
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး မောင်မောင်စိုးက မှုခင်းဖြစ်စဉ်အတွက် ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း ခေါ်ယူစစ်ဆေးနေတာတွေ ရှိတယ်လို့ပြောဆိုပြီး စစ်ဆေးသူအရေအတွက်ကို မေးမြန်းရာမှာတော့ သူမသိဘူးလို့ ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ AA အဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့နေရာက အလုပ်သမား ၃၀ ကျော်ကို ရဲတပ်ဖွဲ့က အမှတ် (၂) ရဲစခန်းမှာ မနေ့ကခေါ်ယူစစ်ဆေးခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပါတယ်။
မနေ့က ဇွန်လ ၂၂ ရက်နေ့ မနက် သုံးနာရီကျော်အချိန်မှာ စစ်တွေမြို့ ဆတ်ရိုးကျချောင်းဝမှာ ရပ်နားထားတဲ့ တပ်မတော်ရေကြောင်းရဲ့ တွဲဆွဲရေယာဉ်တစ်စီးကို AA အဖွဲ့က ရှော့တိုက်ဒုံး သုံးလုံးနဲ့ပစ်ခတ်ခဲ့တဲ့အတွက် စစ်ရေယာဉ်ကိုယ်ထည်အချို့ ထိခိုက်ပျက်စီးခဲ့သလို စစ်သည် နှစ်ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ တပ်မတော်က ပြောဆိုထားပါတယ်။
ရက္ခိုင့်တပ်တော်(AA)ရဲ့ ပြောခွင့်ရသူ ခိုင်သုခက တပ်မတော်က အင်အားတွေ တိုးချဲ့ဖို့အသုံးပြုတဲ့နေရာဖြစ်လို့ စစ်ရေးအရ လက်တုံ့ပြန်တာလို့ပြောဆိုပြီး အခုထိန်းသိမ်းစစ်ဆေးနေသူတွေဟာ AA အဖွဲ့နဲ့ ပတ်သက်မှုမရှိဘူးလို့ ပြောပါတယ်။
No comments:
Post a Comment