Pages
Monday, June 24, 2019
ကချင်ပြည်နယ် လွှတ်တော်တွင် CPI ကုမ္ပဏီက မြစ်ဆုံစီမံကိန်း ဆက်လက် လုပ်ဆာင်ရန် စည်းရုံးဟောပြောမှု အချုပ်အခြာအာဏာ ထိပါးခြင်းဖြစ်ဟု ထုတ်ပြန်
ကချင်ပြည်နယ် လွှတ်တော်တွင် တရုတ် CPI ကုမ္ပဏီက မြစ်ဆုံစီမံကိန်း ဆက်လက် လုပ်ဆောင်ရန် စည်းရုံးဟောပြောခွင့် ပေးခြင်းအပေါ် မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်က ပြင်းပြင်း ထန်ထန်ကန့်ကွက်လိုက်ပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာတစ်နိုင်ငံလုံးရှိပြည်ထောင်စုသားအများစုကဧရာဝတီမြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရန်တောင်းဆိုနေချိန် မြစ်ဆုံစာချုပ်ကိုပြည်သူတိ့အားချပြရန်တောငိးဆိုနေချိန် တွင်မြန်မာနိုင်ငံ၏ တာဝန်ရှိသူတို့က မြစ်ဆုံစီမံကိန်းဆက်လုပ်ရန် တိုင်တပါးသားကုမ္ပဏီဖြစ်သော တရုတ်CPIကုမ္ပဏီ၏ ပညာရှင်များအား ကချင်ပြည်နယ်လွှတ်တော်အတွင်းမြစ်ဆုံစီမံကိန်းဆက်လုပ်နိုင်ရန် စည်ရုံးဟောပြောခွင့် ပေးခြင်းနှင့်ပတ်သက်၍ မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေးနိုင်ငံလုံးဆိုင်ရာကွန်ရက်ကန့်ကွက်ကြောင်း ယနေ့ သဘောထားကြေညာချက် တစ်ရပ်ထုတ်ပြန်သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment