Monday, June 24, 2019

ရန်ကုန်ဂိုးသမားကျော်ဇင်ထက် ပွဲကစားစဉ် ဦးခေါင်းထိခိုက်မိ၍ ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရ

ရန်ကုန်ယူနိုက်တက်၏  မြန်မာ့လက်ရွေးစင် ဂိုးသမား ကျော်ဇင်ထက်သည် ရှမ်းအသင်း နှင့်ပွဲ၌ ပွဲချိန်အတွင်း ဦးခေါင်းထိ ခိုက်မိကာ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရကြောင်း အသင်းမီဒီ ယာတာဝန်ခံ ဒေါ်သိမ့်သိမ့်ထွန်း ကပြောသည်။ ဇွန်လ ၂၃ ရက်က တောင် ကြီးမြို့၌ ယှဉ်ပြိုင်သည့် ရှမ်းနှင့်ရန်ကုန်အသင်းပွဲတွင် ပွဲချိန် ၄၁ မိနစ်၌ ရန်ကုန်ဂိုးသမား ကျော်ဇင်ထက်သည် ရှမ်းတိုက်စစ်မှူး ဇင်မင်းထွန်းနှင့် ဘောလုံးယှဉ်လုခိုက် ဦးခေါင်းထိခိုက်မိခဲ့သည်။ ယင်းထိခိုက်မှုကြောင့် ကျော်ဇင်ထက်သည် ပြန်လည်ထရပ်နိုင်ခဲ့သော် လည်း ပထမပိုင်းပြီးခါနီး၌ ဂိုးဧရိယာအတွင်း တစ်ဦးတည်းရှိနေ ချိန် လဲကျခဲ့သည်။ ထို့ကြောင့် ၎င်းကို ကွင်းအ တွင်း အရေးပေါ်ကုသမှု ပြုလုပ်ကာ တောင်ကြီးမြို့ရှိ စိန်ဆေးရုံ သို့ ပို့ဆောင်ခဲ့သည်။



‘‘ကျော်ဇင်ထက်က ထိခိုက် မိမိချင်း လဲကျမသွားဘူး။ ပထမ ပိုင်းပြီးခါနီးမှ အဲဒီဒဏ်ရာကြောင့်  တစ်ယောက်တည်းရှိတဲ့အချိန် လဲ ကျသွားတာပါ။ ကွင်းအတွင်း ကု သမှု ချက်ချင်းလုပ်ခဲ့သလို ဆေးရုံ ကိုလည်း ပို့ခဲ့ပါတယ်။ လက်ရှိ တော့ ခေါင်းကို ဓာတ်မှန်ရိုက်စစ် ဆေးမှုတွေ လုပ်ထားတယ်။ ဘာမှတော့မဖြစ်တော့ဘူး။ သတိလည်း ရပါတယ်’’ဟု ဒေါ်သိမ့်သိမ့် ထွန်းကပြောသည်။ ကျော်ဇင်ထက်ကို ရန်ကုန် ပြန်လည်ရောက်ရှိပါက စစ်ဆေး မှု ထပ်မံပြုလုပ်ပေးမည်ဖြစ် ကြောင်း ၎င်းကပြောသည်။ ယင်းပွဲတွင် ရှမ်းအသင်းနှင့်  ရန်ကုန်အသင်းတို့ အရှုံး၊ အနိုင်အဖြေမပေါ်ဘဲ ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့သည်။

No comments:

Post a Comment