Sunday, June 30, 2019

မုံရွာ - ဟုမ္မလင်း ချင်းတွင်းသင်္ဘောခရီးစဉ် ပြန်လည်ပြေးဆွဲ

 ရေနည်းချိန် ရပ်နားထား သော မုံရွာ - ဟုမ္မလင်းချင်းတွင်း ရေကြောင်းသွား သင်္ဘောခရီးစဉ် ကို ဇူလိုင် ၁ ရက်ကစ၍ အပတ် စဉ် ပြန်လည်ပြေးဆွဲမည်ဖြစ် ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (ချင်းတွင်းဌာနခွဲ)  လက်ထောက် အထွေထွေမန်နေဂျာ ဦးလေးနိုင်က ပြောကြားသည်။ြ ပည်တွင်းရေကြောင်း ပို့ ဆောင်ရေးနှင့် မျိုးဇင်ယော် (ခရီး သည်နှင့် ကုန်စည်ပို့ဆောင်ရေး)တို့ ပူးပေါင်း၍ မုံရွာ - ဟုမ္မလင်း ချမ်းငြိမ်းနှစ်ထပ်သင်္ဘောခရီးစဉ် ပြေးဆွဲမည်ဖြစ်သည်။



ချမ်းငြိမ်းသင်္ဘော၏ ခရီး သည် တင်ဆောင်နိုင်မှုသည် ခရီးရှည်အတွက် ၂၀၀ ဦး တင်ဆောင်နိုင်ပြီး ခရီးတိုအ တွက် ၄၀၀ ဦး တင်ဆောင်နိုင် ကာ ကုန်ပစ္စည်းတန် ၇၀ တင် ဆောင်နိုင်ကြောင်း ဦးလေးနိုင်က ပြောသည်။

‘‘အပတ်စဉ် တနင်္လာနေ့မှာ မုံရွာကထွက်ပြီး ဗုဒ္ဓဟူးနေ့မှာ ဟုမ္မလင်းရောက်မယ်။ ဟုမ္မလင်း ကနေ သောကြာနေ့ ပြန်ထွက်ပြီး စနေနေ့မှာ မုံရွာကိုရောက်မယ်’’ ဟု ၎င်းက ပြောသည်။

မိုးရာသီ ချင်းတွင်းမြစ်ရေ များချိန် ခရီးသည်နှင့် ကုန်စည် သယ်ယူပို့ဆောင်ရေး လွယ်ကူ ချောမွေ့စေရန် ဇူလိုင်တတိယ ပတ်ကစ၍ မုံရွာ - ဟုမ္မလင်းခရီး စဉ်တွင် တစ်ပတ်လျှင်သင်္ဘော နှစ်စီးပြေးဆွဲရန် စီစဉ်ထားသည်။ ချမ်းငြိမ်း သင်္ဘောအပြင်ခရီး သည် ၄၀၀ မှ ၆၀၀ ခန့်အထိ လိုက်ပါနိုင်ပြီး ကုန်တန်ချိန် ၁၂၀ ခန့် တင်ဆောင်နိုင်သည့် ပြည် ကြီးတံခွန် (၄) သင်္ဘောဖြင့်တိုး ချဲ့ပြေးဆွဲရန် စီစဉ်ထားကြောင်း ဦးလေးနိုင်က ပြောသည်။

‘‘မိုးရာသီမှာ သင်္ဘောတွေ ဆွဲပေးရင် ခရီးသည်တွေအတွက် ပိုကောင်းတာပေါ့။ မိုးတွင်းမှာ အမြန်ရေယာဉ်တွေက အန္တရာယ် များတယ်။ ဟိုတုန်းကလည်း ခရီးသည်တွေ အများကြီးတင်လို့ မှောက်တာတွေလည်းရှိတယ်။ ခရီးသည်တွေအနေနဲ့ လုံခြုံမှု မရှိဘူး။ မလွှဲသာလို့သာဒီရေ ယာဉ်တွေနဲ့ သွားနေရတာ။ သင်္ဘောတွေ ပြေးလာရင်တော့ ခရီးသည်တွေအတွက် သက် သောင့်သက်သာနဲ့ အန္တရာယ် ကင်းကင်း သွားနိုင်တာပေါ့’’ ဟု ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင်က ပြောကြားသည်။

ယခုနှစ်ကစ၍ ဟုမ္မလင်းမြို့မှ ခရီးသည်များသည် ရေလမ်း၊ ကုန်းလမ်းနှင့် လေကြောင်းခရီးတို့ဖြင့် ရာသီမရွေးသွားလာနိုင်သော်လည်း အခြေခံလူတန်းစား အများစုသည် ရေလမ်းနှင့် ကုန်းလမ်းသာ အဓိကအားထားနေရကြောင်း  ဦးကျော်ဌေးလွင်က ပြောသည်။
ဇူလိုင် ၁ ရက်ကစတင်ပြေး ဆွဲမည့် မုံရွာ - ဟုမ္မလင်း ချမ်း ငြိမ်း နှစ်ထပ်သင်္ဘောခရီးစဉ်၌မုံရွာမြို့မှ မင်းကင်း၊ ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်နှင့် ဟုမ္မလင်းမြို့သို့ သတ်မှတ်ဈေး နှုန်းများနှင့်အညီ ခရီးသည်နှင့် ကုန်စည်များ သယ်ယူပို့ ဆောင်မည်ဖြစ်ကြောင်း ပြည် တွင်းရေကြောင်း ပို့ဆောင်ရေး (ချင်းတွင်းဌာနခွဲ) မှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

No comments:

Post a Comment