
ဒေါ်ဟွတ်မင် နှင့် အမျိုးသမီး ၂ ဦးတွင် နောက်စေ့ပေါက်ပြဲ၊ ရင်ဘတ်ချိုင့်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဒေါ်တလွဲလှဲ(၄၀)နှစ်တွင် နောက်ကျောနာကျင်ဒဏ်ရာ(စိုးရိမ်ရ)နှင့် ဦးတီလ်ကုန်းပါ ၂ ဦး(ကျား ၁၊ မ ၁)တို့တွင် ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့၍ တောင်ငူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပါသည်။
ယာဉ်မောင်းဦးတီလ်ကုန်း(၅၈)နှစ်အား ဇီးပင်သာအမြန်လမ်းမကြီးရဲစခန်းယာဉ်(ပ)၂၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်/ သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။
No comments:
Post a Comment