Monday, June 24, 2019

ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲတဲ့ အမှု ၂၀၀ ရှိနေပြီဖြစ်ကြောင်း အသံအဖွဲ့ထုတ်ပြန်

ဆက်သွယ်ရေးဥပဒေပြဌာန်းပြီး ငါးနှစ်ကျော်ကာလအတွင်းမှာ အဲဒီဥပဒေနဲ့တရားစွဲဆိုထားတဲ့ အမှုပေါင်း ၂၀၀ ရှိခဲ့ပြီး တရားစွဲခံရသူ ၂၄၆ ယောက်ရှိတယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ (အသံ) ကနေ ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ တရားစွဲခံရသူတချို့က အကျဉ်းထောင်မှာရှိနေပြီး တချို့ကတော့ တရားရင်ဆိုင်နေရတုန်းဖြစ်ပါတယ်။ တရားစွဲဆိုသူတွေကတော့ အစိုးရ၊ တပ်မတော်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စီးပွားရေးသမားတွေဖြစ်တယ်လို့ သိရပါတယ်။



တရားစွဲခံရသူအများစုကတော့ သာမာန်ပြည်သူတွေ၊ မီဒီယာသမားတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။ တရားစွဲခံရတဲ့ကိစ္စအများစုကတော့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုတာတွေကြောင့် ဖြစ်ပါတယ်။

အဲဒီထဲမှာ နိုင်ငံရေး၊ လူပုဂ္ဂိုလ်-အဖွဲ့အစည်းတွေကို ဝေဖန်တာ၊ သတင်းဒါမှမဟုတ် ဖြစ်ရပ်မှန်ကို ရေးသားတာတွေကြောင့် တရားစွဲခံရတာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

No comments:

Post a Comment