
ဆော်ဒီတောင်ပိုင်းက အက်ဘ်ဟာနဲ့ဂျီဇန်မြို့တွေမှာရှိတဲ့လေဆိပ်တွေကို ဟူသီတွေက မောင်းသူမဲ့လေယာဉ်တွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဟူသီပြောခွင့်ရသူ ယာဟီယာ အယ်ဆာယီက တနင်္ဂနွေနေ့အစောပိုင်းမှာပြောပါတယ်။
ဘာလက်နက်တွေနဲ့တိုက်ခိုက်ခံခဲ့ရသလဲဆိုတာတော့ ဆော်ဒီစစ်တပ်ပြောခွင့်ရသူ ဗိုလ်မှူးကြီး တာကီ အယ်မာလီကီကမပြောပါဘူး။
သေဆုံးခဲ့သူတစ်ယောက်က ဆော်ဒီရောက်နေတဲ့ဆီးရီးယားနိုင်ငံသားတစ်ယောက်လို့ ဆော်ဒီအစိုးရပိုင်SPAသတင်းအေဂျင်စီကဖော်ပြပေမဲ့ ဒဏ်ရာရသူတွေက ဘယ်နိုင်ငံသားတွေလဲဆိုတာတော့ အတည်မပြုပါဘူး။
အခုတိုက်ခိုက်မှုဟာ အက်ဘ်ဟာလေဆိပ်ကို နှစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက်တိုက်ခိုက်မှုဖြစ်ပြီး ဇွန် ၁၂ ရက်ကလည်း ဟူသီတွေက ခရုဇ်ဒုံးကျည်နဲ့ပစ်ခတ်ခဲ့လို့ လေဆိပ်ထဲက ခရီးသည် ၂၆ ယောက်ဒဏ်ရာရခဲ့ပါတယ်။
တနင်္ဂနွေနေ့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက အီရန်အရေးဆွေးနွေးဖို့ ဆော်ဒီအာရေဗျနဲ့အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)နိုင်ငံတို့ကို သွားရောက်နေချိန်မှာ အခုတိုက်ခိုက်မှုဖြစ်ပွားခဲ့တာပါ။
ပြီးခဲ့တဲ့တစ်ပတ်မှာ အမေရိကန်မောင်းသူမဲ့ထောက်လှမ်းရေးလေယာဉ်တစ်စင်းကို အီရန်က ပစ်ချခဲ့ပြီးတဲ့နောက် အမေရိကန်သမ္မတဒေါ်နယ် ထရမ့်က စစ်ရေးအရရော၊ စီးပွားရေးအရရော ထိုးနှက်ဖို့ပြင်ဆင်နေပြီး ဒီနေ့မှာ နောက်ထပ်ပိတ်ဆို့မှုအသစ်တွေကို ကြေညာမယ်လို့ ခန့်မှန်းနေကြပါတယ်။ အခုတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အာရပ်နိုင်ငံတွေသာမက ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း ပြင်းပြင်းထန်ထန်ရှုတ်ချနေပါတယ်။
No comments:
Post a Comment