Pages
Monday, June 24, 2019
ပတူတုပ်ခံရသော မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး သက်သာ၍ဆေးရုံဆင်း
တောင်ဥက္ကလာပမြို့ နယ် (၁၂) ရပ်ကွက်ဘရဏီ (၃) လမ်းရှိ နေအိမ်တစ်အိမ်ဘေးရှိ ပတူအုံကို မီးသတ်တပ်ဖွဲ့က ယမန်နေ့မွန်းလွဲတွင် သွားရောက် ဖယ်ရှားစဉ် တောင်ဥက္ကလာပ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး ပတူတုပ်ခံခဲ့ရသည်။ ယမန်နေ့ မွန်းလွဲတွင် ဘရ ဏီ (၃) လမ်းတွင် ပတူအုံရှိ ကြောင်း သတင်းရရှိ၍ တောင် ဥက္ကလာပမြို့နယ်မီးသတ်တပ်ဖွဲ့ မှ သန္ဓေ ရှစ်ဦးနှင့် အရန် ၁၀ ဦး တို့ သွားရောက်ရှင်းလင်းခဲ့ ကြောင်း မြန်မာနိုင်ငံမီးသတ်တပ် ဖွဲ့က သတင်းထုတ်ပြန်သည်။ ‘‘နေအိမ်ဘေးမှာရှိတဲ့ ပတူ အုံကိုသွားရှင်းလင်းတာပါ။ အ တုပ်ခံရလို့ မီးသတ်တပ်ဖွဲ့ဝင်နှစ် ဦးစံပြဆေးရုံပို့ခဲ့ရပါတယ်။ ညနေ ပိုင်းမှာ သက်သာလာလို့ ပြန် ဆင်းလာရပါပြီ’’ ဟု တောင်ဥက္က လာပမြို့နယ် မီးသတ်တပ်ဖွဲ့ဦး စီးမှူး ဦးအောင်အောင်ဦးကပြော သည်။ ဇွန်လ ၁၁ ရက်က မြောက် ဒဂုံမြို့နယ်(၃၂)ရပ်ကွက်တွင် အ သက်(၆၀)အရွယ်အမျိုးသမီးတစ် ဦးပတူတုပ်ခံရ၍ သေဆုံးခဲ့သည်။ ၂၀၁၃ တွင် ရန်ကုန်တိုင်း၌ ပတူတုပ်ခံရ၍ တစ်ဦးသေဆုံးပြီး ငါးဦးဆေးကုသမှုခံယူခဲ့ရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment