Sunday, June 30, 2019

ယူနက်စကိုအောင်စာရင်းတွင် ပုဂံပါဝင်ဟု သတင်းကြားထားကြောင်း သူရဦးအောင်ကိုပြော ယူနက်စကိုဝင်ရေးဆုံးဖြတ်မည့်အစည်းအဝေးသို့ မြန်မာတက်ရောက်၊ စာရင်းမ၀င်ပါက ပြန်မလာတော့ဟုကိုယ်စားလှယ်တစ်ဦးဆို

ရှေးဟောင်းမြို့တော် ပုဂံဒေသကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး ဆုံးဖြတ်ပေးမည့်အစည်းအဝေးသို့ တက်ရောက်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က အဇာဘိုင်ဂျန်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်သည်။ ပုဂံဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်၊ မ၀င်နှင့်ပတ်သက်ပြီး အဇာဘိုင်ဂျန်နိုင်ငံ၌ ဇွန်လ ၃၀ ရက်မှ ဇူလိုင် ၁၀ ရက်အထိ ပြု လုပ်နေသော (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီအ စည်းအဝေးတွင် ကော်မတီ၏အ မြဲတမ်းစာရင်းဝင် ၂၁ နိုင်ငံက ဆုံးဖြတ်မည်ဖြစ်သည်။



ပုဂံဒေသနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဇူလိုင် ၅ ရက်မှ ၇ ရက်ကြား ဆွေးနွေးဆုံး ဖြတ်ရန်ရှိကြောင်း မြန်မာကိုယ် စားလှယ်အဖွဲ့က ဆိုသည်။

‘‘ပုဂံကိုယူနက်စကိုမ၀င်ဘူး ဆိုရင်တော့ ပြန်မလာတော့ဘူး လို့ ဆုံးဖြတ်ထားတယ်’’ ဟု မြန် မာကိုယ်စားလှယ်တစ်ဦးဖြစ်သူ ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ညွှန်ကြားမှုဦးစီးဌာန (ပုဂံ)ညွှန်ကြားရေးမှူးဦးအောင် အောင်ကျော်က ပြောသည်။

ယမန်နေ့က အဇာဘိုင်ဂျန် သို့ ထွက်ခွာသည့်မြန်မာကိုယ်စား လှယ်အဖွဲ့ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးသူရဦးအောင်ကို လိုက်ပါပို့ဆောင်ခဲ့သည်။

အဇာဘိုင်ဂျန်တွင် ဆုံးဖြတ် မည့်ယူနက်စကိုစာရင်းဝင်ရေး အောင်စာရင်းတန်းစီဇယားတွင် ပုဂံပါဝင်သည်ဟု သတင်းကြားသိ ထားကြောင်း သူရဦးအောင်ကိုက 7Day Daily သတင်းစာအား ပြောကြားသည်။

‘‘အခြေအနေလုံးဝကောင်း တယ်လို့ ကြားရပါတယ်။ တခြား သတင်းတစ်ခုအရကလည်း ယူ နက်စကို ကမ္ဘာ့ယဉ်ကျေးမှုအမွေ အနှစ်နဲ့ ပတ်သက်ပြီးတော့မှ ICOMOS  အဖွဲ့ထံက သတင်း ကြားရတာကလည်း ကျွန်တော် တို့ မြန်မာနိုင်ငံက အောင်မှတ်အ ပြည့်အ၀ရရှိတယ်လို့ သတင်း ကြားထားရပါတယ်။ နောက်ပြီး တော့လည်း ကမ္ဘာမှာက ပုဂံနဲ့ တူ တဲ့၊ ဆင်တူရိုးမားရှိတဲ့ဒေသ တောင် မရှိပါဘူး။ ပုဂံက တခြား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ရှိ တဲ့ ဒေသတွေနဲ့လုံးဝမတူပါဘူး။ ဆန့်ကျင်ခြားနားပါတယ်။ ဆွဲ ဆောင်မှုက အပြည့်ဖြစ်ပါတယ်။ ဧရိယာစတုရန်းမိုင် ၄၀၀ လောက် အတွင်းမှာ အမွေအနှစ်ပေါင်း ၄,၀၀၀ လောက်တစုတစည်း တည်းရှိတဲ့ပုဂံဒေသဖြစ်ပါတယ်’’ ဟု သူရဦးအောင်ကိုက ပြော သည်။

ထို့အပြင် ပုဂံဒေသယူနက် စကိုစာရင်းဝင်ရေး သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက အ ကောင်းဆုံးနှင့် အစွမ်းကုန်ကြိုး စားခဲ့ပြီး နိုင်ငံတော်သမ္မတနှင့် အ တိုင်ပင်ခံပုဂ္ဂိုလ်တို့က အကောင်း ဆုံး ကူညီပံ့ပိုးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

‘‘ဒီလို စာရင်းဝင်တာက ပုဂံ ဒေသအတွက်ပင်မဟုတ်ဘဲ ပြည် ထောင်စုတစ်ခုလုံးရဲ့ အမျိုးသား ရေးဂုဏ်သိက္ခာနဲ့လည်းသက်ဆိုင် နေပါတယ်။ ရာနှုန်းပြည့်အောင် မြင်မယ်လို့ ပြောကြားလိုပါတယ်’’ ဟု သူရဦးအောင်ကိုက ပြော သည်။

အစည်းအဝေးတက်ရောက် ရန် ကိုယ်စားလှယ်နှစ်ဖွဲ့ခွဲ၍ သွား ရောက်မည်ဖြစ်ပြီး ဒုတိယအ သုတ်အနေဖြင့် အနုပညာရှင်များ နှင့် လူ ၂၀ ကျော်ပါသောအဖွဲ့က ဇူလိုင် ၄ ရက်တွင် သွားရောက် မည်ဖြစ်သည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရန် တင်သွင်းထားသောရှေး ဟောင်းမြို့တော်ပုဂံဒေသကို နိုင် ငံတကာ အထိမ်းအမှတ်အ ဆောက်အအုံနှင့် နေရာဒေသများ ကောင်စီ(ICOMOS)အဖွဲ့မှပညာ ရှင်တစ်ဦးက ၂၀၁၈ စက်တင်ဘာ တွင် ၁၀ ရက်ကြာ လာရောက် စစ်ဆေးခဲ့သည်။

ပုဂံဒေသကို ယူနက်စကိုစာ ရင်းဝင်ရေးတင်သွင်းခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး စစ်အစိုးရ လက်ထက် ၁၉၉၆ က တစ်ကြိမ် တင်သွင်းခဲ့သည်။ ထိုစဉ်က ရှေးဟောင်းဥပဒေပြဋ္ဌာန်းထားမှု မရှိခြင်းနှင့် အချက်အလက်များ ပြည့်စုံမှုမရှိ၍ ယူနက်စကိုအဖွဲ့က ပယ်ချခဲ့သည်။

ပုဂံဒေသ ကမ္ဘာ့အမွေအ နှစ်စာရင်းဝင်ဖြစ်လာပါက ကမ္ဘာ လှည့်ခရီးသွားများ လာရောက် ကြည့်ရှုမှုများပြားလာခြင်း၊ စစ် မဖြစ်ရဇုန်အဖြစ် ထားရှိခြင်းနှင့် ကမ္ဘာအရပ်ရပ်ရှိ ရှေးဟောင်း ပညာရှင်များက လာရောက်ထိန်း သိမ်းပြုပြင်ပေးခြင်းစသည့် အ ကျိုးကျေးဇူးများ ခံစားရမည်ဖြစ် ကြောင်း ရှေးဟောင်းပညာရှင် များက ပြောသည်။

ရှေးဟောင်းမြို့တော်ပုဂံဒေ သယူနက်စကိုစာရင်းဝင်ရေး ၂၀၁၈ ဇန်န၀ါရီ ၂၅ ရက်က အ ပြီးသတ်အဆိုပြုလွှာတင်သွင်းခဲ့ သည်။ ပုဂံဒေသကို စီမံခန့်ခွဲမှု အပိုင်းများ၊ စေတီပုထိုးအရေအ တွက်၊ ကျောက်စာ၊ မင်စာနှင့် နံရံဆေးပန်းချီအရေအတွက်၊ ပုဂံ ဒေသရှိ ဘုရားပွဲတော်များအ ကြောင်း အပါအ၀င်စာမျက်နှာ ၂,၀၀၀ ခန့်ရေးသားပြီး ပြင်သစ် နိုင်ငံရှိ ကမ္ဘာ့အမွေအနှစ်စင်တာ သို့ ပေးပို့ခဲ့သည်။

ယခင်က ရှေးဟောင်းမြို့ တော်ပုဂံဇုန်ဧရိယာသည် စတု ရန်းဧက ၂၇,၉၇၀ သာကျယ်ဝန်း ပြီး ယူနက်စကိုစာရင်းတင်သွင်း ရာတွင် ယခင်ထက်ဧက ၂၀,၀၀၀ ခန့်တိုးချဲ့ကာ ၄၈,၀၉၉ စတုရန်း ဧကအထိ တိုးချဲ့တင်သွင်းထား သည်။ ယူနက်စကိုစာရင်းတင် သွင်းရာတွင် အရှေ့ဖွားစော၊ အ နောက်ဖွားစော၊ မင်းနန်သူ၊ သူ ဌေးကန်၊ တောင်ဘီနှင့် မြင်းကပါ ကျေးရွာများအပြင် ပုဂံမြို့အ နောက်ဘက်ရှိ ဧရာဝတီမြစ်တစ် လျှောက်လုံး ထည့်သွင်းထားကာ မကွေးတိုင်းရှိ တန့်ကြည့်တောင် ဘုရားကိုပါ ဇုန်အတွင်းထည့်သွင်း သတ်မှတ်ထားသည်။

No comments:

Post a Comment