
ပလတ်စတစ်အိတ် ဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးအမှုန့် ၁၀ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၀၀ သိန်း)၊ ပလတ်စတစ်အိတ်ဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၆၀ သိန်း)၊ ဆာလာအိတ်ဖြင့်ထည့်ထားသည့် အဆင့်နိမ့်ဘိန်းအလေးချိန် ၄၀ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ကျပ် ၄၀၀ သိန်း)နှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၉)မိုင်းဆတ်သို့ လွှဲပြောင်းပေးအပ်ခဲ့သဖြင့် မိုင်းတွမ်းနယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်လှစ်ပြီး တရားခံ ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။
No comments:
Post a Comment