ဒေါ်အောင်ဆန်းစုကြည်၏ (၇၄)နှစ်ပြည့် မွေးနေ့သည် ဇွန်လ ၁၉ ရက်ဖြစ်ပြီး ဂျိုကိုဝီဒိုဒို၏ (၅၈) နှစ်ပြည့် မွေးနေ့သည် ဇွန်လ ၂၁ ရက်တွင် ကျရောက်ခဲ့သည်။
အထက်ပါ ခေါင်းဆောင်နှစ်ဦး၏ မွေးနေ့များသည် ထိုင်းနိုင်ငံတွင် ကျင်းပသည့် အာဆီယံထိပ် သီးအစည်းအဝေးမတိုင်မီ ပြီးဆုံး ခဲ့သော်လည်း အာဆီယံခေါင်း ဆောင်များက မွေးနေ့ပွဲကို သီးသန့်အစီအစဉ်အဖြစ် ထည့်သွင်းဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် အနောက်နိုင်ငံများ၏ အား ပေးထောက်ခံမှုလျော့ကျသော် လည်း အာဆီယံဒေသတွင်း၌ အားပေးထောက်ခံမှု ရှိနေဆဲဖြစ်ကြောင်း မွေးနေ့ပွဲပြုလုပ်ခြင်းက သက်သေပြနေသည်ဟု လေ့လာစောင့်ကြည့်သူအချို့က သုံးသပ်သည်။
No comments:
Post a Comment