ခါကာဘိုရာဇီနှင့် ဖုန်ကန်ရာ ဇီဧရိယာအတွင်းနေထိုင်သော ဌာနေတိုင်းရင်းသားများသည် ဥယျာဉ်တည်ထောင်ရန် WCS နှင့် သစ်တောဦးစီးဌာနတို့က စည်းရုံးချိန်ကစ၍ လက်တွေ့အ ကောင်အထည်ဖော်သည့်ကာလ တစ်လျှောက် အခက်အခဲများ ရင် ဆိုင်ရသည်ကို နှစ်လကြာမှတ် တမ်းတင်ရိုက်ကူးထားသည့် ‘နှင်း တောင်ရှိုက်သံ’မှတ်တမ်းရုပ်ရှင် မိတ်ဆက်ပွဲတွင် ယင်းသို့ပြော ကြားခြင်းဖြစ်သည်။
ခါကာဘိုရာဇီ၊ ဖုန်ကန်ရာ ဇီနှင့် တိုးချဲ့ဒေသတွင်ရှိသည့် ဧရိ ယာများကို ဒေသခံများကိုယ်တိုင် ထိန်းသိမ်းမည်ဖြစ်ကြောင်း ဦးထုံ ဖူးဒဂုဏ်က ပြောသည်။
ခါကာဘိုရာဇီနှင့် ဖုန်ကန် ရာဇီဒေသကို အမျိုးသားဥယျာဉ် အဖြစ်စတင်တည်ထောင်စဉ်က တည်းက သစ်တောဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့များ က ဒေသခံများအားကူညီထောက်ပံ့မှုများပေးမည်ဟု စည်းရုံးခဲ့သော် လည်း လက်တွေ့တွင်အထောက် အပံ့များပေးခြင်းမရှိဘဲ ဒေသခံ များ၏လုပ်ကိုင်စားသောက်မှုများ ကိုသာ ကန့်သတ်ခဲ့သည်ဟု ယင်းဒေသခံများကဆိုသည်။
ထို့ကြောင့် အမျိုးသား ဥယျာဉ်အဖြစ်မှ ဖျက်သိမ်းပေးရန် ဒေသခံများက ဆန္ဒပြခြင်း၊ သစ် တောကင်းစခန်းများကို မီးရှို့ဖျက် ဆီးခြင်းတို့ဖြင့် သစ်တောဦးစီးဌာ န၏ ဆောင်ရွက်မှုများကို ကန့် ကွက်ခဲ့သည်။
ယင်းဒေသများတွင် ဌာနေ တိုင်းရင်းသားများက ဘိုးဘွားအ စဉ်အဆက်ထိန်းသိမ်းပြီး လုပ် ကိုင်စားသောက်နေလာသဖြင့် သစ်တောဌာန၏ ထိန်းသိမ်းမှုကို မလိုအပ်ကြောင်း၊ သစ်တောနှင့် WCS ၀င်လာကတည်းက ဒေသခံ များကို ငွေကြေးထောက်ပံ့ရန် တွက်ချက်ခိုင်းသော်လည်း မည်သည့် ထောက်ပံ့မှုမျှမရှိသည့် အပြင် ကန့်သတ်ချက်များသာရှိခဲ့ ကြောင်း ဒေသခံများကပြော သည်။လက်ရှိတွင် ဒေသခံများနှင့် ပဋိပက္ခဖြစ်ရပ်များကြောင့် ဖုန် ကန်ရာဇီနှင့် ခါကာဘိုရာဇီတော ရိုင်းတိရစ္ဆာန်ဘေးမဲ့တောတို့တွင် ၂၀၁၈ နှစ်ကုန်ပိုင်းကစတင်၍ ထိန်းသိမ်းရေးနှင့် သုတေသန လုပ်ငန်းများ ရပ်နားထားရသည်။ သစ်တောဦးစီးဌာနကမူ ခါ ကာဘိုရာဇီဒေသကို ကမ္ဘာ့အမွေ အနှစ်အဖြစ် တင်သွင်းမှု ရပ် ဆိုင်းထားပြီး ဒေသခံများနှင့်ညှိ နှိုင်းပြီးမှသာ ဆက်လက်လုပ် ဆောင်မည်ဟုဆိုသည်။
No comments:
Post a Comment