
အိန္ဒိယနိုင်ငံ အနောက်ဘက် ရာဂျာစသန်ပြည်နယ် ဘာမားခရိုင်မှာ ဇွန် ၂၃ ရက်က မိုးကာတဲကြီးတခု ပြိုကျခဲ့တာကြောင့် လူ ၁၄ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၅၀ လောက် ဒဏ်ရာရခဲ့တယ်လို့ အကြီးတန်း အစိုးရအရာရှိတယောက်က ပြောပါတယ်။ တဲထဲမှာ ဘာသာရေးအခမ်းအနား တခုအတွက် ဒေသခံတွေ စုဝေးနေကြချိန် မိုးသက်လေပြင်းကျပြီး မိုးကြိုးမုန်တိုင်း တိုက်ခတ်ခဲ့တာကြောင့် တဲပြိုကျခဲ့တာလို့ အဲဒီအရာရှိက ပြောပါတယ်။ တချို့က တဲပြိုကျချိန်မှာ လျှပ်စစ်ဓာတ်ကြိုးတွေနဲ့ ထိမိတာကြောင့် ဓာတ်လိုက်သေဆုံးခဲ့ပြီး တချို့ကတော့ ပြိုကျလာတဲ့ အပျက်အစီးတွေနဲ့ ထိခိုက်မိကာ သေဆုံးခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်ခဲ့ပြီး ဖြစ်စဉ်အသေးစိတ်ကို အာဏာပိုင်တွေက ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။
No comments:
Post a Comment