
အုန်းဘောင်ကျေးရွာနေ လယ်ပိုင်ရှင် ဦးမြင့်လွင်၏လယ်ကွင်းတွင် သူရင်းငှားလုပ်ကိုင်သူ မောင်ဇာနည်အောင်(သေဆုံးသူ)သည် မောင်အောင်ထွေးစံ၊ မောင်အောင်ထွန်းတို့နှင့်အတူ ဆည်ရေပိတ်နေစဉ် မိုးကြိုးပစ်ခတ်ခဲ့၍ အောင်ထွေးစံနှင့် အောင်ထွန်းတို့နှစ်ဦးမှာ လွင့်စင်သွားကာ ဇာနည်အောင်မှာ မိုးကြိုးထိမှန်ပြီး ဦးခေါင်းငယ်ထိပ်မှ ကျောအလယ်ထိ မီးလောင်ကျွမ်းသည့်ဒဏ်ရာ၊ နားနှစ်ဘက်၌ သွေးများယိုစိမ့်ထွက်သည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့နံနက် ရ နာရီခန့်က မိုးကောင်းမြို့နယ် ထုံးရေပေါက်ကျေးရွာနေ ဦးရဲရွှေသည် ၎င်းပိုင်ဆိုင်သည့် လယ်ကွင်းအတွင်း ခိုင်းနွားနှစ်ကောင်နှင့် လယ်ယာထွန်ယက်နေစဉ် မိုးကြိုးထိမှန်ခဲ့၍ ရင်ဘတ်တွင် မီးလောင်ဒဏ်ရာရရှိကာ သေဆုံးခဲ့ပြီး ခိုင်းနွားနှစ်ကောင်အနက် တစ်ကောင်မှာလည်း မိုးကြိုးထိမှန်သေဆုံးခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ပင်းဘောနယ်မြေရဲစခန်းတွင် သေမှုသေခင်း ရေးဖွင့်ထားကြောင်း သိရသည်။
No comments:
Post a Comment