Friday, May 24, 2019

ရထားပေါ်၌ အမျိုးသားတစ်ဦး အလောင်းတွေ့

 ရေဦးဘူတာသို့ ဆိုက် ရောက်လာသော ရထားပေါ်တွင် အမျိုးသားတစ်ဦး ရုပ်အလောင်း တွေ့ရှိခဲ့ကြောင်း ရေဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးညွန့်ဝင်းက ပြော သည်။ ခင်ဦးမြို့မှ မုံရွာမြို့သို့ထွက် ခွာလာသည့်ရထားသည် ရေဦးမြို့သို့ မေလ ၂၃ ရက်နံနက် ၇နာရီခန့်ဆိုက်ရောက်ချိန်တွင် ရထား ပထမတွဲပေါ်၌ အမျိုးသားတစ်ဦး ၏ရုပ်အလောင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများက တွေ့ရှိခဲ့ သည်။



ရုပ်အလောင်းကို သက်ဆိုင် ရာရဲတပ်ဖွဲ့ဝင်များ၊ ဆရာဝန်များ က စစ်ဆေးခဲ့ရာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရှိရဘဲ ညာ ဘက်ခြေသလုံးတွင်အနာဟောင်း တစ်ခုသာတွေ့ရှိကြောင်း ရဲမှူး ညွန့်ဝင်းက ပြောသည်။ ‘‘သေတဲ့သူ ဘယ်သူဘယ် ၀ါဆိုတာ ပြောလို့မရသေးဘူး။ မှတ်ပုံတင် အထောက်အထား ဘာတစ်ခုမှ ပါမလာဘူး။ ခင်ဦး ကနေ မနက် ၅ နာရီထွက်တဲ့ ရထားမှာ ခရီးသည်တွေပြော စကားအရ ရထားတွဲပေါ်စတက် ကတည်းက ဒီလူက အဲဒီပုံစံအ တိုင်းဖြစ်နေတယ်လို့ပြောတယ်။ ဒီလူက ညပိုင်းကတည်းက တွဲ ပေါ်မှာရှိနေပုံပေါ်တယ်။ အ လောင်းကလည်း တောင့်နေပြီဆို တော့ ညကတည်းကသေသွားတာ လို့ယူဆရပါတယ်’’ ဟု ရဲမှူးညွန့် ၀င်းက ပြောသည်။ ရုပ်အလောင်းကို ရေဦးမြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ ဆောင်ခဲ့ပြီး ရေဦးမြို့ မြို့မရဲစခန်း က သေမှုသေခင်းဖွင့်လှစ်စစ် ဆေးနေသည်။

No comments:

Post a Comment