

ကမြိတ်မြို့မှ ကျွန်းစုမြို့နယ် ကျောက်ပိတ်ကျေးရွာသို့ ဆန်အိတ် ၁၀၀ ၊ ဘိလပ်မြေ အိတ် ၁၅၀ ၊ ဒီဇယ်ဆီ ၁၂ ပေပါနှင့် အခြားစားသောက်ကုန်ပစ္စည်းများတင်ဆောင်၍ ထွက်ခွာလာစဉ် နံနက် ၄ နာရီခန့်တွင် ကျွန်းစုမြို့နယ် ဘန္ဒနဲကျေးရွာအုပ်စု သဲဖြူကျွန်းကျေးရွာ အရှေ့ဘက် ရေမိုင် ၃ မိုင်ခန့်အကွာအရောက်တွင် စက်လှေမှာသောင်ငြိ၍ တိမ်းစောင်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း၊ ၎င်းစက်လှေတိမ်းမှောက်မှုကြောင့် လှေပေါ်ပါသူများ ထိခိုက်ဒဏ်ရာရရှိ မှုမရှိဘဲ လှေပေါ်ပါ ဆန်အိတ် ၁၀၀၊ ဘိလပ်မြေ အိတ် ၁၅၀ နှင့် စားသောက်ကုန်ပစ္စည်းအချို့ ရေစိုပျက်စီးဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှု တန်းဖိုးမှာ ငွေကျပ်သိန်း ၄၀ ခန့်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါစက်လှေတိမ်းမှောက်မှု ဖြစ်ပွားရာနေရာသို့ ကျွန်းစုမြို့နယ် ရှော်တောမောနယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းဟန်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဘန္ဒနဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးကိုကိုဦး၊ သဲဖြူကျွန်းကျေးရွာ ရာအိမ်မှူး ဦးဝင်းထွန်းနှင့် ရွာသူ ရွာသားများက စက်လှေများဖြင့်သွားရောက်ကာ လှေပေါ်ပါရှိသော ဒီဇယ်ဆီပေပါများနှင့် ကုန်ပစ္စည်းများအား ကူညီဆယ်ယူ၍ သဲဖြူကျွန်းကျေးရွာသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
No comments:
Post a Comment