
မေလအတွင်းက ကျင်း ပသောတရားဝင်ဂီတဖျော်ဖြေ ရေးခရီးစဉ်များ၏ အဆင့်လိုက် ၀င်ငွေရပ်တည်မှုကို Billboard က ထုတ်ပြန်ရာ BTS သည် ဖျော်ဖြေပွဲ ရှစ်ကြိမ်ပြုလုပ်ပြီး ကန်ဒေါ်လာ ၅၁ သန်းဝင်ငွေရရှိ ကာ နံပါတ် (၁) ချိတ်ခဲ့သည်။ BTS နောက်တွင် ဖျော်ဖြေ ပွဲ ငါးကြိမ်ပြုလုပ်ခဲ့သော Metallica က ကန်ဒေါ်လာ ၂၈ သန်းဖြင့် ဒုတိယနေရာ၌ရပ်တည် ခဲ့သည်။ BTS သည် Love Yourself: Speak Yourself ကမ္ဘာလှည့် ဖျော်ဖြေရေးခရီးစဉ်ကို ဇူလိုင်တွင် ဆက်လက်ခရီးဆက်မည်ဖြစ်ပြီး ဂျပန်နိုင်ငံ၌ လေးပွဲပြုလုပ်မည် ဖြစ်သည်။ ဖျော်ဖြေပွဲ သုံးကြိမ်ပြုလုပ် ပြီး ကန်ဒေါ်လာ ၃ ဒသမ ၆ သန်း ရရှိသော BLACKPINK သည် မေလအတွင်း ဖျော်ဖြေပွဲများမှ ငွေအကောင်းဆုံး ထိပ်ဆုံး ၃၀ စာရင်းတွင် ပါဝင်သည့် တစ်ခု တည်းသော နောက်ထပ်ကေ ပေါ့ပ်အဖွဲ့ဖြစ်သည်။
No comments:
Post a Comment