Sunday, June 30, 2019

အာရှ ယူ-၂၃ ဘော်လီဘောပြိုင်ပွဲ မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည်

အသက်(၂၃)နှစ် အောက် အာရှအမျိုးသားဘော်လီ ဘောပြိုင်ပွဲကို လာမည့် သြဂုတ် တွင် နေပြည်တော်၌ လက်ခံကျင်း ပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်က ထုတ် ပြန်သည်။ ၂၀၁၉ အာရှ ယူ-၂၃ ဘော် လီဘောပြိုင်ပွဲကို သြဂုတ် ၃ ရက်မှ ၈ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံတွင် ကျင်းပမည် ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ယှဉ် ပြိုင်ရန် လက်ရှိအချိန်အထိ  ၁၂ သင်း အကြောင်းပြန်ထားကြောင်း ဘော်လီဘောအဖွဲ့ချုပ် တာဝန်ရှိ သူတစ်ဦးက ပြောသည်။



‘‘ဖိတ်ထားတာကတော့ ၁၅ နိုင်ငံလောက် ရှိတယ်။ တချို့နိုင်ငံ တွေက အကြောင်းပြန်ထားပြီး ပါပြီ။ အခု အိမ်ရှင် မြန်မာအပါ အ၀င် ၁၃ နိုင်ငံ ပါဖို့ သိရပြီ။ နောက်ထပ် သုံးနိုင်ငံကတော့ အတည်မပြုရသေးပါဘူး’’ ဟု အဖွဲ့ ချုပ်တာဝန်ရှိသူက ပြောသည်။

ပြိုင်ပွဲတွင် အိမ်ရှင် မြန်မာ အပါအ၀င် သြစတြေးလျ၊ တရုတ်၊ တိုင်ပေ၊ ထိုင်း၊ ဗီယက်နမ်၊ နယူးဇီလန်၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဟောင်ကောင်၊ အိန္ဒိယ၊ ကာဇက် စတန်၊ ဂျပန်အသင်းများ ယှဉ်ပြိုင် ရန် အတည်ပြုချက် ရထားပြီဖြစ်သည်။ အာရှ ယူ-၂၃ ဘော်လီဘော ပြိုင်ပွဲကို ရုပ်သံမှ တိုက်ရိုက်ထုတ် လွှင့်ပြသရန် စီစဉ်နေကြောင်း ၎င်း က ဆိုသည်။ အာရှယူ-၂၃ ဘော် လီဘောပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ၂၀၁၅ က အိမ်ရှင်အဖြစ် ကျင်းပ ခဲ့ပြီး ယခုအကြိမ်သည် ဒုတိယ မြောက် ကျင်းပခြင်းဖြစ်သည်

No comments:

Post a Comment