကြောစနစ်ဖွံ့ဖြိုးမှုကို အပြောင်းအလဲဖြစ်စေကြောင်း လေ့လာတွေ့ ရှိခဲ့သည်။

ခါကာဘိုရာဇီနှင့် ဖုန်ကန်ရာဇီ အမျိုးသားဥယျာဉ်ကို ထိန်းသိမ်းလိုကြောင်း ဒေသခံများပြော

ကချင်ပြည်နယ် ခါကာ ဘိုရာဇီနှင့် ဖုန်ကန်ရာဇီအမျိုးသား ဥယျာဉ်ဒေသများကို ဌာနေတိုင်းရင်းသားများ ကိုယ်တိုင် ထိန်းသိမ်းလိုကြောင်း ဒေသခံ များက ပြောသည်။ ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်အား ကမ္ဘာ့အမွေအနှစ်အ ဖြစ် သတ်မှတ်ခြင်းကို ဒေသခံများ ကမလိုလားသည့်အပြင် ဖုန်ကန် ရာဇီဘေးမဲ့တောကို သဘာဝနယ် မြေအဖြစ်မှ ပယ်ဖျက်စေလိုပြီး ၎င်းတို့ကိုယ်တိုင် ထိန်းသိမ်းရန် လိုလားကြောင်း မြန်မာနိုင်ငံရ၀မ် စာပေနှင့် ယဉ်ကျေးမှုအသင်း ကော်မတီဝင်ဦးထုံဖူးဒဂုဏ်က ပြောသည်။

စန္ဒီမြင့်လွင်ရဲ့ ရင်သွေးလေးကို နာမည်ပေးဖို့ စဉ်းစားနေတဲ့ စိုးမြတ်သူဇာ

ညီမများ၏ ရင်သွေးများ အတွက် နာမည်ရွေးပေးဖြစ်သလို  မကြာမီမွေးဖွားတော့မည့် စန္ဒီမြင့် လွင်၏ ရင်သွေးနာမည်ပေးရန် စဉ်းစားနေကြောင်း စိုးမြတ်သူဇာ ကပြောသည်။ ‘‘နေ့နံလည်းလိုသေးတယ်။ အခုက ဘယ်နေ့မွေးမယ်မှန်း မသိသေးဘူး။အဖေနာမည်လည်း ပါမယ်၊ အမေနာမည်လည်းပါ မယ်။ ရိုးရိုးလေးလည်းဖြစ်စေချင် တယ်။ အခုလောလောဆယ် သူ တို့က အဘွားနာမည်လည်းထည့် ချင်တယ်ဆိုတော့ မကြီးလည်း ဘာပြောရမှန်းမသိဘူး’’ ဟု ၎င်း က ပြောသည်။

ဦးဝီရသူကို အရပ်ဘက်တရားရုံး ဆုံးဖြတ်ပြီးပါက ဓမ္မစက်ဖြင့် ထပ်မံ အရေးယူမည်ဟုဆို

 ဦးဝီရသူအပေါ် အရပ်ဘက်တရားရုံးက မည်ကဲ့သို့ ဆုံးဖြတ်ချက်ချသည်ဖြစ်စေ သံဃနာယကအဖွဲ့က ဓမ္မစက်ဖြင့် ဆက် လက် အရေးယူမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြား သည်။ ‘‘အရပ်ဘက်ပြစ်မှုတွေနဲ့ ကိစ္စတွေမှာ အရပ်ဘက်တရားရုံး ကနေ သတ်မှတ်တဲ့ ဥပဒေနဲ့စွဲချက် တွေက အရင်အရေးယူရပါတယ် ယူပြီးမှ ဓမ္မစက်က ဆက်လုပ်ပါ မယ်။ အရပ်ဘက်တရားရုံးက စွဲချက်တင်၊ အပြစ်ကိုစီရင်မယ်။ အပြစ်ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ ဓမ္မစက်က ဆက်ပြီး အရေးယူရမှာ ဖြစ်ပါတယ်’’ဟု ဝန်ကြီးသူရ ဦးအောင်ကိုက 7Day Daily သတင်းစာအား ယမန်နေ့က ပြော သည်။

ယူနက်စကိုအောင်စာရင်းတွင် ပုဂံပါဝင်ဟု သတင်းကြားထားကြောင်း သူရဦးအောင်ကိုပြော ယူနက်စကိုဝင်ရေးဆုံးဖြတ်မည့်အစည်းအဝေးသို့ မြန်မာတက်ရောက်၊ စာရင်းမ၀င်ပါက ပြန်မလာတော့ဟုကိုယ်စားလှယ်တစ်ဦးဆို

ရှေးဟောင်းမြို့တော် ပုဂံဒေသကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး ဆုံးဖြတ်ပေးမည့်အစည်းအဝေးသို့ တက်ရောက်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က အဇာဘိုင်ဂျန်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်သည်။ ပုဂံဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်၊ မ၀င်နှင့်ပတ်သက်ပြီး အဇာဘိုင်ဂျန်နိုင်ငံ၌ ဇွန်လ ၃၀ ရက်မှ ဇူလိုင် ၁၀ ရက်အထိ ပြု လုပ်နေသော (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီအ စည်းအဝေးတွင် ကော်မတီ၏အ မြဲတမ်းစာရင်းဝင် ၂၁ နိုင်ငံက ဆုံးဖြတ်မည်ဖြစ်သည်။

အာရှ ယူ-၂၃ ဘော်လီဘောပြိုင်ပွဲ မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည်

အသက်(၂၃)နှစ် အောက် အာရှအမျိုးသားဘော်လီ ဘောပြိုင်ပွဲကို လာမည့် သြဂုတ် တွင် နေပြည်တော်၌ လက်ခံကျင်း ပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်က ထုတ် ပြန်သည်။ ၂၀၁၉ အာရှ ယူ-၂၃ ဘော် လီဘောပြိုင်ပွဲကို သြဂုတ် ၃ ရက်မှ ၈ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံတွင် ကျင်းပမည် ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ယှဉ် ပြိုင်ရန် လက်ရှိအချိန်အထိ  ၁၂ သင်း အကြောင်းပြန်ထားကြောင်း ဘော်လီဘောအဖွဲ့ချုပ် တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ရန်ကုန်နှင့်မန္တလေး ဖူဆယ်ပြိုင်ပွဲ ချန်ပီယံအသင်းကို အာဆီယံပြိုင်ပွဲဝင်ခွင့်ပေးရန် စီစဉ်

ရန်ကုန်နှင့် မန္တလေးမြို့ တွင် ကျင်းပသည့်ဖူဆယ်အလွတ် တန်းပြိုင်ပွဲများမှ အကြိုဗိုလ်လုပွဲ  ရောက်အသင်းများကို  အိမ်ကွင်း၊ အဝေးကွင်းယှဉ်ပြိုင်ကာ ချန်ပီယံ အသင်းကို အာဆီယံဖူဆယ်  ကလပ်ပြိုင်ပွဲဝင်ခွင့်ပေးရန် စီစဉ် ထားကြောင်း  မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ် အထွေထွေအတွင်း ရေးမှူးဦးကိုကိုသိန်းက ပြော သည်။ဇွန်လ ၂၉ ရက်က မန္တလေး မြို့ မန္တလာသီရိဘက်စုံသုံးအားကစားရုံတွင် ကျင်းပသည့်ဖူဆယ် အလွတ်တန်းပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနား၌ ဦးကိုကိုသိန်းက ယင်းသို့ ပြောကြားခဲ့သည်။ ဖူဆယ်အလွတ်တမ်းပြိုင်ပွဲ များကို ရန်ကုန်မြို့တွင် ၂၀၀၆ က  စတင်ကျင်းပပြီး မန္တလေးမြို့တွင် ယခုနှစ်ကစတင်ကာ နှစ်စဉ် ကျင်းပမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရန်ကုန်က ဟံသာဝတီကို အနိုင်ယူပြီး မြန်မာလိဂ် အမှတ်ပေးဇယားထိပ်ဆုံးရောက်

 မြန်မာလိဂ် ပွဲစဉ် (၁၄) ဒုတိယရက်တွင် လက်ရှိချန်ပီယံ ရန်ကုန်အသင်းက အဝေးကွင်း၌ ဟံသာဝတီကို ၁-၀ ဂိုးဖြင့် အနိုင်ရပြီး အမှတ်ပေးဇယား ထိပ်ဆုံးသို့ ပြန်လည် ရောက်ရှိခဲ့သည်။ ဇွန်လ ၂၉ ရက်က ပဲခူးမြို့ဂရင်းရွိုင်ရယ်ကွင်း၌ ကျင်းပသည့် မြန်မာလိဂ် ပွဲစဉ် (၁၄) တွင် ဟံသာဝတီနှင့် ရန်ကုန်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့သည်။ ထိပ်ဆုံးနှစ်သင်း တွေ့ဆုံမှုဖြစ်သဖြင့် ပွဲကောင်းဖြစ်ခဲ့ပြီး ပထမပိုင်း၌ နှစ်သင်းစလုံး ဂိုးသွင်းခွင့် များရသော်လည်း နှစ်ဖက်ဂိုးသမားများ ကာကွယ်နိုင်သဖြင့် ဂိုးမရှိသရေဖြင့်သာ ပြီးဆုံးခဲ့သည်။

မြန်မာ- အမေရိကန် ပူးပေါင်းရိုက်ကူးသည့် ‘မေတ္တာ’ ဇာတ်ကား မြန်မာနိုင်ငံတွင် စတင်ရိုက်ကူး

မန္တလေးရုပ်ရှင်ထုတ်လုပ် ရေးကစီစဉ်ပြီး ပထမဆုံးအဖြစ် မြန်မာ-အမေရိကန် ပူးပေါင်း ရိုက်ကူးသည့် ‘မေတ္တာ’ ရုပ်ရှင် ဇာတ်ကားကို မြန်မာနိုင်ငံ၌ ဇွန်လ ၃၀ ရက်ကစတင်၍ ၁၁ ရက်ကြာ ရိုက်ကူးမည်ဖြစ်သည်။
ယင်းဇာတ်ကားကို အမေရိ ကန်ဒါရိုက်တာ Graham Streeter နှင့် ဒါရိုက်တာဒေါ်ဆွေ ဇင်ထိုက်တို့ ပူးပေါင်းရိုက်ကူးမည် ဖြစ်သည်။

မြန်မာအမျိုးသမီးဘောလုံးအသင်း တရုတ်ခရီးစဉ်တွင် ခြေစမ်းပွဲသုံးပွဲကစားရန် စီစဉ်

 မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်းသည်အာဆီယံ ပြိုင်ပွဲအကြိုသွား ရောက်မည့် တရုတ်ခရီးစဉ်တွင် ခြေစမ်းပွဲ သုံးပွဲကစားရန် စီစဉ်ထားကြောင်း အသင်းနည်းပြချုပ် ဦးဝင်းသူမိုးက ပြောသည်။ြ မန်မာအမျိုးသမီးအသင်း သည် အဆိုပါ ခြေစမ်းခရီးစဉ်ကို ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၄ ရက် အထိ ၁၀ ရက်ကြာ သွားရောက်မည် ဖြစ်သည်။ ယင်းခြေစမ်းခရီးစဉ်တွင် မြန်မာအမျိုးသမီး အသင်းသည် တရုတ်အမျိုးသမီးလိဂ် ပထမတန်းကလပ် ဘေဂျင်း ဘန်ကောင်းအသင်း၊ ဒုတိယတန်းကလပ် ဟေဘီအသင်း၊ ဘေဂျင်းတက္ကသိုလ်အသင်းတို့နှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။

ပြည်တွင်းလုပ်ငန်းရှင်များ နိုင်ငံခြားထွက်၍ ရင်းနှီးမြှုပ်နှံရန် ဒုတိယသမ္မတ တိုက်တွန်း

 ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များကို နိုင်ငံခြားသို့ ထွက်ပြီး ရင်းနှီးမြှုပ်နှံရန် ဒုတိယ သမ္မတဦးမြင့်ဆွေက  ဇွန်လ ၂၉ ရက်တွင် တိုက်တွန်းပြောကြား သည်။ အခြားနိုင်ငံများက မြန်မာ နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံ သကဲ့သို့ ပြည်တွင်းစီးပွားရေးလုပ် ငန်းရှင်များကလည်း မြန်မာနိုင်ငံ တွင်သာမက အခြားနိုင်ငံများ၌ပါ သွားရောက်ရင်းနှီးမြှုပ်နှံမှုများ ပြု လုပ်ရန် ဒုတိယသမ္မတက ပြော သည်။

ဆိုက်ဘာမှုခင်းများ တိုက်ရိုက်တိုင်ကြားနိုင်ရေး Hot Line ထူထောင်ရန် အစီအစဉ်ရှိဟုဆို

ဆိုက်ဘာအမှုအခင်း များနှင့်ပတ်သက်၍ တိုက်ရိုက်တိုင်ကြားနိုင်သည့် Hot Line တစ်ခုကို ထူထောင်ရန် အစီအစဉ်ရှိသည်ဟု မှုခင်းရဲတပ်ဖွဲ့ နည်းပညာမှုခင်းဌာန ဌာနစုမှူး ရဲမှူးကျော်သူဝင်းက ပြောသည်။ ဇွန်လ ၂၉ ရက်တွင် ကျင်းပသည့် ‘၂၀၂၀ နှင့် လူမှုကွန်ရက်ဂယက်’ ဆွေးနွေးပွဲတွင် ရဲမှူးကျော်သူ ၀င်းက ပြောကြားခြင်း ဖြစ်သည်။ လက်ရှိအချိန်၌ နည်းပညာမှုခင်းဌာနတွင် တပ်ဖွဲ့ဝင်၁၀ ဦးအောက်သာရှိကြောင်း၊ ဌာနဖွဲ့စည်းပုံ ပြင်ဆင်၍ တပ်ဖွဲ့ဝင်ဦးရေ တိုးတက်လာသည့်အခါ တိုက်ရိုက်တိုင်ကြားနိုင်သော Hot Line ကို ထူထောင်ဖြစ်ကြောင်း ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် ဒေါ်လာ ၃၈ ဘီလီယံတန်စီမံကိန်း ရင်းနှီးမြှုပ်နှံရန် ပြည်ပကုမ္ပဏီတစ်ခု အဆိုပြုထား

ရခိုင်ပြည်နယ် စစ်တွေ မြို့အနီး၌ မလေးရှားကုမ္ပဏီတစ် ခုက မြေဧက ၇,၀၀၀ တွင် ကန် ဒေါ်လာ ၃၈ ဘီလီယံတန်စီမံကိန်း  ကို လာရောက်ရင်းနှီးမြှုပ်နှံရန် ပြည်နယ်အစိုးရထံ တင်ပြထား သည်ဟု ရခိုင်ပြည်နယ် ဘဏ္ဍာ ရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွား ရေးဝန်ကြီးဦးကျော်အေးသိန်းက ပြောသည်။ အဆိုပါစီမံကိန်းအတွက် မလေးရှားကုမ္ပဏီက ၂၀၁၈ က စတင်ကြိုးစားနေခြင်းဖြစ်ပြီး ပထမအကြိမ်တွေ့ဆုံမှုအပြီးတွင် စီမံကိန်းကို အသေးစိတ်လေ့လာ ရန် ပြည်နယ်အစိုးရက ကုမ္ပဏီကို ညွှန်ကြားခဲ့သည်ဟု ၎င်းကဆို သည်။အဆိုပါစီမံကိန်းသည် ဒေါ် လာ ၃၈ ဘီလီယံတန်ဖိုးရှိမည်ဖြစ် ပြီး ၂၀၃၀ အထိဆောင်ရွက်ရ မည့်အကြီးစားစီမံကိန်းတစ်ခုဖြစ် သည်ဟု ၀န်ကြီးကဆိုသည်။

ပြည်ပမှ စားတော်ပဲ တင်သွင်းမည့် အစီအစဉ် ညှိနှိုင်းဆဲဖြစ်ပြီး မဆုံးဖြတ်ရသေးဟုဆို စားတော်ပဲ တင်သွင်းမည့်သတင်းကြောင့် ပြည်တွင်းဈေးကျဆင်း

 ပြည်ပမှ စားတော်ပဲတင် သွင်းမည့် အစီအစဉ်သည် ညှိနှိုင်း ဆဲဖြစ်ပြီး တိကျစွာ မဆုံးဖြတ်ရ သေးကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ နှင့် နှမ်းကုန်သည်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြော သည်။ြ ပည်ပမှ စားတော်ပဲ တန် ချိန်ငါးသောင်းခန့် တင်သွင်းရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ခွင့်ပြုထား သော်လည်း ပြည်တွင်းပဲစိုက်ပျိုး သည့် တောင်သူများ၊ ကုန်သည် များနှင့် ညှိနှိုင်းသဘောတူညီမှုရရှိ မှသာ တင်သွင်းမည်ဟု ၎င်းက ဆိုသည်။

တိုင်းရင်းသားမဲဆန္ဒနယ်အားလုံး ရွေးကောက်ပွဲကျင်းပနိုင်ရေး NBF တိုက်တွန်း

လက်ရှိ စစ်ရေးပဋိပက္ခ နှင့် အခြားအကြောင်းများကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိ သော တိုင်းရင်းသား မဲဆန္ဒနယ် အားလုံးတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ထံ တိုင်းရင်းသား နိုင်ငံရေးပါတီ ၂၀ ကျော်က ပူးတွဲ ကြေညာချက် ထုတ်ပြန်တိုက် တွန်းသည်။ တိုင်းရင်းသားနိုင်ငံရေးပါတီ ၂၁ ခု ပါဝင်ဖွဲ့စည်းထားသော ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF)၏ ပုံမှန် အစည်းအဝေးကို ရန်ကုန်တွင် နှစ်ရက်ကြာ ပြုလုပ်ပြီးနောက် မဟာမိတ်အဖွဲ့ဝင်များ၏ သဘောတူညီချက်ဖြင့် ယင်းသို့ တိုက်တွန်း ခြင်းဖြစ်ကြောင်း အရှိုချင်းအမျိုးသားပါတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်း၍ အခြားမြို့နယ်နှင့် ပေါင်းရန်မရှိသေးကြောင်း ဦးဖြိုးမင်းသိန်းပြော လှိုင်သာယာမြို့နယ်ကို အပြောင်းအလဲ ပြုလုပ်ရန် စဉ်းစားနေဟုဆို

ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်း၍ အခြားမြို့နယ်နှင့် ပေါင်းစပ်ရန် သုံးသပ်ဆွေးနွေး ထားခြင်းမရှိကြောင်း ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။ ရန်ကုန်မြို့တော်စည်ပင် သာယာနယ်နိမိတ်မြို့နယ်တစ်ခု ဖြစ်သည့်ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်း၍ အခြားမြို့နယ်အ တွင်း ထည့်သွင်းရန်ရှိကြောင်း သတင်းထွက်ပေါ်နေခြင်းကို ၀န် ကြီးချုပ်က ငြင်းဆိုခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုး ရအနေဖြင့် ဆိပ်ကမ်းမြို့နယ်နှင့် ပတ်သက်၍ ဆွေးနွေးထားခြင်း မရှိသော်လည်း လှိုင်သာယာမြို့ နယ်ကို အပြောင်းအလဲပြုလုပ်ရန် စဉ်းစားနေသည်ဟု ဦးဖြိုးမင်း သိန်းက ဇွန်လ ၂၉ ရက်တွင် ပြု လုပ်သည့်သတင်းစာရှင်းလင်းပွဲ တွင် 7Day Daily သတင်းစာ၏ မေးမြန်းချက်ကို ဖြေကြားသည်။

မြန်မာပြည်ပရိသတ်တွေနဲ့ လာရောက်တွေ့ဆုံခဲ့တဲ့ ထိုင်းမင်းသား Saint

Embedded thumbnail for မြန်မာပြည်ပရိသတ်တွေနဲ့ လာရောက်တွေ့ဆုံခဲ့တဲ့ ထိုင်းမင်းသား SaintLove By Chance ဇာတ်ကားနဲ့ မြန်မာပရိသတ်တွေရင်ထဲမှာနေရာယူထားတဲ့ ထိုင်းသရုပ်ဆောင်မင်းသား Saint ဟာ ဒီကနေ့မှာ မြန်မာပြည်ကပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ထိုင်းကုန်ပစ္စည်းတံဆိပ်ဖြစ်တဲ့ Beauty Buffet အလှကုန်ရဲ့ တစ်နှစ်ပြည့်အခမ်းအနားအထိမ်းအမှတ်အဖြစ် ဖိတ်ကြားချက်နဲ့အတူ မြန်မာနိုင်ငံကို ရောက်ရှိလာတာပါ။ Saint ရဲ့ပရိသတ်များစွာ လာရောက်ခဲ့ကြပြီး Saint နဲ့အတူ ဥာဏ်စမ်းပဟေဠိဖြေကြားတာတွေ၊ ဓာတ်ပုံအတူရိုက်ကူးတာတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ Saint ဟာ Love By Chance၊ Reminders ၊ Why are you? စတဲ့ ဇာတ်လမ်းတွဲတွေမှာ ပရိသတ်လူသိများပြီး ထိုင်းနိုင်ငံသာမကဘဲ တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံတို့မှာပါ လူကြိုက်များတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။

မုံရွာ - ဟုမ္မလင်း ချင်းတွင်းသင်္ဘောခရီးစဉ် ပြန်လည်ပြေးဆွဲ

 ရေနည်းချိန် ရပ်နားထား သော မုံရွာ - ဟုမ္မလင်းချင်းတွင်း ရေကြောင်းသွား သင်္ဘောခရီးစဉ် ကို ဇူလိုင် ၁ ရက်ကစ၍ အပတ် စဉ် ပြန်လည်ပြေးဆွဲမည်ဖြစ် ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (ချင်းတွင်းဌာနခွဲ)  လက်ထောက် အထွေထွေမန်နေဂျာ ဦးလေးနိုင်က ပြောကြားသည်။ြ ပည်တွင်းရေကြောင်း ပို့ ဆောင်ရေးနှင့် မျိုးဇင်ယော် (ခရီး သည်နှင့် ကုန်စည်ပို့ဆောင်ရေး)တို့ ပူးပေါင်း၍ မုံရွာ - ဟုမ္မလင်း ချမ်းငြိမ်းနှစ်ထပ်သင်္ဘောခရီးစဉ် ပြေးဆွဲမည်ဖြစ်သည်။

ပုသိမ်မြို့တွင် ကျဉ်စက်သုံး၍ အချုပ်သားလုသူသုံးဦးကို ဖမ်းမိ

အချုပ်သားတစ်ဦးကို ပုသိမ်ခရိုင်တရားရုံးမှ တရားရုံးအ ချုပ်သို့ ခေါ်လာစဉ် လူသုံးဦးက ကျဉ်စက်အသုံးပြု၍ လုယူရန် ကြိုးစားပြီး ကျူးလွန်သူအားလုံး ဖမ်းမိကြောင်း ဧရာဝတီတိုင်း ရဲ တပ်ဖွဲ့မှူးရုံး ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီးထွန်းရွှေက ပြောသည်။ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့ နယ် ခရေပင်ရိပ်မွန်အိမ်ရာနေ အသက်(၅၂)နှစ်အရွယ် မြင့်ဦးကို ပုသိမ်နယ်မြေရဲစခန်းက မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ဖမ်းဆီး ပြီး အဆိုပါတရားရုံး၌ တရားစွဲ ကာ ဇွန်လ ၂၇ ရက်နေ့လယ်က ပုသိမ်ခရိုင်တရားရုံး၌ ရုံးထုတ်စစ် ဆေးပြီးနောက် တရားရုံးအချုပ် သို့ ရဲအစောင့်အရှောက်ဖြင့် ပြန် လည်ခေါ်ဆောင်လာစဉ် ဖြစ်ပွား ခြင်းဖြစ်သည်။

အင်းတော်ကြီးအိုင် စက်လှေမောင်းသမားကို စွဲချက်မတင်မီ တရားရှင်လွှတ်ရန် အမိန့်ချ

အင်းတော်ကြီးအိုင်အ တွင်း ယမန်နှစ်က လူကိုးဦးသေ ဆုံးသည့် စက်လှေတိမ်းမှောက်မှု ဖြစ်စဉ်၌ ဖမ်းဆီးခံရသော စက် လှေမောင်းသူ ဦးမောင်ဦးကို တစ်နှစ်ကျော်ကြာ စစ်ဆေးပြီးနောက် အမှုကို ရုပ်သိမ်းခွင့်ပြုပြီး စွဲချက် မတင်မီ တရားရှင်ပြန်လွှတ်ရန် တရားရုံးက ဆုံးဖြတ်ခဲ့သည်။ ‘‘သေဆုံးသူတွေရဲ့ အုပ်ထိန်းသူတွေကလည်း ဦးမောင်ဦးကို အပြစ်ကျစေလိုတဲ့ ဆန္ဒမရှိဘူး။ သူ့သားသမီးကိုယ်တိုင်လည်း သေဆုံးတဲ့အထဲ ပါခဲ့ပါတယ်။ ဒါတွေ ကြောင့် အမှုကို စွဲချက်မတင်မီ တရားရှင်ပြန်လွှတ်လိုက်တာပါ’’ ဟု မိုးညှင်းမြို့နယ် တရားသူကြီး ဦးဇော်လင်းထွန်းက ပြောသည်။

H1N1 ကြောင့် ကလေး ၅ ဦးအပါအဝင် သေဆုံးသူ ၁၅ ဦးထိရှိပြီ၊ စစ်တွေမှာ ကူးစက်သူတစ်ဦး စတွေ့

ရာသီတုပ်ကွေး H1N1 ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ကလေး ၅ ဦးအပါအဝင် သေဆုံးသူ ၁၅ ဦးရှိသွားပြီ ဖြစ်ပါတယ်။ H1N1 ဗိုင်းရပ်စ်ပိုးကူးစက်မှုကြောင့် ရန်ကုန်ဆေးရုံကြီး၊ သင်္ကန်းကျွန်း၊ အင်းစိန်၊ လှိုင်သာယာ၊ မုံရွာ၊ မန္တလေး ဆေးရုံတွေမှာ တက်ရောက်ကုသနေသူတွေထဲက သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဇွန်လ ၂၈ ရက်နေ့အထိ ရထားတဲ့ စာရင်းတွေအရ ကျန်းမာရေးဌာနက ပြောပါတယ်။

မအူပင်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် ၁ ဦးသေ၊ ၇ ဦး ဒဏ်ရာရရှိ

၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့ ၁၄၅၀ အချိန်ခန့် က မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ရေကျော်ကျေးရွာအနီး မအူပင်-တွံတေးကားလမ်း မိုင်တိုင်(၅/၄-၅)ကြား၌ နိုင်ဦး(၃၅)နှစ်မောင်းနှင်လာသော 4E/xxxx Amandla Microbus ရွှေလမင်းခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ သစ်ပင်အား ဝင်ရောက်တိုက်မိခဲ့ပါသည်။

တောင်ငူမြို့နယ်၌ ယာဉ်တိမ်းမှောက်၍ ၂ ဦး သေ၊ ၃ ဦး ဒဏ်ရာရရှိ

၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ ၂၃း၁၅ အချိန်ခန့် က ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်(၁၆၀/၃-၄)ကြား၌ ယာဉ်တိမ်းမှောက်၍ ၂ ဦး သေ၊ ၃ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။ အဆိုပါယာဉ်ကို ဦးတီလ်ကုန်း(၅၈)နှစ်မောင်းနှင်ပြီး ဒေါ်ဟွတ်မင်(၆၃)နှစ် အပါအ၀င် အမျိုးသမီး ၄ ဦး၊ ပေါင်း ၅ ဦး လိုက်ပါလာသည့် YGN 7D/xxxx Prado ယာဉ်သည် နောက်ဘီးများပေါက်၍ တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲတွေကြောင့် ပုဏ္ဏားကျွန်းမြို့နယ်က ဒုက္ခသည်နှစ်ထောင် အခက်အခဲကြုံတွေ့နေရ

 ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ထဲက ဆင်သေရွာအနီးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ ရဲ့တိုက်ပွဲတွေကြောင့် ဆင်သေရွာကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင် နှစ်ထောင်ကျော် ရှိနေပြီး စားနပ်ရိက္ခာနဲ့ ကျန်းမာရေးအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေအတွက် ကယ်ဆယ်ရေး လုပ်ပေးနေသူတွေက ပြောပါတယ်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် လူနှင့်ရထားတိုက်မှုဖြစ်ပွား

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် ဇွန် ၂၈ ရက် နံနက် ၈ နာရီခွဲက သုံးခွရပ်ကွက်မစိုစိုက်ပျိုးရေးစည်ပင်စခန်းအနောက် ရထားသံလမ်းသံတံတားနားတွင် အမည်မသိလူတစ်ဦးအား ရထားနှင့် တိုက်မှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် သုံးခွရပ်ကွက်မစိုစိုက်ပျိုးမွေးမြူရေးစည်ပင်စခန်းအနောက်ရထားသံလမ်းသံတံတားအနီး မိုင်တိုင်အမှတ်၁၄/၁၂-၁၃ အရောက်တွင်ရန်ကုန်မှနေပြည်တော်အမှတ် ၃၁ အဆန်ရထားသည် အသက် ၄၀ ကျော်ခန့်ရှိ အမည်မသိအမျိုးသားတစ်ဦးအား ပွတ်တိုက်မိပြီး ဝဲဘက်ဦးခေါင်းပေါက်ပြဲဒဏ်ရာရရှိ၍ သေဆုံးခဲ့ပြီး၎င်းသေဆုံးသူအား သက်ဆိုင်ရာတာဝန်ရှိသူများက လာရောက်စစ်ဆေးပြီး အလောင်းအား မြတ်စေတနာမွန်လူမူရေးအသင်းနိဗ္ဗာန်ယာဉ်ဖြင့်မြောက်ဥက္ကလာဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဟွာဝေးကို အမေရိကန် ထုတ်ကုန်တွေ ပြန်ရောင်းမယ်လို့ ထရမ့် ပြောပြန်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန် နည်းပညာ ကုမ္ပဏီတွေ အနေနဲ့ သူတို့ ထုတ်ကုန်တွေကို တရုတ် တယ်လီကွန်း ကုမ္ပဏီ ဟွာဝေးကို ပြန်ရောင်းနိုင်ပြီလို့ ပြောလိုက်ပါတယ်။ ဒါဟာ သူ မေလတုန်းက ထုတ်ပြန်ထားတဲ့ တရုတ်နဲ့ အမေရိကန် စီးပွားရေးအကြား တားမြစ်ပိတ်ပင်ချက်ကို အကြီးအကျယ် ဖြေလျှော့ပေးလိုက်တာ ဖြစ်ပါတယ်။ ထရမ့်ဟာ ဂျပန်နိုင်ငံ အိုဆာကာမှာ ဂျီ - 20 အစည်း တက်ဖို့လာရင်း တရုတ် သမ္မတ ရှီကျင်ပင်းနဲ့ သူ သီးသန့် တွေ့ဆုံ အပြီးမှာ အဲဒီ မူဝါဒအသစ်ကို ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဟွာဝေးပစ္စည်းတွေဟာ လုံခြုံရေး ခြိမ်းခြောက်နေတယ်ဆိုပြီး နာမည်ပျက်စာရင်းထဲကို ထရမ့်က သွင်းထားတာပါ။ အခုလို ဖြေလျှော့လိုက်ပေမဲ့ ဟွာဝေးကို နာမည်ပျက်စာရင်းထဲမှာ ဆက်ထည့်ထားသေးတယ်လို့ ထရမ့်က ပြောပါတယ်။

ကုန်သွယ်ခွန်သစ်လည်း တရုတ်ကို ထပ်မကောက်တော့ဘူးလို့ဆိုတဲ့ ထရမ့်

ကုန်သွယ်မှု အငြင်းပွားနေတာတွေကို အဖြေရှာမယ်လို့ဆို
အမေရိကန် သမ္မတ ထရမ့်က တရုတ်သွင်းကုန်တွေကို ကုန်သွယ်ခွန်အသစ်တွေ အခုလတ်တလော ထပ်မကောက်တော့ဘူးလို့လည်း ပြောလိုက်ပြန်ပါတယ်။ ကုန်သွယ်မှု အငြင်းပွားနေတာတွေကို နှစ်နိုင်ငံ ဆက်ပြီး ဖြေရှင်းဖို့ ကြိုးစား သွားကြမယ်လို့လည်း သူက ပြောပါသေးတယ်။ ဂျပန်မှာ ဂျီ - 20 အစည်းအဝေးတက်ဖို့ ရောက်လာတဲ့ သူက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ အမေရိကန် ဒေါ်လာ သုံးရာဘီလျံကျော် တန်ဖိုး ရှိတဲ့ တရုတ် သွင်းကုန်တွေကို အခွန်ထပ်ကောက်ဦးမယ်လို့ သူက ခြိမ်းခြောက်ထားခဲ့တာ ဖြစ်ပါတယ်။ သူက ဆက်ပြီး တရုတ်က အမေရိကန် စိုက်ပျိုးရေး ထုတ်ကုန်တွေကို ပိုဝယ်လာနိုင်မယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ အဲဒါနဲ့ပတ်သက်လို့ တရုတ်ဘက်ကတော့ ဘာမှ ကတိပေးတာမျိုး မရှိသေးပါဘူး။

ဥရောပတလွှား အပူဒဏ် ဆက်လက်ပြင်းထန်

ဥရောပတိုက်တဝှမ်းမှာ ဒီကနေ့စနေနေ့မှာ စံချိန်တင် အပူဒဏ်ကို ဆက်ပြီး ရင်ဆိုင်နေကြရပါတယ်။ ပြင်သစ်နိုင်ငံမှာတော့ အနီရောင်အဆင့် သတိပေးချက်ကို ရုပ်သိမ်းလိုက်ပေမယ့် နိုင်ငံအလယ်ပိုင်း ဒေသအတော်များများမှာ သိပ်ပူပြင်းတဲ့နေ့အဖြစ် သတိပေးထားသလို အချို့ ဒေသတွေမှာ အပူချိန် ၄၂ ဒီဂရီ Celsius ထိရောက်နိုင်တယ်လို့ ပြင်သစ်မိုးလေဝသဌာနက သတိပေးထားတာပါ။

စစ်ဒဏ်သင့် ရခိုင်ပြည်နယ်မှာ အရပ်သားတွေ လုံခြုံရေးစိုးရိမ်

စစ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲက ပစ်ခတ်မှုတွေ ဖမ်းဆီးစစ်ဆေးမှုတွေကြောင့် ကျီးလန့်စာစားအခြေအနေဖြစ်နေရတဲ့ ဒေသခံရခိုင်လူထုရဲ့ အသက်ဘေးအန္တရာယ် လုံခြုံရေးအခြေအနေကို NLD အစိုးရအနေနဲ့ လစ်လျူမရှု့ထားဖို့နဲ့ရခိုင်ဒေသခံတွေ ဘေးကင်းလုံခြုံရေးအတွက် အလေးထားဆောင်ရွက်ပေးဖို့ စစ်ရှောင်ပြည်သူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ထပ်မံတိုက်တွန်းလိုက်ပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ရခိုင်နဲ့ ချင်း Internet ပြန်ဖွင့်ပေးဖို့ ကန် တောင်းဆို

တိုက်ပွဲတွေ ဖြစ်နေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တွင်းက ဒေသတွေမှာ မြန်မာ အစိုးရဘက်က အင်တာနက် ဖြတ်တောက်ထားတာကို အမြန်ဆုံး ပြန်ပြီး ဖွင့်ပေးဖို့ အမေရိကန်က စနေနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ အကြမ်းဖက်မှုတွေ သက်ရောက်ခံစားနေရတဲ့ ရခိုင်နဲ့ ချင်းပြည်နယ် အတွင်းမှာ အင်တာနက်တွေ ဖြတ်တောက်ထားတဲ့အပေါ် အမေရိကန်က အထူးပဲ စိုးရိမ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Morgan Rotagus က ကြေညာချက်ထုတ် ပြောဆိုတာ ဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်နဲ့ အစိုးရကိုယ်စားလှယ် အလွတ်သဘောတွေ့မည်

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားမြို့မှာ ကျင်းပမယ့် အထူးဒေသ ၄ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားကို ရောက်ရှိနေတဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေဟာ ဒီနေ့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။ ဒီဆွေးနွေးပွဲမှာတော့ Bilateral ခေါ် နှစ်ဘက် အပစ်ရပ်စာချုပ် မူကြမ်းကို အစိုးရဘက်က ပြန်လည် ပေးအပ်ဖို့ ရှိနေသလို ဆွေးနွေးပွဲ ရလဒ်အပေါ် မူတည်ပြီး တပ်မတော်က စစ်တိုင်းဒေသ ၅ ခုမှာ အပစ်ရပ်သက်တမ်းကို ထပ်မံ တိုးမြှင့်ဖွယ် ရှိနေပါတယ်။ ဒီသတင်းကိုတော့ မိုင်းလားမြို့ကို ရောက်ရှိနေတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မလေးရှားမှာ မြေပြိုလို့ သေဆုံးရတဲ့ မြန်မာ ၄ ဦး

မလေးရှားနိုင်ငံ ပီနန်ကျွန်း GeorgeTown မြို့ရဲ့ ဆင်ခြေဖုံး Batu Feringghi လမ်းက အပန်းဖြေရိပ်သာတခုမှာ မြေထိန်းနံရံတည်ဆောက်နေတုန်း ဇွန်လ ၂၅ ရက်နေ့က မြေပြိုတာကြောင့် အဲဒီမှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသား လေး ဦး သေဆုံးသွားတယ်လို့ ဒေသခံရဲမှူး Che Awang က ပြောကြောင်း မလေးရှားအွန်လိုင်းသတင်းစာ The Star မှာ ဖေါ်ပြပါတယ်။ေ သဆုံးသူတွေဟာ မောင်စံပြ ၃၈ နှစ်၊ နိုင်ကျော်ရင် ၄၉ နှစ်၊ မောင်ထွေး ၃၈ နှစ်နဲ့ ဦးအောင်ထွန်းအေး ၄၉ နှစ်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

Saturday, June 29, 2019

ဘိုကလေးမြို့နယ်မှ အသက် ၄၈ နှစ်အရွယ်အမျိုးသမီးတစ်ဦး အိမ်သာအတွင်းကြိုးဆွဲချ သေဆုံး

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာအုပ်စုတွင် နေထိုင်သည့် အသက် ၄၈ နှစ်အရွယ်အမျိုးသမီးတစ်ဦးမှာ ဇွန်လ ၂၇ ရက်နေ့က နေအိမ်၏အိမ်သာအတွင်း ကြိုးဆွဲချကာ မိမိကိုယ်ကို သတ်သေခဲ့ကြောင်း သတင်းရရှိသည်။

ကမ္ဘာတစ်ဝန်း မူပိုင်ခွင့် ရှစ်သောင်းကျော် ပိုင်ဆိုင်ထားကြောင်း ဟွာဝေး ဆို

၂၀၁၈ နှစ်ကုန်ထိ စာရင်းအရ ကမ္ဘာတစ်ဝန်း မူပိုင်ခွင့် ၈၇၈၀၅ ခု ပိုင်ဆိုင်ထားကြောင်း ဟွာဝေး ကုမ္ပဏီက ထုတ်ပြန်ကြေညာသည်။ အမေရိကန်နိုင်ငံအတွင်း မူပိုင်ခွင့် ၁၁၁၅၂ ခု ပိုင်ဆိုင်ထားကြောင်းလည်း ဟွာဝေးက ဆိုသည်။ ဟွာဝေးသည် ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းထိကို နှစ်စဉ် သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုလျက်ရှိသည်။ ဟွာဝေးသည် ဖိုက်ဂျီနည်းပညာပိုင်းတွင် ၂၀၁၈ နှစ်ကုန်အထိ ဒေါ်လာ နှစ်ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်သည်။

စစ်မဲ့ဇုန်မှာ တွေ့ဆုံမယ်လို့ ကင်ဂျုံးအွန်ကို ထရမ့် ကမ်းလှမ်း

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားကြားက စစ်မဲ့ဇုန်မှာ သမိုင်းဝင် ဆွေးနွေးဖို့အတွက် ထပ်မံတွေ့ဆုံရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်ကို ဇွန် ၂၉ ရက်မှာ ကမ်းလှမ်းလိုက်ပါတယ်။ အဲဒီလို ကမ်းလှမ်းတာကို ထရမ့်က တွစ်တာမှာ ရေးသားလိုက်တာဖြစ်ပြီး စောင့်ကြည့်လေ့လာသူတွေအတွက် အံ့အားသင့်သွားစေခဲ့ပါတယ်။ တကယ်လို့ ကင်ဂျုံးအွန်ဖက်က လက်ခံတယ်ဆိုရင် အရင်က ရန်ဖက်တွေ ဖြစ်ခဲ့တဲ့ သူတို့ ခေါင်းဆောင်နှစ်ဦီးကြားမှာ နျူကလီးယား ဖျက်သိမ်းရေးအတွက် တတိယမြောက် တွေ့ဆုံမှု ဖြစ်မှာပါ။

အင်္ဂလိပ်-ချင်း-မြန်မာ အဘိဓာန် ပြုစုရေးသားသူ ဆရာကြီးဒေါက်တာဘွေဟူး ကွယ်လွန်

Image may contain: 1 personအိင်္ဂလိပ်-ချင်း-မြန်မာ အဘိဓာန် ပြုစုရေးသားသူ ဆရာကြီးဒေါက်တာဘွေဟူး (၈၆)နှစ် သည် ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်း ၃းဝဝ နာရီအချိန်တွင် ဟားခါးမြို့ ၎င်းနေအိမ်၌ ကွယ်လွန်ခဲ့ပါသည်။

ပရိသတ်ရဲ့အရှက်ရဖွယ်လုပ်ရပ်ကြောင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ အိမ်ရှင်ဘရာဇီး

ဘိုလီဗီးယားအသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဘရာဇီးပရိသတ်အချို့က လူမျိုးရေးခွဲခြားမှုတွေပြုလုပ်ခဲ့တာပါ။ ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲ အိမ်ရှင်ဘရာဇီးအသင်းရဲ့ ပရိသတ်အချို့အနေနဲ့ အရှက်ရဖွယ်ရ လူမျိုးရေး ခွဲခြားမှုတွေကိုပြုလုပ်ခဲ့တဲ့အတွက် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ရဲ့ အရေးယူခြင်းကိုခံခဲ့ရတယ် လို့ espn.c om က ဖော်ပြလာပါတယ်။ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ပွဲစဉ်မှာ အခုလိုအခြေအနေဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ဘရာဇီးပရိသတ်များအနေနဲ့ ဘိုလီဗီးယားအသင်းရဲ့ ပွဲထွက်ဂိုးသမားကားလို့စ်အမ်မီလီယိုကို အဓိကထားတိုက်ခိုက်ခဲ့တာဖြစ် တယ်လို့ လည်း သတင်းဖော်ပြမှုတွေရှိနေတာပါ။

ဆီးဂိမ်းနှင့် နိုင်ငံတကာပြိုင်ပွဲများအတွက် အလေးမ လူရွေးပွဲကျင်းပ

မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်သည် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဖိလစ်ပိုင်နိုင်ငံ၌ အကြိမ် ၃၀ မြောက်အဖြစ်ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲများအတွက် လူရွေးချယ်ပွဲကို ဇွန် ၂၆ ရက်က အောင်ဆန်းအားကစားပြိုင်ဝင်း အတွင်းရှိ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပခဲ့သည်။

ချင်းမိုင်တွင် စားသောက်ဆိုင်အား သေနတ်ဖြင့်ပစ်ခဲ့သည့် ရွှေ့ပြောင်းလုပ်သားကို ထိုင်းရဲရှာဖွေ

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဟန်ဒုံးမြို့နယ်ထဲမှာ ရဲစခန်းအနီးရှိ စားသောက်ဆိုင်တဆိုင်ကို သေနတ်နဲ့ပစ်ပြီး ထွက်ပြေးသွားတဲ့ ရွှေ့ပြောင်းအလုပ်သမား ၁ ဦးကို ထိုင်းရဲက အပူတပြင်း ရှာဖွေနေပါတယ်။ ဟန်ဒုံးနယ်မြေခံရဲစခန်းအနီး စားသောက်ဆိုင်တဆိုင်ရှေ့မှာ ဇွန်လ ၂၇ ရက် နေ့ည ၁၁ နာရီအချိန်က လူတယောက် ဟိုင်းလပ်ကားနဲ့ ရောက်လာပြီး ပိတ်ထားတဲ့ ဆိုင်တံခါးကို သေနတ်နဲ့ ပစ်သွားခဲ့ကြောင်း၊ တံခါးရဲ့ညာဘက်မှာ ကျည်ပေါက်ရာ ၄ ချက် ၊ ဘယ်ဘက်မှာ ကျည်ပေါက်ရာ ၃ ချက် ထိသွားတဲ့အပြင် ဆိုင်ရှေ့က သောက်ရေသန့်အိုးကိုလည်း ထိမှန်သွားတယ်လို့ ဟန်ဒုံးနယ်မြေရဲစခန်း တာဝန်ကျရဲဝန်ထမ်းက သတင်းထောက်ကို ပြောပါတယ်။

KIA အဖွဲ့မှထောင်ထားသည့် တိုက်မိုင်းဟောင်းတစ်လုံး တိုက်မိပေါက်ကွဲ၍ ဒေသခံပြည်သူတစ်ဦး မိုင်းစထိမှန်ဒဏ်ရာရရှိ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုင်းနောင်ကျေးရွာ၊ ဆင်ဖြူကုန်း ရပ်ကွက် နေ ဒေါ်စန်းမေ(ဘ)ဦးအယ်ကျောက်သည် ဒေါ်ခင်ရီ၊ ဒေါ်မစိန်တို့နှင့်အတူ ဇွန်လ ၂၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် တောထဲသို့ ဟင်းသီးဟင်းရွက်ခူးရန် သွားရောက်စဉ် မိုင်းနောင်ကျေးရွာ၏ အနောက်ဘက် မီတာ ၅၅ဝဝ ခန့် အကွာသို့ အရောက်၌ KIA အဖွဲ့မှ ထောင်ထားသည့် တိုက်မိုင်းဟောင်း တစ်လုံးအား ဒေါ်စန်းမေမှ တိုက်မိပေါက်ကွဲသဖြင့် ၎င်းတွင် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့သည်။  အဆိုပါမိုင်းထိလူနာအား မြစ်ကြီးနားမြို့ရှိ တပ်မတော် ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသမှု ခံယူစေလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားပါသည်။

မြောက်ကိုရီးယားနိုင်ငံက ကိုယ်ပိုင်စမတ်ဖုန်းအသစ်တစ်မျိုး ထုတ်လုပ်

မြောက်ကိုရီးယားနိုင်ငံမှာ ကိုယ်ပိုင်စမတ်ဖုန်းအသစ်တစ်မျိုးကို ထုတ်ပြန်လိုက်တယ်လို့ စပွန်နစ်သတင်းမှာ ဖော်ပြထားပါတယ်။ Pyongyang 2425 လို့ အမည်ပေးထားတဲ့ အဲ့ဒီစမတ်ဖုန်းမှာ iPhone တစ်လုံးရဲ့ လုပ်ဆောင်ပုံတွေအားလုံး ပါဝင်နေတယ်လို့ဆိုပါတယ်။ အသုံးပြုသူရဲ့ မျက်နှာကို အသိအမှတ်ပြုတဲ့ စနစ်၊ ကြိုးမဲ့ အားသွင်းတာတွေနဲ့ processor (၈)လုံး ပါဝင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဲ့ဒီစမတ်ဖုန်းဟာ မြောက်ကိုရီးယား အစိုးရက အသိအမှတ်ပြုထားတဲ့ နိုင်ငံပိုင် ဆက်သွယ်ရေးကွန်ရက်ဖြစ်တဲ့ Mirae ဆိုတဲ့ ၀ိုင်ဖိုင်နဲ့သာ ချိတ်ဆက် အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ အဲ့ဒီဖုန်းဟာ ပြည်ပနိုင်ငံတွေက ၀ိုင်ဖိုင် ဒါမှမဟုတ် အင်တာနက်ကွန်ရက်နဲ့ ချိတ်ဆက်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒီစမတ်ဖုန်းတွေဟာ တရုတ်နိုင်ငံမှာ ထုတ်လုပ်ပုံရတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။ အဲ့ဒီနောက် မြောက်ကိုရီးယားနိုင်ငံကို တင်ပို့ပြီး မြောက်ကိုရီးယားနိုင်ငံထဲမှာ အချောသတ် ပြန်လည်တပ်ဆင်တာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြ ပါတယ်။

(၆၅)နှစ်မြောက် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေး တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲကျင်းပ

Image may contain: 21 people, people smiling, people standing(၆၅)နှစ်မြောက် ဂျပန်ကိုယ်ပိုင်ကာကွယ် ရေးတပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို ဇွန်လ ၂၈ရက်နေ့ ည ၇ နာရီတွင် ရန်ကုန် မြို့ရှိ PARKROYAL Hotel ၌ ကျင်းပရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ထောက် ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးညိုစော၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ၊ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများနှင့် စစ်သံမှူးများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

တာချီလိတ်မြို့ရှိ သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုတွင် စစ်ဆေးတွေ့ရှိရသည့် တရုတ်နိုင်ငံသား(၂)ဦးအား ဗီဇာစည်းကမ်းချိုးဖောက်မှုဖြင့် အရေးယူထား

Image may contain: one or more people and textမြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ သတ္တုတူးဖော်ရေးကုမ္ပဏီ တစ်ခုတွင် သတ်မှတ်နယ်မြေကျော်လွန်ကာ ရောက်ရှိနေသည့် တရုတ်နိုင်ငံသား(၂)ဦးအား တွေ့ရှိရ၍ ဗီဇာစည်းကမ်းချိုးဖောက်မှုဖြင့် တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သိရသည်။ တာချီလိတ်တပ်နယ်နှင့်သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ၊ လ၀က နှင့် ပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၉ခုနှစ် ဇွန်လ(၂၈)ရက်နေ့ ညနေ(၃)နာရီခွဲ ၀န်းကျင်က တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု၊ အားရဲရှိ သတ္တုတူးဖော်ရေးကုမ္ပဏီ၏ လုပ်ကွက်တွင် ၀င်ရောက်စစ်ဆေးရာက ဗီဇာစည်းကမ်းဖောက်ဖျက်နေထိုင်သည့် တရုတ်နိုင်ငံသား အသက်(၄၉)နှစ်ရှိ ဟုန်ဆက်ပိုင် နှင့် အသက်(၅၁)နှစ်ရှိ ချင်းဖုန့်ချုန်းတို့အား စစ်ဆေးတွေရှိရခြင်း ဖြစ်ကြောင်း သိရသည်။

မုံရွာကလေးဆေးရုံတွင် တုပ်ကွေးလူနာ(၂၀၀)ဝန်းကျင်ထိရှိလာ

မုံရွာကလေးဆေးရုံကို တုပ်ကွေးဖြစ်ပြီးရောက်လာတဲ့လူနာတွေဟာ အခုနှစ် နှစ်စကနေလက်ရှိအချိန်ထိ အယောက်(၂၀၀)ဝန်းကျင်ခန့်ရှိနေပြီး အများစုက သွေးလွန်အဆင့်မဟုတ်ဘဲရိုးရိုးတုပ်ကွေးသာဖြစ်တယ်လို့ သိရပါတယ်။ နှစ်စဉ်ဖြစ်လေ့ဖြစ်ထရှိတဲ့ သွေးလွန်တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး “ တုပ်ကွေးရောဂါက နှစ်စဉ်ဖြစ်နေတာပဲလေ။

"အိန္ဒိယ ဆောက်လုပ်ရေးလုပ်ငန်းခွင် နံရံပြိုကျမှု လူ ၁၅ ဦထက်မနည်း သေဆုံး"

အိန္ဒိယအနောက်ပိုင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ နံရံပြိုကျခဲ့မှုကြောင့် ကလေးသုံးဦး အပါအဝင် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် Pune မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်အနီး အလုပ်သမားတွေ နေထိုင်ကြတဲ့ ယာယီတဲများပေါ်သို့ နံရံပြိုကျခဲ့ကြောင်း မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ယနေ့ (ဇွန် ၂၉ ရက်) ပြောပါတယ်။ ယနေ့ မနက်အစောပိုင်း ၁ နာရီ ၄၅ မိနစ်ဝန်းကျင်က နံရံပြိုကျခဲ့စဉ် ယာယီတဲများအတွင်း ဆောက်လုပ်ရေး အလုပ်သမားတွေနဲ့ ၎င်းတို့မိသားစုတွေ အိပ်ပျော်နေခဲ့ကြတယ်လို့ ဆိုပါတယ်။

ဥရောပ တလွှားမှာ အဆိုးရွားဆုံး ရင်ဆိုင်နေရတဲ့ အပူလှိုင်း ပြဿနာ

ဥရောပတိုက် တလွှားမှာ ကြုံတွေ့နေရတဲ့ အပူလှိုင်း ကျရောက်တဲ့ နိုင်ငံတွေထဲမှာ ပြင်သစ်နိုင်ငံလည်း အပြင်းအထန် ခံစားနေရပါတယ်။ အမြင့်ဆုံးအပူချိန်အဖြစ် ဇွန်လ ၂၈ ရက်နေ့က တိုင်းတာခဲ့တဲ့ ၄၅ ဒဿမ ၉ ဒီဂရီဆဲလ်စီးယပ်ဟာ အဆိုးရွားဆုံး ဖြစ်ခဲ့တယ်လို့ ပြင်သစ် မိုးလေဝသဌာနက ကြေညာခဲ့ပါတယ်။ြ ပင်သစ်နိုင်ငံ တောင်ပိုင်းက မြို့တွေမှာ ၂၀၀၃ ခုနှစ်က ပူခဲ့တဲ့ အပူချိန်ထက် ၁ ဒဿမ ၈ ဒီဂရီ ပိုမြင့်လာပြီး ၄၅ ဒီဂရီ အမြင့်ဆုံးကို ရောက်ခဲ့တာပါ။ အပူလှိုင်းကြောင့် ပြင်သစ်ကျောင်းပေါင်း ၄ ထောင်ကျော်ကို ပိတ်ပေးခဲ့ရပြီး အများပြည်သူ လာရောက် အပန်းဖြေနိုင်တဲ့ ရေကူးကန် ဖွင့်ချိန်တွေကိုပါ ထပ်တိုးပေးခဲ့ရပါတယ်။

ငြိမ်းစုစီဥပဒေကို ကျော်လွန်နေသည့် အမိန့်များကို အစိုးရအဖွဲ့ပြန်လည်သုံးသပ်သင့်သည်ဟု ပြည်ခိုင်ဖြိုးပါတီဆို

ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ(ငြိမ်းစုစီ) အပေါ် ကျော်လွန်နေသည့် အမိန့်ညွှန်ကြားချက် များကို အစိုးရအဖွဲ့အနေဖြင့် ပြန်လည်စိစစ်သုံးသပ်သင့်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြောဆိုလိုက်သည်။ ကလေးသူငယ်များ အခွင့်ရေးဆိုင်ရာ ဥပဒေမူကြမ်းကို ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲကို မန္တလေးမြို့ရှိ မနော်ရမ္မံ လူထုဟစ်တိုင်ကွင်းတွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်ပြုလုပ်ရန် စီစဉ်ချိန်တွင် ပြုလုပ်ခွင့်အချိန်မှီ မရခြင်းကြောင့် ပြည်ခိုင်ဖြိုးပါတီဘက်မှ ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

စင်ကာပူမှာ မီတာခ ဈေးတက်

စင်ကာပူ နိုင်ငံမှာ အိမ်သုံး လျှပ်စစ် မီတာခတွေကို သတ်မှတ် အချိန်ကာလ တစ်ခုအတွင်း တိုးမြှင့် ကောက်ခံသွားမယ်လို့ Channel News Asia သတင်းဌာန က ဖော်ပြထားပါတယ်။ ဇူလိုင်လကနေ စက်တင်ဘာလ အတောအတွင်း အိမ်သုံး မီတာခတွေကို ၆.၄ ရာခိုင်နှုန်း တိုးမြှင့်သွားမယ်လို့ ဆိုပါတယ်။ တစ်နည်းအားဖြင့် တစ်ကီလိုဝပ် နာရီကို ၁.၄၃ ဆင့်လောက် မီတာခ ဈေးတက်သွားခြင်း ဖြစ်ပါတယ်။ ဒါဟာ ငါးနှစ်လောက် နီးပါး ကာလအတွင်း စင်ကာပူမှာ မီတာခ အမြင့်ဆုံး တက်လာခြင်းပါ။

ရီးရဲလ်နှင့် ဘာစီလိုနာက နေမာအပေါ် စိတ်ဝင်စားမှု မရှိတော့

ရီးရဲမက်ဒရစ်အသင်းရဲ့ နေမာအပေါ်စိတ်ဝင်စားမှုဟာ လုံးဝအေးဆက်သွားခဲ့ပြီးတော့ ပီအက်စ်ဂျီအသင်းဖော် လူငယ်ကြယ်ပွင့် အန်ဘာပေးကိုပဲ ရေရှည်စီမံကိန်းချပြီး အရခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။ နေမာဟာ ပဲရစ်မှာ မပျော်ရွှင်တော့ဘူးလို့ သတင်းတွေထွက်ခဲ့ပြီးတဲ့နောက် စပိန်မြေကို တကျော့ပြန်ခြေချနိုင်ဖို့ အသည်းအသန်ချိတ်ဆက်နေဆဲဖြစ်ပါတယ်။

ပြင်သစ်တွင် အပူချိန်မြင့်တက်မှုကြောင့် မူလတန်းကျောင်းများ ပိတ်

ပြင်သစ်နိုင်ငံမှာ အပူချိန် ၄၅ ဒီဂရီ စင်တီဂရိတ်အထိ စံချိန်တင် မြင့်တက်နေတာကြောင့် ဇွန် ၂၈ ရက်က နိုင်ငံတောင်ပိုင်း နင်းမ်စ်မြို့က မူလတန်းကျောင်းတွေကို ပိတ်ခဲ့ပါတယ်။ နိုင်ငံတောင်ပိုင်း အုပ်ချုပ်ရေးဒေသ ၄ ခုမှာ မကြုံစဖူး ရာသီဥတုပြင်းထန်တာကြောင့် စာသင်ကျောင်း ၄,၀၀၀ ကို ပိတ်ခဲ့တယ်လို့ ပြင်သစ် ၀န်ကြီးချုပ်က ကြေညာပါတယ်။ နင်းမ်စ်မြို့ ဒုမြို့တော်ဝန်က အများပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ သက်ဆိုင်တာမို့ ကျောင်းတွေပိတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ 29 June 2019

မတ်ပဲ
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် တအိတ်ကို ၈၂၁၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မန္တလေးပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၈၀၀၀၀ ကနေ ၈၅၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ တအိတ်ကို ၂၉၀၀ ကျပ်ဈေးကွာခြားမှု ရှိပါတယ်။

အမေရိကန်-တရုတ် ကုန်သွယ်ရေး သဘောတူညီချက်ရပါက သမိုင်းဝင်မည်ဟု သမ္မတထရမ့်ပြော

အမေရိကန် နဲ့ တရုတ်တို့အကြား မျှတတဲ့ ကုန်သွယ်ရေး သဘောတူညီချက်ရရင် သမိုင်းဝင်လိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်သမ္မတ နဲ့တွေ့ဆုံစဉ် ဇွန်လ ၂၉ ရက်နေ့မှာ ပြောလိုက်ပါတယ်။ G20 ထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန် နဲ့ တရုတ်သမ္မတတို့ဟာ ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံအကြား ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို လျော့ကျစေမယ့် ဒါမှမဟုတ် ပိုမိုနက်ရှိုင်းတဲ့ ကုန်သွယ်ရေးစစ်ပွဲဆီ ဦးတည်စေနိုင်တဲ့ နှစ်နိုင်ငံ ဆွေးနွေးပွဲတွေကို စတင်ခဲ့ပါတယ်။

စတုန်းဝေါအဓိကရုဏ်း နှစ် ၅၀ ပြည့်အခမ်းအနား ကျင်းပ

၁၉၆၉ ခုနှစ် ဇွန်လ ၂၈ ရက်နေ့က နယူးယောက်မြို့ မက်ဟန်တန်ရပ်ကွက်က လိင်စိတ်ခံ ယူချက်ကွဲပြား သူတို့ရဲ့ စတုန်းဝေါစားသောက်ဆိုင်ကို ရဲတပ်ဖွဲ့က ၀င်စီးတာနဲ့အတူ စတုန်းဝေါအဓိကရုဏ်း ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီ အဓိကရုဏ်းကနေ လိင်စိတ်ခံယူချက်ကွဲပြားသူတွေအတွက် တန်းတူအခွင့်အရေးတောင်းဆိုတဲ့ လှုပ်ရှားမှုတွေ နိုင်ငံအနှံ့၊ ကမ္ဘာအနှံ့  ပေါ်ပေါက်ခဲ့ပါတယ်။

အိုင်ဗရီကို့စ်အသင်းခေါင်းဆောင် ဒဏ်ရာကြောင့် အာဖရိဖလား လက်ကျန်ပွဲများ လွဲချော်ဖွယ်ရှိ

မော်ရိုကိုအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် အိုင်ဗရီကို့စ်အသင်းခေါင်းဆောင် ဆာ့ခ်ျ အူရီယာဟာ အာဖရိကဖလားပြိုင်ပွဲရဲ့ လက်ကျန်ပွဲစဉ်တွေကို လွဲချော်ရဖွယ်ရှိနေတယ်လို့ Sky News သတင်းမှာ ဖော်ပြပါတယ်။ တော့တင်ဟမ်အသင်းရဲ့ ညာနောက်ခံလူဟာ ဒဏ်ရာကြောင့် မော်ရိုကိုအသင်းနဲ့ပွဲမှာ လူစားလဲခဲ့ရသူဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီကလည်း ပေါင်၊ ပေါင်ခြံနဲ့ တင်ပါးဒဏ်ရာတွေကြောင့် တော့တင်ဟမ်အသင်းနဲ့ပွဲ ထွက်ကစားခွင့်ဆုံးရှုံးခဲ့ရသူဖြစ်ပါတယ်။

ဝိုင်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ချောင်းရေလျှံ၍ အိမ်သုံးလုံးရေစီးနှင့်မျောပါ

ကချင်ပြည်နယ် ဝိုင်း မော်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ချောင်းရေလျှံ ၍ အိမ်သုံးလုံးရေစီးနှင့်မျောပါပြီး ဒေသခံလူ ၆၀ ကျော် ယာယီကယ်ဆယ်ရေးစခန်း၌ ခိုလှုံနေရသည်။ ဝိုင်းမော်မြို့နယ် နောင်ချိန်း ကျေးရွာတွင် ဇွန်လ ၂၉ ရက် နံနက် ၉ နာရီခန့်ကစတင်ကာ မိုး သည်းထန်စွာရွာသွန်းပြီး ဒေသ တွင်းရှိ ဖုန်ရယ်ချောင်းရေလျှံခဲ့ သည်။ ချောင်းရေဝင်၍ နေအိမ် ၁၇ လုံး ရေမြုပ်ပြီး ဝါးအိမ်၊ သွပ် မိုး အိမ်သုံးလုံး မျောပါပျက်စီး ကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲ ရေး ဦးစီးဌာနဦးစီးမှူးဒေါ်လှကေ သီမာက ပြောသည်။

အမေကြီး လက်ခတ်သံ

မိုးမကောင်းသေးသည့် အ ညာ၏ နယုန်လပြည့်ကျော် ၁ ရက် မိုးတွင်းနေ့လယ်ခင်းသည် ပူလောင်အိုက်စပ်လွန်းလှသည်။ ထိုပူလောင်အိုက်စပ်မှုကို ဂရုမစိုက်နိုင်သည့် အသက်(၇၀)ကျော် (၈၀)ခန့် အမေကြီးအို တစ်ယောက်သည် ရက်ကန်းစင်လေး တစ်စင်ပေါ်တွင် အလုပ်များနေလေသည်။ လွန်းဆန်လေးကလည်း အမယ်အိုကဲ့သို့ အလုပ်များကာ ဟိုဒီရွေ့လျားနေရသည်။ အမေကြီး၏ ခြေနှစ်ဖက်ကလည်း ရက်ကန်း စင်အောက်ပိုင်းက အုန်းမှုတ်ခွက် နှစ်လုံးပေါ် တစ်ဖက်စီ နင်းထားရသည်။ လွန်းဆန်တစ်ခါပြေးလိုက် အမေကြီး၏ အရေတွန့်တွန့် လက်နှစ်ဖက်က လက်ခတ်တစ်ခါရိုက်လိုက်ဖြင့် အထည်သားလေး ရုပ်လုံးပေါ်လာလေသည်။

ဧရာဝတီတိုင်းဒေသကြီး ငရုတ်ကောင်းဒေသတွင် ဒေါ်လာ သန်း ၅၀ ကျော် ရင်းနှီးမြှုပ်နှံမည့် ကမ်းလွန် ထောက်ပံ့ပို့ဆောင်ရေး စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများ ၂၀၁၉ နှစ်ကုန်ပိုင်း စတင်မည်

ကမ်းလွန်ထောက်ပံ့ပို့ဆောင်ရေး စီမံကိန်း တည်ဆောက်ရေးအတွက် မြေစမ်းသပ်မှုများ ပြုလုပ်နေမှုကို တွေ့ရစဉ်( ဓာတ်ပုံ- MPRL E&P )ဧရာဝတီတိုင်းဒေသကြီး ငရုတ်ကောင်း ဒေသတွင် ဒေါ်လာ သန်း ၅၀ ကျော် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည့် ကမ်းလွန်ရေနံတွင်းများအတွက် MPRL E&P  Group of Companies ၏ ကမ်းလွန် ထောက်ပံ့ ပို့ဆောင်ရေး စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်မည်ဖြစ်ကြောင်း MPRL E&P  Group of Companies မှ သိရသည်။အဆိုပါ ကမ်းလွန်ရေနံတွင်းများအတွက် ကမ်းလွန်ထောက်ပံ့ပို့ဆောင်ရေး အခြေစိုက်စခန်း တည်ဆောက်ပြီး လိုအပ်သော ဝန်ဆောင်မှုများ ဆောင်ရွက်ခြင်း လုပ်ငန်းစီမံကိန်းသည်

မြောက်ကိုရီးယား၌ ပျောက်ဆုံးနေသည့် သြစတြေးလျ ကျောင်းသားနေရာ မသိရသေးဟု ၀န်ကြီးချုပ်ပြော

မြောက်ကိုရီးယားမှာ ရက်အတော်ကြာ ပျောက်ဆုံးနေတဲ့ သြစတြေးလျ ကျောင်းသားရှိတဲ့နေရာကို မသိရသေးဘူးလို့ ၀န်ကြီးချုပ် စကော့မောရစ်ဆင်က ဇွန်လ ၂၈ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ၀န်ကြိးချုပ် စကော့မောရစ်ဆင်က “ဖြစ်ခဲ့တဲ့ ကိစ္စကို ခြေခြေမြစ်မြစ် သိအောင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။ အဲဒီကိစ္စကို အတော်လေး စိတ်ပူပန်မိပါတယ်” လို့ ပြောခဲ့ပါတယ်။ြ ပုံယမ်းမှာ ကျောင်းတက်နေတဲ့ သြစတြေးလျ ကျောင်းသား အဲလက်စ် – ဆစ်ဂလေရဲ့ သတင်းကို ဇွန်လ ၂၅ ရက်နေ့ကတည်းက မကြားရတော့ဘူးလို့ မိဘဖြစ်သူတွေက ပြောခဲ့တာပါ။

ဗာဂျီးနီးယားမှာ ဆန္ဒပြလူအုပ်ကို ကားနဲ့ ဝင်တိုက်တဲ့ နာဇီလက်သစ်ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချ

အမေရိကန်၊ ဗာဂျီးနီးယားပြည်နယ်က ချာလော့တက်ဗေးမြို့မှာ ၂၀၁၇ ခုနှစ်က ဆန္ဒပြလူအုပ်ကို ရည်ရွယ်ချက် ရှိရှိ ကားနဲ့ ဝင်တိုက်တဲ့ နာဇီဝါဒီတစ်ဦးကို တရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ လူတစ်ဦး သေဆုံးပြီး ဒါဇင်များစွာ ဒဏ်ရာရစေတဲ့ အဲဒီ ကားတိုက်မှုကို ကျူးလွန်ခဲ့သူ နာဇီလက်သစ် ဂျိမ်းအလက်ဖီးကို အမုန်းတရားပြစ်မှုနဲ့ လူသတ်ဖြတ်မှု ပြစ်မှုပြစ်ဒဏ် ၂၉ ရပ်နဲ့ မတ်လ နှောင်းပိုင်းက အပြစ်ရှိကြောင်း စီရင်ချက် ချထားတာ ဖြစ်ပါတယ်။

ပိုးသတ်ဆေးများချင့်ချိန်သုံးရန် တောင်သူများကို ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

ပိုးသတ်ဆေးများနှင့် ဓါတုဆေးဝါးများကို ချင့်ချိန်သုံးစွဲရန် တောင်သူလယ်သမားများအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုခဲ့သည်။ “လူတွေရဲ့ စားသောက်နေထိုင်မှုပုံစံတွေ ပြောင်းလဲတိုးတက်လာတာနဲ့အမျှဘေးကင်းလုံခြုံတဲ့စားနပ်ရိက္ခာတွေကို ပိုမိုပြီး တောင်းဆိုလာကြပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ရဲ့တောင်သူလယ်သမားကြီး တွေအနေနဲ့ ပိုးသတ်ဆေးတွေ၊ ဓါတုဆေးဝါးတွေကို မဖြစ်မနေလိုအပ်မှသာ ချင့်ချိန်သုံးစွဲကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ဆိုသည်။

ယာဉ်သုံးစီးကို ဝင်တိုက်ပြီး ထွက်ပြေးသည့် ယာဉ်မောင်း ဘုရင့်နောင်ခုံးကျော်တံတားပေါ်မှ ခုန်ချ

အင်းစိန်ဈေးရှေ့နှင့် ဘုရင့်နောင်လမ်းပေါ်တွင် ယာဉ်သုံးစီးကို ဝင်တိုက်ပြီး မောင်းနှင်ထွက်ပြေးသည့် ယာဉ်မောင်း အမျိုးသားမှာ ဘုရင့်နောင်ခုံးကျော်တံတားပေါ်မှ ခုန်ချခဲ့သောကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ခရီးသွားလုပ်ငန်းကြော်ငြာအတွက် ဓာတ်ပုံများ ၂၅၀၀ မှ ၁၀၀၀၀ ကျပ်အထိ ပေးဝယ်မည်

ခရီးသွားလုပ်ငန်းတိုးတက်ရေးကြော်ငြာအတွက်သုံးဖို့ ကျပ် ၂၅၀၀ ကနေ ၁၀၀၀၀ အထိပေးပြီး ဓာတ်ပုံတွေဝယ်ယူမယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ဖိတ်ခေါ်နေပါတယ်။ ဒစ်ဂျစ်တယ်နဲ့ အွန်လိုင်းဈေးကွက်ရှာဖွေရေးလုပ်ပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံဒေသစုံပါတဲ့ ဓာတ်ပုံတွေစုစည်းဝယ်ယူနေတယ်လို့ ဆိုပါတယ်။ ကျပ် ၂၅၀၀ ကနေ ၁၀၀၀၀ အတွင်း တန်ဖိုးသတ်မှတ်ထားတဲ့ ဓာတ်ပုံတွေကို ပေးပို့နိုင်ပြီး ရွေးချယ်ခံရရင် ဈေးနှုန်းညှိနှိုင်းဦးမယ်လို့ ဆိုပါတယ်။ ဘယ်လိုကင်မရာနဲ့မဆို ရိုက်ထားတာတွေကို ပို့နိုင်ပြီး အရေအတွက် အကန့်အသတ်မရှိ အွန်လိုင်းကတဆင့် ပေးပို့နိုင်တယ်လို့လည်း ဆိုပါတယ်။ ပုဂံ၊ မန္တလေး၊ ရန်ကန်ု၊ နေပြည်တော်၊ အင်းလေးကန်က ထင်ရှားတဲ့နေရာတွေ၊ ထင်ရှားတဲ့စေတီတွေ၊ ကန်တွေ၊ ဂူတွေ၊ ယူနက်စကိုစာရင်းဝင်နေရာတွေ၊ သဘာဝသားရဲတိရစ္ဆာန်ထိန်းသိမ်းရေးနယ်မြေတွေ၊ မြန်မာ့ရိုးရာဓလေ့တွေ၊ စားစရာတွေ၊ ပွဲတော် စတဲ့ပုံတွေကို လိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဥက္ကံတွင် နေအိမ် ၂ လုံးနှင့် ဘုန်းကြီးကျောင်းသိမ် တောဆင်ရိုင်း ဖျက်ဆီး

တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ချောင်းစောက်ကျေးရွာအုပ်စုမှာ ဇွန် ၂၉ ရက် မနက် ၁ နာရီလောက်က တာဆင်ရိုင်းတကောင် ဝင်ရောက်ဖျက်ဆီးခဲ့လို့ နေအိမ် ၂ လုံး၊ ဘုန်းကြီးကျောင်းသိမ် ၁ ခုနဲ့ ဘုရားကျောင်းဆောင် ပျက်ဆီးခဲ့တယ်လို့ ကျေးရွာအုပ်ချူပ်ရေးမှူး ဦးကျော်နိုင်ဝင်းက ပြောပါတယ်။

iPhone ဒီဇိုင်နာ ဂျိုနီအိုက်ဗ် Apple ကုမ္ပဏီမှ နုတ်ထွက်ပြီး ကိုယ်ပိုင်ဒီဇိုင်းကုမ္ပဏီ တည်ထောင်မည်

ဆယ်စုနှစ်နှစ်ခုကျော်အတွင်း Apple ကုမ္ပဏီကို ကမ္ဘာ့တန်ဖိုးအရှိဆုံးကုမ္ပဏီကြီးဖြစ်လာအောင် အကူအညီပေးခဲ့တဲ့ iPhone ဒီဇိုင်နာ ဂျိုနီအိုက်ဗ်ဟာ အခုနှစ်နှောင်းပိုင်းမှာ အလုပ်ကနေနုတ်ထွက်ပြီး ကိုယ်ပိုင်ဒီဇိုင်းကုမ္ပဏီတစ်ခု တည်ထောင်သွား မယ်လို့ သိရပါတယ်။

အမေရိကန်နှင့်ရုရှား သမ္မတနှစ်ဦး တွေ့ဆုံဆွေးနွေး

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ဟာ ဇွန်လ ၂၈ ရက်နေ့က ဂျပန်နိုင်ငံ အိုဆာကာမြို့မှာပြုလုပ်တဲ့ G20 ထိပ်သီးဆွေးနွေးပွဲရဲ့ ဆက်စပ်အစည်းအဝေးမှာ တွေ့ဆုံခဲ့ပါတယ်။ သမ္မတ ထရမ့်နဲ့ သမ္မတ ပူတင်တို့ရဲ့ အခုတကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပွဲဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ဟယ်စင်ကီ ထိပ်သီးဆွေးနွေးပွဲ နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

စစ်တွေဆေးရုံတွင် H1N1 လူနာတဦး တွေ့ရှိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာ ရာသီတုပ်ကွေးရောဂါဖြစ်ပွားသူ H1N1 လူနာတယောက်ကို တွေ့ရှိထားတယ်လို့ ပြည်နယ်ကျန်းမာရေးဌာနက ဒီဗွီဘီကိုပြောပါတယ်။ စစ်တွေဆေးရုံကို ရောက်ရှိလာတဲ့ သံသယလူနာတွေကို စစ်ဆေးခဲ့ရာမှာ ရာသီတုပ်ကွေး H1N1 ရောဂါဖြစ်ပွားသူ လူနာတဦး တွေ့ရှိခဲ့တာလို့ ပြည်နယ်ကျန်းမာရေး တိုးချဲ့ကာကွယ်ဆေးဌာနက လက်ထောက်ညွှန်းကြားရေးမှူး ဒေါက်တာစိုဝင်းပိုင်းက ပြောပါတယ်။

မြောင်းမြအကျဉ်းထောင်တွင်းသို့ မူးယစ်ဆေးပို့သည့် အမျိုးသမီးကို ဖမ်းမိ

ဧရာဝတီတိုင်း​ဒေသကြီး မြောင်းမြအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အသက် ၃၄ နှစ် ရှိ ထောင်ကျ အကျဉ်းသား မင်းမင်း(ခ)ငနိုင်ထံ မူးယစ်ဆေးပေးပို့သည့် ဇနီးဖြစ်သူကို ဇွန်လ ၂၈ နေ့ ညနေပိုင်းက ဖမ်းဆီးရမိကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးးရုံးမှ သိရသည်။ေ မ်ာလမြိုင်ကျွန်းမြို့ ရှောက်ချောင်းကျေးရွာ နေထိုင်သူ မင်းမင်း (ခ) ငနိုင်၏ ဇနီးဖြစ်သူ အသက် ၂၅ နှစ်ရှိ မဝေဝေလှိုင် (ခ)မငွေသဇင်သည် ထောင်ဝင်စာပစ္စည်းများဖြစ်သော မုန့်မျိုးစုံနှင့် ငရုပ်သီးတောင့်များပါသည့် အိတ်များနှင့် စားစရာထည့်သည့် ဗူးများအတွင်းမှ YW စာတန်းပါ မူးယစ်ဆေးများကို ပေးပို့သည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောသည်။

ပီနံအိတ်တွေ ကျန်ကျောင်းအိတ်တွေနဲ့ ထိုင်သိမ်းနေ

Image may contain: one or more people, basketball court and outdoorImage may contain: one or more people, people standing and outdoorကိုယ်ကမန်းလေးကျုံး foodbox မှာအမြဲလှူတဲ့အလှူရှင်ပါ .... ဒါပေမယ့် အာ့တာတွေရှိနေသမျှ နောက်ထက်ဘယ်တော့မှ မလှူတော့ပါဘူး ... အာ့နေ့က စိတ်တွေတို ဒေါသတွေထွက် အကုသိုလ်တွေများပီး ပြန်လာခဲ့ရပါတယ်.. ဘာလို့လဲဆိုတော့ ရေသန့်ဗူးရောင်းတာကိုဗန်းပြပီး ပုံထဲကလူတွေနဲ့ ကလေးတွေက လာလှူသမျှမုန့်တွေကို တယောက်ကို ၅ထုပ်စီလောက်လာလာယူပီး သူတို့ဖေမေတွေနားက ပီနံအိတ်တွေထဲကို သွားသွားပီးထည့်ပါတယ် .... ၆ယောက်လောက်က လာပြေးယူလိုက် သူတို့အိတ်တွေထဲကို သွားထည့်လိုက်နဲ့ တော်တော်ကိုစိတ်ပျက်စရာပါ ....

ဆိုက်ဘေးရီးယားတွင် ရေကြီးရေလျှံ၊ ဒေသခံများကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေး

ရုရှားနိုင်ငံတောင်ပိုင်း ဆိုက်ဘေးရီးယားဒေသက ကျေးရွာအတော်များများမှာ  ဇွန်လ ၂၈ ရက်နေ့က ရေကြီးနေတဲ့အတွက် အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေက ဒေသခံတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ အီကုခ်ျဒေသမှာ ရေကြီးမှုတွေဖြစ်နေပြီး သက်ဆိုင်ရာကနေ ကယ်ဆယ်ရေးတွေ လုပ်နေပါတယ်။ ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ ရဟတ်ယာဉ်တွေဟာ အချိန်မီရောက်လာခဲ့ပြိး ခေါင်မိုးတွေပေါ်က လူတွေကို ကယ်ဆယ်ခဲ့တယ်လို့  ဒေသခံတဦးက ပြောပါတယ်။ ဇွန် ၂၉ ရက်နေ့မှာလည်း မိုးဆက်ရွာနိုင်တာမို့ အခြေအနေ ပိုဆိုးရွားနိုင်တယ်လို့ ရုရှားအရေးပေါ် ကယ်ဆယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဇွန် ၃၀ ရက်နေ့မှာ မိုးစဲသွားမယ် မျှော်လင့်ရပြီး အခြေအနေ ကောင်းမွန်လာမယ်လို့ ရုရှားမိုးလေ၀သဌာနက ဆိုပါတယ်။

အမြန်လမ်းမကြီးတွင် ခရီးသည်တင် Express ယာဉ်အား ကုန်တင်ယာဉ်တစ်စီးက နောက်မှဝင်တိုက်မှု ဖြစ်ပွား

အမြန်လမ်းမကြီး မန္တလေး-နေပြည်တော်အပိုင်း မိုင်တိုင်အမှတ် ၃၁၄/၂ တွင် ဇွန်လ ၂၈ ရက် ည ၁၁း၄၅ နာရီအချိန်ခန့်က ကားဘီးပေါက်သဖြင့် လမ်းဘေးချ ဘီးလဲနေသော ခရီးသည်တင် Express ယာဉ်အား ကုန်တင်ယာဉ်တစ်စီးက နောက်မှဝင်တိုက်မှု ဖြစ်ပွားခဲ့သည်။ြ ဖစ်စဉ်မှာ ယာဉ်မောင်း ကိုထွန်းထွန်းဝင်း မောင်းနှင်လာသည့် 1E/---- ရွှေစင်ရတနာ ခရီးသည်တင် Express ယာဉ် သည် နောက်ယာဘက်ဘီးပေါက်သဖြင့် မြေသားလမ်းပေါ်ရပ်ကာ ဂျိုက်ထောက် ဘီးလဲလှယ်နေစဉ် လာရားတူနောက်မှယာဉ်မောင်း ကိုဥာဏ်စိန်မောင်းနှင်လာသည့် 2L/----(၆)ဘီး ကုန်တင်ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်ပြီး Express ယာဉ်၏ ဝဲဘက်နောက်အား ဝင်တိုက်သဖြင့် Express ယာဉ်မှ ကျား (၂)ဦး စိုးရိမ်ရဒဏ်ရာရရှိပြီး နောက်မှ ဝင်တိုက်သည့် ကုန်တင်ယာဉ်မောင်းကို ဉာဏ်စိန်သည် သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဧရာဝတီမြစ်ကမ်းပါးပြိုကျ၍ ပွင့်ဖြူမြို့နယ်၌ လူနေအိမ် ၁၆ လုံး ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ရ

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာအုပ်စု သိမ်ကုန်းကျေးရွာ၊ ပေါက်ကုန်းကျေးရွာအုပ်စု ကျောင်းစုကျေးရွာ၊ အရှေ့လေးအိမ်ကျေးရွာအုပ်စု မြင်းခြံစုကျေးရွာတို့တွင် ဇွန် ၂၈ ရက် နံနက် ၉ နာရီက ဧရာဝတီ မြစ်ကမ်းပါး ပြိုကျလာမှုကြောင့် လူနေအိမ် ၁၆ လုံး ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တည် လမ်းပိုင်းရှိ တံတားနှစ်စင်း ပျက်စီး

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တည် လမ်းပိုင်းရှိ ကြိုးတံတားတစ်စင်း ချောင်းရေတိုက်စားမျောပါပြီး ဘေလီတံတားတစ်စင်း ကမ်းကပ်ခုံနိမ့်ကျမှုဖြစ်ခဲ့ကြောင်း ထိန်ချုံး- မြစ်ကြီးနား လမ်းဖောက်လုပ်ရေးကုမ္ပဏီမှ သိရသည်။

နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) က ဆောင်ရွက်နေသော အခြားစီမံကိန်း လုပ်ငန်းများကို ပံ့ပိုးနိုင်ရန် အိပ်ခ်ျအိုင်ဗွီ တီဘီရောဂါ လူနာများအတွက် ကုသနေသော အင်းစိန်ဆေးခန်းကို ပိတ်သိမ်း

ပိတ်သိမ်းလိုက်ပြီ ဖြစ်သည့် MSF အဖွဲ့၏ အင်းစိန်ဆေးခန်းအား ဇွန် ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အိသဥ္ဇာကျော်)နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) မှ ဆောင်ရွက်နေသော အခြားစီမံကိန်း လုပ်ငန်းများကို ပံ့ပိုးနိုင်ရန် အိပ်ခ်ျအိုင်ဗွီ တီဘီရောဂါ လူနာများအတွက် ကုသနေသော အင်းစိန်ဆေးခန်းကို ဇွန်၂၇ ရက်က တရားဝင် ပိတ်သိမ်းခဲ့ပြီး ယင်းဆေးကုခန်းတွင် ကုသလျက်ရှိသော လူနာများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ အမျိုးသား ခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) အင်းစိန်ဆေးခန်းမှ ဆေးခန်းမန်နေဂျာ ဒေါက်တာမြသီတာက ပြောကြားသည်။

တရုတ်နိုင်ငံတွင် မှို အဆိပ်သင့်သဖြင့် မန္တလေးဆေးရုံကြီး၌ တက်ရောက်ကုသနေသူ ခြောက်ဦးအနက် သုံးဦး ထပ်မံသေဆုံး

တရုတ်နိုင်ငံ ၊ ယူနန်ပြည်နယ် အတွင်းရှိ ကြံစိုက်ခင်းတစ်ခုတွင် သွားရောက်အလုပ်လုပ်ကိုင်ကြသည့် မြန်မာနိုင်ငံသား (၇) ဦး သည် ကြံစိုက်ပျိုးသည့် စိုက်ပျိုးခြံအနီးတွင် ပေါက်ရောက်နေသည့် မှိုများအား စားသုံးမိရာမှ မှိုအဆိပ်သင့်မှု ဖြစ်ပွားခဲ့သဖြင့် တရုတ်နိုင်ငံမှ တဆင့် မူဆယ်မြို့သို့ပို့ဆောင်ပြီး ထိုမှတဆင့် မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင် ကုသရာ မန္တလေးဆေးရုံကြီးတွင် ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းက သုံးဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။  အဆိုပါ မှို အဆိပ်သင့်မှု စတင်ဖြစ်ပွားသည့် ဇွန်လ ၂၀ ရက်နေ့မှစ၍ မှိုအဆိပ်သင့်သူများအား တရုတ် နိုင်ငံဆေးရုံတစ်ခုတွင် တက်ရောက်ကုသရာမှ ဇွန်လ ၂၆ ရက်နေ့တွင် မူဆယ်မြို့မှတဆင့် မန္တလေးဆေးရုံကြီးသို့ ကရုဏာလူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ရာ နမ့်ဖတ်ကာ နှင့် ကွတ်ခိုင်မြို့ကြားရှိ ပန်ဂျလော့တွင် တစ်ဦးသေဆုံးခဲ့ကာ မန္တလေးဆေးရုံကြီးသို့ ခြောက်ဦး တက်ရောက်ကုသမှု ခံယူခဲ့ကြောင်း သိရသည်။

တရားမဝင်ရထားလမ်းကူးဂိတ်များမှာ တရားဝင်ဂိတ်ထက် နှစ်ဆခန့်များပြားလျက်ရှိပြီး ရထားနှင့်ယာဉ်တိုက်မှုဖြစ်စဉ်များတွင် ဆိုင်ကယ်ဖြင့်တိုက်မှုမှာ သေဆုံးမှုအများဆုံးဖြစ်နေဟု သိရ

တစ်နိုင်ငံလုံးအတိုင်းအတာအရ တရားဝင်ရထားလမ်းကူးဂိတ် ၁၆၆၇ ဂိတ်ရှိကာ တရားမဝင်ဂိတ်ပေါင်းမှာ ၂၄၈၅ ဂိတ်ရှိပြီး ရထားနှင့် ယာဉ်တိုက်မှုဖြစ်စဉ်များတွင် ဆိုင်ကယ်ဖြင့်တိုက်မှုမှာ သေဆုံးမှုအများဆုံးဖြစ်နေကြောင်း သိရသည်။ြ မန်မာ့မီးရထားမှ ကောက်ယူထားသော စာရင်းများအရ ရထားနှင့် ယာဉ်မတော်တဆမှုများမှာ ၂၀၁၇-၁၈ ခုနှစ်တွင် စုစုပေါင်း ၂၁၆ မှုဖြစ်ပွားခဲ့ကာ ၂၀၁၈-၁၉ ခုနှစ်တွင် ၁၇၅ မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ယခင်က ရရှိရန် ခက်ခဲသည့် ကင်ဆာကုသမှု ဆေးများကို ဝန်ကြီးဌာနက နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နားလည်မှုစာချွန်လွှာများ ရေးထိုးထားသဖြင့် ပံ့ပိုးမှုများ မကြာမီရရှိမည်ဟုဆို

မြန်မာနိုင်ငံတွင် ယခင်က ရရှိရန် အလွန်ခက်ခဲသည့် အရည်အသွေးမြင့်မားပြီး ဈေးနှုန်း မြင့်မားသော ကင်ဆာကုသမှု ဆေးများကို ယခုအခါ ဝန်ကြီးဌာနက နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နားလည်မှု စာချွန်လွှာများ ရေးထိုးထားကာ ပံ့ပိုးမှုများကို မကြာမီ ရရှိမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကပြောကြားသည်။

ကလေးများကို ကယ်တင်ပါ

ကလေးများကို ကယ်တင် ပါ။ စာရေးသူတို့၏ နိုင်ငံတွင်သစ်တောပြုန်းတီးမှု၊ မြစ်ဆုံအရေး၊ အ နောက်တံခါး (ရခိုင်ပြည်နယ် အ ရေး)၊ ငြိမ်းချမ်းရေး၊ စစ်ဘေး ရှောင်ဒုက္ခသည်အရေး၊ အလုပ် လက်မဲ့လျှော့ချရေး၊ သက်ကြီး ရွယ်အိုများအရေး၊ ရွှေ့ပြောင်း လုပ်သားအရေးအစရှိသည့် ဖြေ ရှင်း၍မပြီးဆုံးနိုင်သည့် အရေး ကိစ္စများစွာရှိပါသည်။

တစ်ကျော့ပြန် ခြိမ်းခြောက်လာသည့် H1N1

မြန်မာနိုင်ငံတွင် ယင်းရောဂါသည် ၂၀၀၉ က စတင်ဖြစ်ပွားခဲ့ ပြီး အဆိုပါရောဂါပိုးကူးစက်မှုမှာ ၂၀၁၀ နှင့် ၂၀၁၄ တွင် အဓိကဖြစ်ပွားခဲ့သည်။ ရောဂါဖြစ်ပွားမှု သည် ၂၀၀၉ တွင် ၁၆ ဦး၊ ၂၀၁၀ တွင် ၂၃၂ ဦး၊ ၂၀၁၂ တွင် ၂၉ ဦး၊ ၂၀၁၃ တွင် တစ်ဦး၊ ၂၀၁၄ တွင် ၁၆၇ ဦး၊ ၂၀၁၅ တွင် သုံးဦးနှင့် ၂၀၁၆ တွင် ကိုးဦးရှိခဲ့သည်။ သို့ သော် သေဆုံးမှုမရှိခဲ့ပေ။  ၂၀၁၇ တွင်မူ ယင်းရောဂါကူးစက်မှုဒဏ်ကို ပြည်သူများ စိုးရိမ်ထိတ်လန့်စွာ ခံစားခဲ့ရ သည်။ ယင်းရောဂါကြောင့် တောင်ပြုံးပွဲတော်ကဲ့သို့ ပွဲတော် အချို့ကိုပင် ပိတ်ထားခဲ့ရပြီး ကျန်းမာရေးဝန်ထမ်း (ဆရာဝန်)အချို့ပင် ရောဂါကူးစက်ခံခဲ့ရသည်။ ၂၀၁၇ ဇူလိုင်မှ စက်တင်ဘာအထိတစ်နိုင်ငံလုံးတွင် ရာသီတုပ်ကွေးပိုး တွေ့ရှိသူ ၄၀၆ ဦးရှိပြီး ၃၈ ဦး သေဆုံးခဲ့သည်။ ၂၀၁၈ တွင်မူပိုးတွေ့ရှိသူ ၁၃ ဦးသာရှိပြီး သေ ဆုံးသူမရှိခဲ့ပေ။ 

တင်ဒါနှင့် ပတ်သက်၍ ဝန်ကြီးချုပ်က သမ္မတရုံးညွှန်ကြားချက်ကို ချိုးဖောက်ဟု ကယားလွှတ်တော်အမတ်ပြော ဒေသနှင့် ကိုက်ညီအောင် ဆောင်ရွက်ခြင်းဟု ဝန်ကြီးရှင်းလင်း

 ကယားပြည်နယ် ဝန် ကြီးချုပ်က တင်ဒါလုပ်ငန်းများနှင့် ပတ်သက်သည့် ကြမ်းခင်းဈေးနှုန်းကို လျှို့ဝှက်သတ်မှတ်နေခြင်း သည် သမ္မတရုံး ညွှန်ကြားချက်ကို ချိုးဖောက်ခြင်းဖြစ်ပြီး အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့် ငြိစွန်းခြင်း ရှိ၊ မရှိ  ဖရူဆိုပြည် နယ် လွှတ်တော်အမတ် ခူးသဲရယ် က မေးခွန်းထုတ်သည်။ တင်ဒါဆိုင်ရာ ညွှန်ကြား ချက် (၁/၂၀၁၇) တွင် တင်ဒါကော်မတီသည် တင်ဒါခေါ်ယူမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဈေးနှုန်းများ သတ်မှတ်ရန် နားလည်တတ်ကျွမ်းသော သက်ဆိုင်ရာဦးစီးဌာနများမှ ကိုယ်စားလှယ်အနည်းဆုံး  သုံးဦးပါဝင်၍ ကြမ်းခင်းဈေးတွက် ချက်ရေးကော်မတီကို ဖွဲ့စည်းတာဝန်ပေးရန် ဖော်ပြထားသည်။

ရွေးကောက်ပွဲကုန်ကျစရိတ် မမှန်မကန်ပြုလုပ်မည်ကို SNLD စိုးရိမ်

၂၀၂၀ ရွေးကောက်ပွဲ တွင် ရွေးကောက်ပွဲကုန်ကျစရိတ် နှင့်ပတ်သက်၍ မမှန်မကန်ပြုလုပ် လာမည်ကို စိုးရိမ်ကြောင်း ရှမ်း တိုင်းရင်းသားများဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီ ( SNLD) ပြောရေးဆို ခွင့်ရှိသူများက ဇွန်လ ၂၅ ရက် တွင် ပြောသည်။ ယမန်နှစ် ကြားဖြတ်ရွေး ကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော SNLD  ကိုယ်စားလှယ်က ပြည် ထောင်စု ရွေးကောက်ပွဲကော်မ ရှင်ထံ ကန့်ကွက်လွှာတင်သွင်း မှုကိုကိုးကား၍  မီဒီယာများအား ရှင်းလင်း  ပြောကြားခြင်းလည်း  ဖြစ်သည်။

အမုန်းများရပ်

ကလေးငယ်နှစ်ဦးမှာ နီကွန် ကင်မရာ မျက်နှာပြင်ထက်မှ သူတို့ရုပ်ပုံကို မြင်သည့်အခါ ပျော်ရွှင်မြူထူးစွာ အော်ဟစ်ရင်း ခုန်ပေါက်လိုက်သည်။  အခြားသော အရွယ်စုံ ကလေးများလည်း ဓာတ်ပုံအရိုက် ခံလိုသဖြင့် ကင်မရာကိုင်ထား သည့် အမျိုးသားအနီး ၀ိုင်းအုံလာ သည်။ သို့သော် ‘‘ဓာတ်ပုံရိုက်မ လား၊ လာလာ ရိုက်ပေးမယ်’’ဟု ယင်းအမျိုးသားထံမှ ကြားလိုက် ရသည့် ဗမာစကားတစ်ခွန်း ကြောင့် ကလေးများ မျက်စိမျက် နှာပျက်ကာ ရှောင်ဖည်သွားကြ သည်။ ရခိုင်ပြည်နယ် မင်းပြားမြို့ နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်း တစ်ခုတွင် လာရောက်သတင်းယူ သည့် သတင်းထောက်တစ်ဦး ကြုံ တွေ့ခဲ့သည့်ဖြစ်ရပ်ဖြစ်သည်။

နေပြည်တော်ရှိ ပုဂ္ဂလိကမူကြိုကျောင်း၌ သုံးနှစ်အရွယ်ခန့် မိန်းကလေးတစ်ဦး လိင်အကြမ်းဖက်ခံရသည့် အမှုနှင့်ပတ်သက်၍ ဖမ်းဆီးစစ်ဆေးနေသည့် သံသယရှိသူအား ပြန်လွှတ်ပေးခဲ့ခြင်းသည် တရားစွဲတင်ရန် လုံလောက်သည့် အထောက်အထား မရှိသေးခြင်းကြောင့်ဖြစ်ပြီး မှုခင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဟုဆို

နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်း၌ တက်ရောက်နေသည့် သုံးနှစ်အရွယ်ခန့် မိန်းကလေးတစ်ဦး လိင်အကြမ်းဖက်ခံရသော အမှုနှင့်ပတ်သက်၍ ဖမ်းဆီးစစ်ဆေးနေသည့် သံသယရှိသူအား ပြန်လွှတ်ပေးခဲ့ခြင်းသည် တရားစွဲတင်ရန် လုံလောက်သည့် အထောက်အထား မရှိသေးခြင်းကြောင့်ဖြစ်ပြီး မှုခင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးကြီး မင်းဟန်က ပြောကြားသည်။

ပုသိမ်ခရိုင်တရားရုံးတွင် အချုပ်တရားခံအား ဝင်ရောက်လုယက်မှု ဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ပုသိမ်မြို့ရှိ ပုသိမ်ခရိုင် တရားရုံးတွင် မူးယစ်ဆေးဝါးမှုဖြင့် စစ်ဆေးလျက်ရှိသော အချုပ်တရားခံအား ဇွန်၂၇ ရက် ညနေ ၅ နာရီခန့်တွင် ဝင်ရောက်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ပုသိမ်ခရိုင်တရားရုံး ခရိုင်တရားသူကြီး ဒေါ်မြင့်ဝှါ၏ ရုံးတွင် အမှုအမှတ် ၁၀/၂၀၁၈၊ မူး/စိတ် ၁၉(က)ဖြင့် စစ်ဆေးလျက်ရှိသော အချုပ်တရားခံ ဦးမြင့်ဦး (၅၂ နှစ်)အား တရားရုံးထုတ်ပြီး အချုပ်ခန်းသို့ ပြန်လည်ခေါ် ဆောင်လာစဉ် ဝင်ရောက်လုယက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဓနုဖြူမြို့ခရီးစဉ်တွင် မလက်တိုကျေးရွာများမှ မြေသိမ်းခံလယ်သမားများမှ မြေယာပြသနာများ ကူညီဖြေရှင်းပေးရန်နှင့် ကျောင်းသားအချို့မှ မောင်ထူးဝေယံ လွတ်မြောက်ရေးနှင့် ကိုထွန်းမြင့်ဝင်း အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆန္ဒထုတ်ဖော်

ဧရာဝတီတိုင်းဒေသကြီး  ဓနုဖြူမြို့တွင် ဇွန် ၂၈ ရက်က ပြုလုပ်ခဲ့သော  တောင်သူလယ်သမားများတွေ့ဆုံပွဲသို့ တက်ရောက်လာခဲ့သည့် နိုင်ငံတော်၏အတိုပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား မအူပင်မြို့နယ် မလက်တိုကျေးရွာမှ မြေသိမ်းခံလယ်သမားများမှ မြေယာပြသနာများ ကူညီဖြေရှင်းပေးရန် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသည်။ ထို့အတူ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေရုံ စီမံကိန်း ပဋိပက္ခနှင့် ပက်သက်ပြီး ဖမ်းဆီးခံထားရသော ကိုးတန်းကျောင်းသား ကိုထူးဝေယံလွတ်မြောက်ရေးနှင့် အဆိုပါ ပဋိပက္ခနှင့် ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် အကျဉ်းထောင်အတွင်း အသက်ဆုံးပါးခဲ့သူ ကိုထွန်းမြင့်ဝင်း၏ အမှုအား အမှုမှန်ပေါ်ပေါက်ရေးအတွက် ဓနုဖြူမြို့နယ် ကျောင်းသားများ သမဂ္ဂမှ ကျောင်းသားအချို့က ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။

IS တိုက်ခိုက်ရေးသမားများနှင့်ပတ်သက်၍ အမေရိကန်က ဥရောပကို သတိပေး

ဆီးရီးယားတွင် IS ဂျီဟတ်အဖွဲ့နှင့် သွားရောက်ပူးပေါင်းခဲ့သော ゞင်းတို့၏ နိုင်ငံသားများအား တရားစွဲဆိုရန်အတွက် ဥရောပနိုင်ငံများက နေရပ်သို့ ပြန်လည်လွှဲပြောင်းယူခြင်း မပြုသည့်လုပ်ရပ်သည် မှားယွင်းသော ဆုံးဖြတ်ချက်ဖြစ်ကြောင်း အမေရိကန်က ဇွန် ၂၇ ရက်တွင် သတိပေးခဲ့သည်။ IS အဖွဲ့က ကိုယ့်ကိုယ်ကိုယ် မွတ်စလင်ပိုင်နက်အဖြစ် ကြေညာထားသော နယ်မြေများအား ဆုံးရှုံးခဲ့ရပြီးနောက် အမေရိကန်ဦးဆောင်သည့် ဆီးရီးယားသူပုန်တပ်ဖွဲ့များသည် ပြည်ပတိုက်ခိုက်ရေးသမား ထောင်ပေါင်းများစွာအား ထိန်းသိမ်းထားရသည်။ သို့သော် အနောက်တိုင်းမှ နိုင်ငံအများအပြားသည် ပြည်သူလူထု၏ ဆန့်ကျင်ခြင်း ကြုံရနိုင်မှု၊ ထိုတိုက်ခိုက်ရေးသမားများက ခြိမ်းခြောက်လာနိုင်မှုတို့ကို စိုးရိမ်မှုတို့ကြောင့် ゞင်းတို့၏ နိုင်ငံသားတိုက်ခိုက်ရေးသမားများအား ပြန်လည်ခေါ်ယူရန် တွန့်ဆုတ်နေခဲ့ကြသည်။