Sunday, June 30, 2019

အာရှအပြည်ပြည်ဆိုင်ရာကလေးများ ရုပ်ရှင်ပွဲတော်အတွက် ပြိုင်ပွဲဝင်ဇာတ်ကားများ ဖိတ်ခေါ်

ဂျပန်နိုင်ငံ၌ ကျင်းပမည့် အာရှအပြည်ပြည်ဆိုင်ရာကလေး များ ရုပ်ရှင်ပွဲတော်ဝင်ရန် မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ ပြိုင်ပွဲဝင်ဇာတ်ကားများ ပေးပို့နိုင် ကြောင်း ယင်းအစည်းအရုံး၏ ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက ပြော သည်။ ‘‘နှစ်စဉ်နှစ်တိုင်းတော့ ဒီပြိုင် ပွဲကို မြန်မာနိုင်ငံက ပြိုင်ပွဲဝင်ကား တွေ ရွေးချယ်ပြီး စေလွှတ်ပါ တယ်။ ဇာတ်ကားတွေကို စက် တင်ဘာ ၂ ရက် နောက်ဆုံးထား ပေးပို့ပေးရမှာပါ’’ဟု ၎င်းက ပြော သည်။



ယခုနှစ်ပြိုင်ပွဲတွင် ‘သူတစ် ပါးအား စိတ်အနှောင့်အယှက်ပေး ခြင်းဆိုသည်မှာ’ ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး သုံးမိနစ်အ တွင်း ရိုက်ကူးထားသည့် ဇာတ် ကားများ ပါဝင်ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။

‘‘ပထမ၊ ဒုတိယနဲ့ တတိယ သုံးကား ရွေးချယ်ပါတယ်။ ဆုရ တဲ့ကားတွေက ဒါရိုက်တာအပါ အဝင်သုံးဦးက ပြိုင်ပွဲကို အခမဲ့ တက်ရောက်ခွင့်ရမှာပါ’’ ဟု ဦးအေးကြူလေးက ပြောကြားသည်။

ယင်းပြိုင်ပွဲ၌ အသက် (၁၈) နှစ်အောက် အထက်တန်း ကျောင်းသူ၊ ကျောင်းသားများ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင် ဇာတ်ကားကို DVD တွင် ထည့် သွင်း၍ အင်္ဂလိပ်ဘာသာဖြင့် ရေး သားသော ဇာတ်ညွှန်းကို တင်ပြရမည်ဖြစ်သည်။ အဆိုပါ ရုပ်ရှင်ပွဲတော်ကို (၁၃)ကြိမ်မြောက်အဖြစ် ဂျပန် နိုင်ငံ၌ ဒီဇင်ဘာတွင် ကျင်းပမည် ဖြစ်ကြောင်း ဦးအေးကြူလေးက ပြောသည်။

No comments:

Post a Comment