Monday, June 24, 2019

နေစရာ၊ စားစရာ အခက်အခဲတွေ့နေလို့ သားဆီကို သွားတာ သားက လက်မခံလို့ ပြန်လာပြီး ကားဝင်းမှာဒုက္ခရောက်နေတဲ့ အမေအို

အမေကြီးနာမည်ကဒေါ်အေးကျင် အသက်က၅၉နှစ်ရှိပါပြီ။ အမေကြီးအရင်က မန္တလေးမြို့ဘုန်းကြီးကျောင်းတကျောင်းမှာ ကပ်နေပါတယ်။ နောက်တော့နေမရတော့လို့ သားဖြစ်သူ ရှိရာရွာကိုလိုက်သွားတော့လဲ သားဖြစ်ကသူတောင်ယောက္ခမအိမ်ကပ်နေရတာ အမေကိုလက်ခံလို့မရဘူး အမေပြန်ပါ ဆိုလို့ ပြန်လာခဲ့ရပါသတဲ့ 😞 ။



အခုတော့ဒီအမေကြီးနေစရာ မရှိစားစရာမရှိဖြစ်နေလို့ ဘိုးဘွားရိပ်သာနေမလားမေးတော့နေမယ်ဆိုလို့ ရေတံခွန်တောင်ပေါ်က YGWဘိုးဘွားရိပ်သာကဘုန်းဘုန်းကို လျှောက်ပြီးဘုန်းဘုန်းကလက်ခံလို့ နန်းရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့ကားနဲ့ကျွန်တော်ကိုယ်တိုင် ပို့ပေးခဲ့ပါပြီ။အမေကြီးအတွက်စိတ်အေးရပါပြီ။

မိဘတွေဟာ…သားဆိုး သမီးဆိုး တစ်ယောက်ကြောင့် မျက်ရည်ကျတယ်ဆိုတာ…
စိတ်ဆိုး စိတ်နာလို့ မဟုတ်ပါဘူး။ သူတို့ရဲ့သားဆိုး သမီးဆိုးလေးတွေ အချိန်နှောင်းမှ နောင်တရမှာကို စိုးရိမ်လို့ပါ။ ကိုယ့်ကြောင့် မိဘမျက်ရည် ဘယ်တော့မှ မကျပါစေနဲ့။ မိဘကျေးဇူးသိတတ်တဲ့ သားလိမ္မာ သမီးလိမ္မာတွေ ဖြစ်နိုင်ကြပါစေ...။

No comments:

Post a Comment