
လိင်စိတ်ခံယူမှုကွဲ ပြားသူများ (LGBT)အသိုင်းအ ၀ိုင်းအတွက် သေနတ်ဖြင့်အပစ်ခံ ရန် အသင့်ရှိကြောင်း ကမ္ဘာကျော် အဆိုတော်လေဒီဂါဂါက ပြော ကြားသည်။ ၁၉၆၉ ဇွန်လ ၂၈ ရက်က စတင်သောလိင်စိတ်ခံယူမှုကွဲ ပြားသူများ၏ အကြမ်းဖက်ဆန္ဒ ပြပွဲများ နှစ်(၅၀)ပြည့်အထိမ်းအ မှတ်အဖြစ် နယူးယောက်မြို့၌ ပြုလုပ်သည့် လူထုစုဝေးပွဲတွင် လေဒီဂါဂါက ၎င်း၏ မိတ်ဆွေများ အား အရိုအသေပြုခဲ့သည်။ ၎င်း၏မိန့်ခွန်းအတွင်း လေ ဒီဂါဂါက ယင်းအသိုင်းအ၀ိုင်းအ တွက် မည်သည့်နေ့ရက်တွင်မဆို သေနတ်ဖြင့်အပစ်ခံရန်အသင့်ရှိ သည်ဟု ပြောသည်။ LGBT အသိုင်းအ၀ိုင်းအ ပေါ် တိုက်ခိုက်မှုများသည် နေ့စဉ် နှင့်အမျှ ပိုများလာပြီး ယင်းကိုမိမိ သည်းခံမည်မဟုတ်ဟု လေဒီဂါဂါ က ပြောကာ လိင်တူစုံမက်သူများ ကလည်း သည်းခံမည်မဟုတ် ကြောင်း မိမိသိထားသည်ဟု ပြောကြားသည်။ အကြင်နာတရားက လူတို့ ကြားတွင် စည်းချက်ညီညွတ်မှုကို ဖန်တီးမည်ဟုလည်း လေဒီဂါဂါ က ပြောသည်။
No comments:
Post a Comment