
အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း နိုင်ဦးတွင် ဝဲချိုစောင်း ဖူးရောင်၊ နှာခေါင်းသွေးထွက်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ယာဉ်ပေါ်မှ ဦးအောင်မိုး(၅၄)နှစ်ပါ ၃ ဦး (ကျား ၁၊ မ ၂)တွင် ဝဲချိုစောင်း/ နဖူး/ ဆီးခုံ ဖူးရောင်နာကျင်ဒဏ်ရာများ(စိုးရိမ်ရ)နှင့် မမေသဲဦး(၂၄)နှစ်ပါ ၄ ဦး(ကျား ၁၊ မ ၃)တို့တွင် ဝဲချိုစောင်း/ ခြေထောက်ဖူးရောင် ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ၁၅၂၀ အချိန်တွင် မအူပင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပါသည်။
၁၆၂၀ အချိန်တွင် နိုင်ဦး(၃၅)နှစ်အား မအူပင်မြို့မရဲစခန်းယာဉ်(ပ)၁၂၂/၂၀၁၉၊ ၃၀၄-က/ ၃၃၈/ ၃၃၇(ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်/ သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
No comments:
Post a Comment