
အမေရိကန်ပြည်ထောင်စု၊ အီလီနွိုင်းပြည်နယ်၊ စပရင်းဖီးမြို့ရှိ ချမ်းမြေ့ သတိပဌာန၀ိဟာရကျောင်းတိုက်တွင် ချမ်းမြေ့ဆရာတော်ကြီးနှင့် သံဃာတော်များအား ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းကြသည်။ ဆရာတော်ကြီး အမေရိကန်ပြည်ထောင်စုသို့ တစ်လတာ ကြွရောက်တော်မူနေစဉ်ကာလအတွင်းဝယ် သက်တော်(၉၂)နှစ်ပြည့် မွေးနေ့ရက်နှင့် တိုက်ဆိုင်နေသဖြင့် မွေးနေ့ပူဇာပါကျင်းပခဲ့ကြောင်းသိရသည်။ အခမ်းအနားသို့ ရောက်ရှိလာကြသည့် ဒကာ ဒကာမအပေါင်းတို့ကို ဆရာတော်ကြီးက ၀ါဆိုသင်္ကန်း အနုမောဒနာတရား ချီးမြှင့်ခဲ့သည်။
No comments:
Post a Comment