

၎င်းအား စစ်မေးရာလွန်ခဲ့သော ၁ နှစ်ခန့်တွင် တာချီလိတ်မြို့သို့ တရားမဝင်ဝင်ရောက်ခဲ့ပြီး တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်နေ ရှမ်းလူမျိုး ညီညီနိုင်(ခ)ပီနိုင်(၄၃)နှစ် ပိုင်ဆိုင်သည့် တာချီလိတ်မြို့နယ်၊ မိုင်းလင်းကျေးရွာ ဘုန်းကြီးကျောင်းအနီးရှိ ဂိုဒေါင်၌ ရှမ်းလူမျိုး ပီတွီ(၄၀)နှစ်(စိစစ်ဆဲ)နှင့်အတူ နေထိုင်၍ ဘတ်ဟိုးယာဉ်မောင်း အလုပ်လုပ်ကိုင်ကြောင်း၊ အဆိုပါခဲယမ်းများအား ပီတွီမှ ညီညီနိုင်(ခ)ပီနိုင်ထံသို့ ပို့ဆောင်ခိုင်း၍ သယ်ဆောင်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထွက်ဆိုသဖြင့် အနုချိုင်းကာတဲ(ဖမ်းမိ)အား တာချီလိတ်မြို့မရဲစခန်း (ပ)၃၄၆/၂၀၁၉၊ ရှမ်းလက်နက်ပုဒ်မ ၁၂(ဂ)ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (၃၀)မှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ညီညီနိုင်(ခ)ပီနိုင်၏ နေအိမ်သို့ ဆက်လက်ရှာဖွေရာ ၎င်းအားမတွေ့ရှိပဲ အိမ်စောင့်ဖြစ်သူ စိုင်းဆိုင်မိုင်(ခ)ကိုဇော်(၄၁)နှစ် ပါ ကျား ၂ ဦးအား တွေ့ရှိပြီး နေအိမ်အတွင်းမှ အမျိုးအစား(စိစစ်ဆဲ) စိတ်ကြွဆေးပြား ၁၄၀၀ ပြား၊ ဘိန်းဖြူ ၆၆ ဂရမ်၊ ၉ မမ ပစ္စတို ၁ လက်၊ M 22 (Scope ပါ) ၁ လက်၊ HK 33 ၁ လက်၊ ပွိုင့် ၂၂ အမျိုးအစား(Scope ပါ) သေနတ် ၂ လက်၊ 5.56 ကျည်ဖြင့် ပစ်ခတ်ရသည့် စနိုက်ပါအမျိုးအစား ၁ လက်၊ KIMBER UK TRA အမျိုးအစားပစ္စတို ၁ လက်၊ Glock 19 အမျိုးအစား ပစ္စတို ၃ လက်၊ BERETTA အမျိုးအစား ၉ မမပစ္စတို ၁ လက်၊ AIFA COMBAT အမျိုးအစား ၉ မမပစ္စတို ၁ လက်၊ ပွိုင့် ၃၈ အမျိုးအစား ပစ္စတို ၁ လက်၊ ၁၂ ဗို့ အတို ၁ လက်၊ စုစုပေါင်း သေနတ်မျိုးစုံ ၁၄ လက်၊ ပွိုင့် ၄၅ ကျည် ၅၃ တောင့်၊ ပွိုင့် ၂၂ ကျည် ၄၇၂ တောင့်၊ ပွိုင့် ၃၈ ကျည် ၅၅ တောင့်၊ စနိုက်ပါကျည် ၄၆ တောင့်၊ ၁၂ ဗို့ ကျည် ၂၅ တောင့်၊ ၉မမ ကျည် ၂၂၁ တောင့်၊ M 22 ကျည် ၉၅ တောင့်၊ ၅.၅၆ ကျည် ၃၁ တောင့်၊ ၇.၆၂ ကျည် ၄၀၀ တောင့်၊ ကျည်အိမ်မျိုးစုံ ၃၂ ခုတို့အား လည်းကောင်း၊ ညီညီနိုင်(ခ)ပီနိုင် အမည်ပါ မီးခံသေတ္တာအတွင်းမှ Armacor စာတမ်းပါ ပွိုင့် ၄၅ အမျိုးအစားသေနတ် ၁ လက်၊ ၎င်းကျည် ၈ တောင့်၊ ကျည်အိမ် ၂ ခု၊ ရွှေထည်ပစ္စည်းမျိုးစုံ ၁၃ မျိုး၊ ၈၇၂ ဂရမ်(တန်ဖိုး-စိစစ်ဆဲ)၊ ရွှေရည်စိမ်ပစ္စည်းမျိုးစုံ(အတု) ၁၈ မျိုး၊ ငွေထည်ပစ္စည်းမျိုးစုံ ၁၁ မျိုး၊ ပတ္တမြားဟု ယူဆရသည့် ကျောက်ရိုင်းမျိုးစုံ ၆ ထုပ်၊ ၁၂.၃၉၃၅ ကီလို (တန်ဖိုး-စိစစ်ဆဲ)၊ ကျောက်စိမ်းပြား ၁ ချပ်၊ အလေးချိန်(၂၇၈ ဂရမ်)(တန်ဖိုးစိစစ်ဆဲ)၊ ကျောက်မျိုးစုံ ၁၂ မျိုးပါ အပွင့်ရေ ၃၀၀ ပွင့်တို့အား လည်းကောင်း၊ သံသေတ္တာအတွင်းမှ လက်ကိုင်ဖုန်း ၁ လုံး၊ Garmin အမျိုးအစား GPS ၁ လုံး၊ အသံဖမ်းစက် ၁ လုံး၊ Tablet ၁ လုံး၊ ဒေါ်နန်းရှီးဖောင်းအမည်ဖြင့် အကောင့်နံပါတ်ပါ ငွေစုစာအုပ် ၂ အုပ်၊ စကားပြောစက် ၃ လုံး အမျိုးအစား (စိစစ်ဆဲ)၊ I-Com အမျိုးအစား အထိုင်စက် ၂ လုံးတို့အားလည်းကောင်း၊ ခြံဝင်းအတွင်းမှ 6P/×××× Hummer H2 ယာဉ်ပါ မော်တော်ယာဉ် ၂ စီး တို့အားလည်းကောင်း ညီညီနိုင်(ခ)ပီနိုင် နေထိုင်သည်ဟု သတင်းရရှိသည့် တာချီလိတ်မြို့နယ်၊ ဝှေလေလန်ကျေးရွာရှိ အိမ်အမှတ်(ဝလသ-၅၉၅)သို့ သွားရောက်ရှာ ဖွေရာ ၎င်းအားမတွေ့ရှိဘဲ ဇနီးဖြစ်သူ မနန်းကျန်တစ်(ခ) ပီကျန်တစ်(စိစစ်ဆဲ)အား တွေ့ရှိပြီး ခုတင်ပေါ်မှ Cal.22 LR အမျိုးအစား(မှန်ပြောင်းပါ) အရှည် ၃၂ လက်မခန့်ရှိ သေနတ်အရှည် ၁ လက်၊ ၎င်းကျည် ၅၄ တောင့်၊ ကျည်အိမ် ၁ ခု၊ ကြမ်းပြင်ပေါ်မှ ဘောစိဖြင့် ပစ်ခတ်ရသည့် အရှည် ၁၀ လက်မခန့်ရှိ ဂတ်စ်သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခုတို့အား ထပ်မံသိမ်းဆည်းရမိခဲ့ပါသည်။
မိုင်းလင်းကျေးရွာရှိ ညီညီနိုင်(ခ)ပီနိုင် ပိုင်ဆိုင်သည့် နိုင်ရတနာရွှေတြိဂံ အမည်ရှိ သတ္တုတူးဖော် ရေးကုမ္ပဏီဝင်းခြံအတွင်းသို့ ဝင်ရောက် ရှာဖွေရာ လူတစ်ဦးတစ်ယောက်မျှမတွေ့ရှိဘဲ မူးယစ်ဆေးဝါးထုတ် လုပ်ရာတွင် အသုံးပြုသည့် ဆေးပြားရိုက်စက် ၁ လုံး၊ ဆေးပြား ရိုက်ရာတွင် အသုံးပြုသည့် မို ၂၈ ချောင်း၊ ဆေးပြားအခြောက်ခံ ဗန်း ၃ ချပ်၊ RPG ၁ လက်၊ ပွိုင့် ၂၂ သေနတ် ၁ လက်၊ ၎င်းကျည် ၃၀ တောင့်၊ M 22 ကျည် ၁၀၀ တောင့်၊ ကျည်အိမ် ၁ ခု၊ M 16 ကျည်အိမ် ၁ ခု၊ ဘတ်ဟိုး ယာဉ်ပါ ၄ စီးနှင့် ဆိုင်ကယ် ၁ စီးတို့အား ထပ်မံသိမ်းဆည်းရမိခဲ့ပြီး စိုင်းဆိုင်မိုင်(ခ)ကိုဇော်ပါ ၂ ဦး(ဖမ်းမိ)နှင့် ညီညီနိုင်(ခ)ပီနိုင်(ဖမ်းမမိ)တို့ ၃ ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဉပဒေအရလည်းကောင်း၊ ညီညီနိုင်(ခ)ပီနိုင်(ဖမ်းမမိ)အား ဝမ်ပုံနယ်မြေရဲစခန်း (ပ) ၁၁/၂၀၁၉၊ ရှမ်းလက်နက်ပုဒ်မ ၁၂(က)ဖြင့် လည်းကောင်း အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment