Sunday, June 30, 2019

အင်းတော်ကြီးအိုင် စက်လှေမောင်းသမားကို စွဲချက်မတင်မီ တရားရှင်လွှတ်ရန် အမိန့်ချ

အင်းတော်ကြီးအိုင်အ တွင်း ယမန်နှစ်က လူကိုးဦးသေ ဆုံးသည့် စက်လှေတိမ်းမှောက်မှု ဖြစ်စဉ်၌ ဖမ်းဆီးခံရသော စက် လှေမောင်းသူ ဦးမောင်ဦးကို တစ်နှစ်ကျော်ကြာ စစ်ဆေးပြီးနောက် အမှုကို ရုပ်သိမ်းခွင့်ပြုပြီး စွဲချက် မတင်မီ တရားရှင်ပြန်လွှတ်ရန် တရားရုံးက ဆုံးဖြတ်ခဲ့သည်။ ‘‘သေဆုံးသူတွေရဲ့ အုပ်ထိန်းသူတွေကလည်း ဦးမောင်ဦးကို အပြစ်ကျစေလိုတဲ့ ဆန္ဒမရှိဘူး။ သူ့သားသမီးကိုယ်တိုင်လည်း သေဆုံးတဲ့အထဲ ပါခဲ့ပါတယ်။ ဒါတွေ ကြောင့် အမှုကို စွဲချက်မတင်မီ တရားရှင်ပြန်လွှတ်လိုက်တာပါ’’ ဟု မိုးညှင်းမြို့နယ် တရားသူကြီး ဦးဇော်လင်းထွန်းက ပြောသည်။



အသက် (၅၈)နှစ်အရွယ် ဦးမောင်ဦးသည် အလယ်တန်းပြ ဆရာမတစ်ဦး၊ အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူ ၁၆ ဦး နှင့် ၎င်း၏ သမီးကို စက်လှေပေါ် တင်ဆောင်ပြီး ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီး အိုင်အတွင်း ၂၀၁၈ ဖေဖော်ဝါရီ ၂၅ ရက်က လေ့လာရေးခရီးလိုက် ပို့ပေးစဉ် လေပြင်းမိကာ စက်လှေ တိမ်းမှောက်ခဲ့သည်။ ယင်းဖြစ်စဉ် တွင် ကျောင်းသား၊ ကျောင်းသူ ရှစ်ဦးနှင့် ဦးမောင်ဦး၏သမီး သေ ဆုံးခဲ့သည်။ ရဲတပ်ဖွဲ့က ဦးမောင် ဦးကို ဖမ်းဆီးပြီး ပေါ့လျော့မှု ကြောင့် လူသေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄- က ဖြင့် အမှု ဖွင့်ကာ မိုးညှင်းမြို့နယ် တရားရုံး တွင် တစ်နှစ်လေးလခန့်ကြာ စစ် ဆေးပြီး ၂၀၁၉ ဇွန်လ ၂၇ ရက် တွင် အမိန့်ချခဲ့ခြင်းဖြစ်သည်။

စက်လှေတိမ်းမှောက်နေစဉ် ရေနစ်မြုပ်နေသူများကို အခြား ကယ်ဆယ်ရေးသမားများ ရောက် မလာခင် ဦးမောင်ဦးက ကယ် ဆယ်ရေးလုပ်ခဲ့ခြင်း၊ သဘာဝ ဘေးကြောင့် မမျှော်လင့်ဘဲ စက် လှေမှောက်ခြင်း၊ သေဆုံးသူများ တွင် ၎င်း၏ သမီးကိုယ်တိုင် ပါဝင် နေခြင်းတို့အပြင် သေဆုံးသူများ ၏ မိသားစုဝင်များက အမှု ကျေအေးပေးခြင်းတို့ကြောင့် မြို့ နယ်ဥပဒေရုံးက အမှုရုပ်သိမ်းခွင့် တင်ပြလျှောက်ထားသဖြင့် မိုး ညှင်းမြို့နယ်တရားရုံးက အမှုရုပ် သိမ်းခွင့်ပြုပြီး တရားရှင်ပြန်လွှတ် လိုက်ခြင်းဖြစ်ကြောင်း ဦးဇော် လင်းထွန်းက ပြောသည်။
 လူကိုးဦးသေဆုံးစေသော စက်လှေတိမ်းမှောက်မှုဖြစ်စဉ် သည် ဒေသခံများကြားတွင် လူ ပြောများပြီး ကိုယ်တိုင်ကယ်ဆယ် ရေးလုပ်ခဲ့သလို ဖမ်းဆီးခြင်းလည်း ခံခဲ့ရသော ဦးမောင်ဦးဘက်မှ ဒေသခံ အရပ်ဘက်အဖွဲ့များက ရပ်တည်ခဲ့သည်။ စက်လှေတိမ်း မှောက်စဉ် ရေနစ်နေသူများကို ကယ်ဆယ်ရာတွင် ဦးမောင်ဦးနှင့် အတူ ဒေသခံရေလုပ်သား လေး ဦးလည်း ပါဝင်ပြီး ၎င်းတို့ငါးဦးကို 7Day News Journal က ၂၀၁၈ အတွက် 7Day Hero ဆု ချီးမြှင့်ခဲ့ သည်။ ၂၀၁၈ မတ်လ ၇ ရက်က ကျင်းပသည့် 7Day Hero ဆုချီး မြှင့်သည့် အခမ်းအနားသို့ ယင်း အချိန်က အကျဉ်းကျနေသော ဦးမောင်ဦး တက်ရောက်နိုင်ခြင်း မရှိပေ။ လုပ်ငန်းရှင်နှစ်ဦးက 7Day Hero ဆုရှင် ဦးမောင်ဦး အတွက် ကျပ်သိန်း ၅၀ စီ ထောက်ပံ့ခဲ့သည်။ ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင်အချို့နှင့် မိုးညှင်းမြို့နယ် စာရေးဆရာအပါအဝင် ဒေသ တွင်း အရပ်ဘက်အရေးလုပ် ဆောင်သူများက ဦးမောင်ဦး လွတ်မြောက်ရေး ကူညီရာ ၂၀၁၈ မတ်လ ၂၁ ရက်တွင် အချုပ်မှ လွတ်မြောက်ပြီး အမှုကို အချုပ် လွတ်ဆက်လက်ထုချေခွင့်ရရှိခဲ့ သည်။ ယခုအခါ ရာဇဝတ်ကျင့် သုံးဥပဒေပုဒ်မ ၄၉၄ (က)အရ အမှုရုပ်သိမ်းခွင့်ပြုပြီး စွဲချက် မတင်မီ ရုပ်သိမ်းခွင့်ပြုခဲ့ခြင်းဖြစ် ၍ ဦးမောင်ဦး ပြန်လွတ်မြောက် ခြင်းနှင့်အတူ တစ်နှစ်လေးလကြာ ဖြစ်ပွားနေသော အမှုလည်း ပြီးဆုံးသွားပြီဖြစ်သည်။

No comments:

Post a Comment