AA အနေဖြင့် တပ်မတော် စစ်ကြောင်းများကို တိုက်ခိုက် ရာတွင် ဒေသခံကျေးရွာသူ၊ကျေး ရွာသားအား အကာအကွယ်ယူ တိုက်ခိုက်ခြင်း၊ တပ်မတော်မှ ပြန်လည်တိုက်ခိုက်၍ AA အဖွဲ့ ၀င်များ ဒဏ်ရာရပါက ကျေးရွာ အတွင်းဝင်ရောက်၍ အရပ်သား အသွင်ယူကာ တပ်မတော်က ပစ် ခတ်၍ ရွာသားများဒဏ်ရာရသည့် ပုံစံမျိုး ၀ါဒဖြန့်နေကြောင်း၊ ယခု အချိန်၌ ဘုန်းကြီးကျောင်းကဲ့သို့ သာသနိကအဆောက်အအုံများ ကိုပင် ၎င်းတို့၏အကြမ်းဖက်လုပ် ရပ်များကို အထောက်အကူပြုရန် အသုံးချလာသည်ကို တွေ့ရ ကြောင်း တပ်မတော်၏ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။
ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ကမူ တပ်မတော်၏ သတင်း ထုတ်ပြန်မှုသည် စွပ်စွဲမှုသာဖြစ် ကြောင်း၊ တပ်မတော်က ဒေသခံ များအပေါ် မတရားလုပ်ဆောင် နေမှုများကို ဖုံးကွယ်ရန် မဟုတ် မမှန်သည့်အကြံဖြင့်သတင်းထုတ် ပြန်ခြင်းဖြစ်ကြောင်း တုံ့ပြန်ပြော ကြားသည်။
‘‘သူတို့ပြောတဲ့ လုပ်သေနတ် တွေ၊ ဘာတွေ သိမ်းဆည်းရမိ တယ်ဆိုတဲ့ဟာ ဒီဟာက စဉ်းစား ကြည့်။ AA ကနေ သူတို့ကို တိုက် နေတဲ့ဟာက လုပ်သေနတ်နဲ့တိုက် နေတာလား။ အဲဒီလိုမျိုး အစုတ် ပလုတ်တွေနဲ့ AA က တိုက်နေတာ မဟုတ်ဘူး’’ ဟု ခိုင်သုခက ပြော သည်။
WFP အမှတ်တံဆိပ်ပါ ပစ္စည်းများ သိမ်းဆည်းရမိသည် ဟုထုတ်ပြန်ခြင်းသည် စစ်ရှောင် ပြည်သူများကို နိုင်ငံတကာမှ မထောက်ပံ့စေရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ခိုင်သုခက ဆိုသည်။
တပ်မတော်၏ သတင်း ထုတ်ပြန်ချက်တွင် AA ဟု ယူဆ ရသည့် မသင်္ကာသူရှစ်ဦးကို ဇွန် လ ၂၀ ရက်က ဖမ်းဆီးရမိ ကြောင်း ဖော်ပြသည်။
မြောက်ဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေ သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မကျားဆည်၊ ပေါက်တောပြင်၊ ဗူးရွက်မညိုး၊ အုတ်ဖိုကန်၊ ဒုံးသိမ် စသည့် ကျေးရွာများမှ ရွာသားရှစ် ဦးကို မြောက်ဦးမြို့နယ်ဝေသာလီ ကျေးရွာအနီး၌ ဖမ်းဆီးရမိသည် ဟု ထုတ်ပြန်ချက်က ဆိုသည်။
‘‘သူတို့ကတော့ သံသယနဲ့ ဖမ်းဆီးတာဆိုတော့ ဖမ်းဆီးပေါ့။ လုပ်ထုံးလုပ်နည်းအရ စိစစ်ပါ။ ဥပဒေအတိုင်းသွားပါ။ တကယ် လို့များ အပြစ်မရှိလို့ရှိရင်သူတို့ကို လွှတ်ပေးပါ’’ဟု မြောက်ဦးပြည် နယ်လွှတ်တော်အမတ် ဦးထွန်း သာစိန်က ပြောသည်။
တပ်မတော်နှင့် AA တို့၏ စစ်ရေးပဋိပက္ခဖြစ်ပွားမှုနှင့်ပတ် သက်ပြီး မြောက်ဦးမြို့နယ်အ တွင်းမှ အရပ်သား ၈၀ ခန့်ကို သံသယဖြင့် တပ်မတော်က ဖမ်း ဆီးထားသည်ဟု ဦးထွန်းသာစိန် ဆိုသည်။ ပြည်သူများ နစ်နာနေ၍ အပစ်ရပ်ပေးရန် နှစ်ဖက်စလုံးကို တောင်းဆိုသော်လည်း ယခုအ ချိန်ထိ တိုက်ပွဲများဆက်ဖြစ်နေ ဆဲဟု ၎င်းက ဆိုသည်။
‘‘စစ်ပွဲတွေရှိနေတယ်၊အပစ် အခတ်တွေရှိနေတယ်ဆိုတော့ ဘာမှ အပြစ်မရှိတဲ့ ရပ်သူရွာသား တွေ ဖမ်းဆီးခံရတာရှိတယ်၊ သေ တာရှိတယ်။ ကိုယ်အင်္ဂါချွတ်ယွင်း တာရှိတယ်။ ဒီလိုမျိုးတွေရှိနေ တယ်’’ဟု ဦးထွန်းသာစိန်က ပြော သည်။ တပ်မတော်နှင့် AA တို့သည် ယခုရက်သတ္တပတ်အတွင်း မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့၌ တိုက်ပွဲများ ပြင်းထန်နေကြောင်း AA က ဆိုသည်။
No comments:
Post a Comment