Monday, June 24, 2019

''သတိ အန္တရာယ်ရှိသည်'' ဇာတ်ကားမှာ အရမ်းငိုရတော့ ရင်ဘတ်တွေပါအောင့်တယ် ခင်ဝင့်ဝါ

'သတိအန္တရာယ်ရှိသည်'ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ် ဆောင်ခင်ဝင့်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း .
မေး- လက်ရှိရုံတင်ပြသနေတဲ့ ''သတိအန္တရာယ်ရှိသည်'' ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။
ဖြေ- ဒီဇာတ်ကားက အက်ရှင်ကြိုက်တဲ့ ပရိသတ်တွေအတွက်တော့ ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးတစ်ကား ဖြစ်မှာပါ။ ''သတိအန္တရာယ်ရှိသည်''ဆိုတဲ့ ဇာတ်ကားပိုစတာလေး ကို ကြည့်ရုံနဲ့ ပရိသတ်တွေက အက်ရှင်ဇာတ်ကားလို့ ထင်နိုင်ပေမယ့် ဒီဇာတ်ကား ထဲမှာ ချစ်ခြင်းမေတ္တာတွေရော ရသမျိုးစုံပါဝင်တဲ့ ဇာတ်ကားမျိုးလေးဖြစ် ပါတယ်။



မေး- ဒါရိုက်တာယုန်လေးရဲ့ ပထမဆုံးဒါရိုက်တာအဖြစ် ရိုက်ကူးတဲ့ ဇာတ်ကားဆိုတော့ ဘယ်လိုမြင်မိလဲ။

ဖြေ- ကိုယုန်လေးက ညီမတို့နဲ့လည်း အပြင်မှာလည်း ခင်တယ်။ သူကမ်းလှမ်းတဲ့ အချိန်မှာလည်း ညီမကို ဇာတ်ပြောပြတဲ့အချိန်မှာ ကိုယ်တိုင်လည်းရိုက်ချင်တယ်။ အစ်ကိုနှစ်ယောက်ရဲ့ အရမ်းချစ်ရတဲ့ ညီမလေးတစ်ယောက်နေရာက သရုပ်ဆောင်ရပါတယ်။ ဇာတ်ကားရိုက် တဲ့ အချိန်မှာလည်း အဖွဲ့က တစ်ညီတစ်ညွတ်တည်း သေသေချာချာ ရိုက် ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ၊ သရုပ်ဆောင် ကိုယုန်လေးက တော် ပါတယ်။ ဒီဇာတ်ကားက သူ့ရဲ့ဇာတ်လမ်းလည်းဖြစ်တယ်။ သူကိုယ်တိုင် ဒါရိုက် တာလုပ်ပြီး စိတ်တိုင်းကျ ဖန်တီးထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။

မေး- ခင်ဝင့်ဝါက ငိုရတဲ့အခန်းတွေဆိုရင်ရော သရုပ်ဆောင်ရတဲ့အပိုင်းက ဘယ်လိုရှိလဲ။

ဖြေ- ဒီဇာတ်ကားကို ကိုယုန်လေးက ညီမကို ဇာတ်လမ်းပြောပြတဲ့အချိန်မှာ ဇာတ်လမ်းက အက်ရှင်ဇာတ်လမ်း၊ ညီမလေးက အစ်ကိုနှစ်ယောက်က အရမ်းချစ်ရတဲ့ချစ်စရာ ကောင်းတဲ့ ညီမလေးနေရာက သရုပ်ဆောင် ရမယ်။ ကျန်တဲ့အပိုင်းတွေ လုပ်စရာမလို ဘူး။ ညီမနဲ့ အရမ်းလိုက်ဖက်တဲ့ ဇာတ်လမ်း မျိုးဖြစ်တယ်လို့ ပြောပါတယ်။ တကယ်ရိုက်တဲ့ အချိန်မှာ အရမ်းငိုရတဲ့အခန်းတွေပါတယ်။ ကိုယုန်လေး ရိုက် တဲ့အခါမှာ ကတ်တွေက စိပ်တာကြောင့် ခဏခဏငိုရတယ်။ အရမ်း ငိုရတော့ ရင်ဘတ်တွေ အောင့်ပါတယ်။ ငိုရတဲ့အခန်းတွေကို ကြိုး စားထားတဲ့အတွက် ဇာတ်ကားကို ပရိသတ်တွေ လာရောက် ကြည့်ပြီးတော့ ကောင်းတယ်၊ မကောင်းဘူး ဝေဖန်ဆုံး ဖြတ်ပေးပါ။

မေး- ဇာတ်ကားရိုက်တုန်းကရော အမှတ်တရတွေ ဘယ်လိုရှိခဲ့လဲ။

ဖြေ- အမှတ်တရတွေကတော့ အများကြီးပဲ။ ဇာတ် ကားရိုက်နေတဲ့အချိန်မှာ မိုးတွေရွာနေလို့ မရိုက်လိုက်ရ တာတွေလည်း ရှိပါတယ်။ နောက် ကတ်တွေကအရမ်းစိပ် တော့ တစ်ခန်းကို တစ်ရက်၊ တချို့အခန်းတွေဆိုရင် တစ်ခန်း တည်းကို နှစ်ရက်လောက် ရိုက်ရတာမျိုးတွေ ရှိခဲ့ပါတယ်။ တော် တော်လေးညှိယူပြီး ရိုက်ရတဲ့အခန်းတွေလည်း ရှိပါတယ်။

မေး- မြင့်မြတ်နဲ့အဆုံခန်းတွေမှာ သူ့ရဲ့သရုပ်ဆောင်ချက်တွေကို မီအောင် ဘယ်လိုလုပ်ခဲ့ရလဲ။

ဖြေ- ကိုမြင့်မြတ်က ပရိသတ်တွေအရမ်းကြိုက်တဲ့ ကိုယ့်ရဲ့ စီနီ ယာ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့အိုက်တင်ကို မီအောင်လိုက်နိုင်အောင်တော့ အကောင်းဆုံးတော့ ကြိုးစားပြီး တော့ သရုပ်ဆောင်ထားပါတယ်။

မေး- လက်ရှိအနုပညာ လှုပ်ရှားမှုတွေကရော။

ဖြေ- လက်တလောကတော့ ကြော်ငြာလေးတွေ ရိုက်ဖြစ်တယ်။ နောက် ရိုက်လက်စ ဇာတ်လမ်းတွဲကိုလည်း ရိုက်နေပါတယ်။ ဇာတ် လမ်းတွဲလေးကတော့ ကိုသားညီရိုက်တဲ့ ''အကြင်နာမြစ်ဖျား'' ဆို တဲ့ ဇာတ်လမ်းတွဲလေး ရိုက်နေတာပါ။

No comments:

Post a Comment