‘‘အပြင်မထွက်ဖို့ပိတ်တာ တော့ ၂၂ ရက် (ဇွန်လ၂၂)က တည်းက။ ဒီနေ့ ၂၃ ရက်နေ့မှာ တော့ ရဲတပ်ဖွဲ့တွေရောက်လာ ပြီး ကျွန်တော်တို့ရုံးကို ရောက် လာတာပေါ့။ ရုံးအပြင်မှာလည်း အဖွဲ့တွေ ၀ိုင်းထားကြတယ်။ အ ဓိကက အန်တီဒေါ်အောင်ဆန်းစု ကြည်ကို ဆန္ဒပြမှာ ကြောက်တာ ပေါ့။ ကိုရဲမင်းအဖမ်းခံရတာနဲ့အ လုပ်သမားတွေအကြောင်း လာ ပြီးတောင်းဆိုမှာ ကြောက်လို့အ ပြင်မထွက်ဖို့ရာ ပိတ်တာပေါ့’’ ဟု ကိုခိုင်ကြီးကပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် (၃၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ပွဲသို့တက်ရောက်ရန် ဇွန်လ ၂၁ ရက်ညနေက ဘန်ကောက်မြို့ သို့ရောက်ရှိခဲ့သည်။ ဇွန်လ ၂၂ ရက်နှင့် ၂၃ ရက်နှစ်ရက်ကြာပြု လုပ်မည့် အာဆီယံထိပ်သီးအ စည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများကို တက်ရောက်ခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည် သည် ဒီချုပ်အစိုးရဖွဲ့ပြီးနောက် ၂၀၁၆ ဇွန်လပိုင်းက ပထမဆုံး အကြိမ် ထိုင်းနိုင်ငံသွားရောက်ခဲ့ စဉ်မဟာချိုင်နယ်မြေ၌ မြန်မာ လုပ်သားများနှင့် တွေ့ဆုံပွဲ၌ လည်း ထိုင်းရောက် မြန်မာလုပ် သားများ အရေးနှင့်ပတ်သက်ပြီး ဆန္ဒပြရန် ပြင်ဆင်ထားသော မြန်မာလုပ်သားများကို ထိုင်းအာ ဏာပိုင်များက ခန်းမအတွင်း ၀င်ရောက်ခွင့်မပြုခဲ့ပေ။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မရ၍ ထိုင်းရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာလုပ်သားများကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ယခု ထိုင်းခရီးစဉ်တွင် မြန်မာလုပ် သားများနှင့် တွေ့ဆုံရန် စီစဉ် ထားခြင်းမရှိကြောင်း ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိ သူတစ်ဦးကပြောသည်။
No comments:
Post a Comment