Monday, June 24, 2019

ဇူလိုင် ၁ ရက် အောင်ဘာလေထီတွင် ဘဏ္ဍာသိမ်းငွေထဲမှ ကျပ်သိန်း ၂၅၀၀ ထည့်ပေးမည်

လာမယ့်ဇူလိုင် ၁ ရက်မှာ ဖွင့်မယ့် အောင်ဘာလေထီဖွင့်ပွဲက စပြီး ဘဏ္ဍာသိမ်းငွေတွေ ထဲက ကျပ်သိန်း ၂၅၀၀ စီ ဆုမဲတွေထဲထည့်ပေးသွားမယ်လို့ အောင်ဘာလေသိန်းဆုဌာန တာဝန်ရှိသူ တယောက်က ပြောပါတယ်။ ထီပေါက်မဲတွေလာမထုတ်လို့ တနှစ်ပြည့်ရင် နိုင်ငံတော်ဘဏ္ဍာငွေအဖြစ်သိမ်းယူနေပြီး အဲဒီ ငွေထဲကနေ ထီဆုမဲတွေ ပိုပြီး ပေးသွားမှာ ဖြစ်ပါတယ်။



အောင်ဘာလေသိန်းဆုဌာန ညွှန်ကြားရေးမှူး ဦးကျော်သန့်လွင်က “လာမယ့် ၅ ကြိမ်မြောက်က စပြီး သိန်း ၂၅၀၀ စီ ထည့်ပေးသွားမယ်။ ဝေဝေဆာဆာဆုမဲတွေ ဖြစ်တဲ့ ၃ သိန်း၊ ၂ သိန်း ၁ သိန်းဆုတွေ ပိုပြီး ထည့်ပေးမှာပါ။ ဒီနှစ်ကုန်အထိထည့်မယ်။ နောက်ဘဏ္ဍာနှစ် ကျရင်တော့ ဘယ်လောက်စီ ထည့်မလဲဆိုတာ ပြန်ဆုံးဖြတ်ကြမှာပေါ့” လို့ ပြောပါတယ်။

လာမထုတ်တဲ့ဆုမဲတွေ သိမ်းထားတာဟာ နိုင်ငံတော်ဘဏ္ဍာထဲကိုရောက်သွားတာ ဖြစ်လို့ ဘယ်အချိန်က စပြီး သိမ်းထားတာကို ထုတ်ပေးတယ်လို့မဟုတ်ဘဲ နိုင်ငံတော်ဘဏ္ဍာငွေကနေ ကျပ်သိန်း ၂၅၀၀ ပြန်တောင်းတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

လစဉ်ထီဖွင့်ပွဲတွေက သိန်းထောင်ဆုတွေအပါအဝင် ပေါက်မဲပေါင်း တသောင်းဝန်းကျင်ကို လာမထုတ်ကြဘဲ အဲဒီတန်ဖိုးဟာ ကျပ်သိန်း တသောင်းလောက်ရှိနေပါတယ်။

၂၀၁၈ ဘဏ္ဍာနှစ် ၆ လတာ ကာလအတွင်းမှာ ထီပေါက်ပြီး လာမထုတ်တဲ့ ဆုမဲ တန်ဖိုးက ကျပ်သိန်းပေါင်း ၄၂,၀၀၀ လောက်ရှိတယ်လို့လည်း အောင်ဘာလေသိန်းဆုဌာနက ကြေညာထားပါတယ်။

No comments:

Post a Comment