Friday, May 24, 2019

ယူ-၁၄ ဘောလုံးပြိုင်ပွဲများမှ ထူးချွန်ကလေးများကို ဂျပန်နိုင်ငံသို့ လေ့ကျင့်ရေးစေလွှတ်ရန် စီစဉ်

တိုင်းနှင့် ပြည်နယ် အသီးသီးတွင် ကျင်းပမည့် အသက်(၁၄) နှစ်အောက် ဘောလုံးပြိုင်ပွဲများ က ခြေစွမ်းကောင်းသည့် ကလေးများကို ဂျပန်နိုင်ငံသို့ လေ့ကျင့်ရေး ခရီးစေလွှတ်ရန် စီစဉ်ထားကြောင်း မြန်မာလိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ပြောသည်။ြ မန်မာလိဂ်က ကြီးမှူးကျင်းပသည့် လူငယ်ဘောလုံးပွဲတော်နှင့် အသက်(၁၄) နှစ်အောက် လူငယ် ဘောလုံးပြိုင်ပွဲတို့ကို ဇူလိုင်မှ အောက်တိုဘာအထိ မန္တလေး၊ စစ်ကိုင်း၊ ရန်ကုန်၊ မကွေး၊ ကရင်၊ ရှမ်း၊ ပဲခူး၊ မွန်၊ ဧရာဝတီ၊ ရခိုင်ဟူသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၀ ခု၌ ကျင်းပမည် ဖြစ်သည်။

ယင်းပြိုင်ပွဲများမှ ခြေစွမ်းကောင်းသည့် ကလေး ၃၀ ခန့်ကို ရွေးချယ်ကာ ၂၀၂၀ မေလ (သို့မဟုတ်) ဇွန်လအတွင်း ဂျပန်နိုင်ငံသို့ ၁၀ ရက်ကြာ လေ့ကျင့်ရေးခရီး စဉ် စေလွှတ်ရန် စီစဉ်ထားကြောင်း ဦးစိုးမိုးကျော်က ပြောသည်။

‘‘အကောင်းဆုံးထဲက အကောင်းဆုံးဖြစ်နိုင်မယ့် လူငယ်တွေကို စုပြီးတော့ လွှတ်မှာပါ။ ပြီးခဲ့တဲ့နှစ် ယူ-၁၄ ဘောလုံးပြိုင်ပွဲမှာဆို ရှေ့၊ လယ်၊ နောက်၊ ဂိုး အကောင်းဆုံးဆု ပေးတယ်။ ဂိုးသွင်းအများဆုံး ပေးတယ်။ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးလည်း ပေးတယ်။ အဲဒီလို ကလေးမျိုးတွေ တစ်မြို့ကို ခြောက်ဦး စီထဲကမှ အကောင်းဆုံးဖြစ်နိုင်မယ့် ကလေးတွေကို နည်းစနစ်အဖွဲ့ က ပြန်ရွေးမှာပါ။ အရွေးခံရတဲ့ကလေးတွေကို ဂျပန်က ကလေးတွေနဲ့ ပူးပေါင်းလေ့ကျင့်ခွင့်ရရှိမှာ ဖြစ်ပါတယ်’’ဟု ဦးစိုးမိုးကျော် က ဆိုသည်။

အဆိုပါ လေ့ကျင့်ရေး ခရီးစဉ်ကို မြန်မာလိဂ်နှင့် မြန်မာဘရူ ၀ါရီ လီမိတက်၏ လူမှုရေးလုပ် ငန်းများ ဆောင်ရွက်နေသည့် Myanmar Care (ကရုဏာရှေ့ရှုမြန်မာမှု)တို့ ပူးပေါင်းဆောင်ရွက် ခြင်း ဖြစ်သည်။ လူငယ်များ အားကစားတွင် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ မြန်မာလိဂ်နှင့် ပူးပေါင်းခြင်းဖြစ်ကြောင်း Myanmar Care လူမှုဆက်ဆံ ရေးမန်နေဂျာ ဦးမိုးဇော်က ပြော သည်။  ‘‘အဓိကကတော့ ကျွန်တော်တို့ Myanmar Care အနေနဲ့ ကလေးတွေရဲ့ ကိုယ်ကာယကြံ့ ခိုင်မှု ဖွံ့ဖြိုးဖို့၊ အားကစားစိတ်ဓာတ်မြှင့်တင်ဖို့၊ အသင်းအဖွဲ့စိတ်ဓာတ် တိုးတက်စေဖို့အတွက် ရည်ရွယ်ပြီး ယခုလို လုပ်ဆောင်ဖြစ်တာပါ။ အစကတည်းက ဒါကကျွန်တော်တို့ အဖွဲ့အစည်းရဲ့ ကျန်းမာရေးနဲ့ အားကစားမြှင့်တင်ဖို့ လုပ်ငန်းနဲ့ မြန်မာလိဂ်က ကိုက်ညီတဲ့အတွက် ပံ့ပိုးမှုတွေ လုပ်ဖြစ်တာပါ’’ ဟု ဦးမိုးဇော်ကပြော သည်။ ၂၀၁၉ လူငယ်ဘောလုံးပွဲ တော်နှင့် အသက် (၁၄) နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲကျင်းပရန် မြန်မာလိဂ်ကော်မတီကို Myan-mar Care က တစ်နှစ်စာချုပ်ဖြင့် ကျပ်သိန်း ၃,၀၀၀ထောက်ပံ့ခဲ့သည်။  ၂၀၁၈ လူငယ်ဘောလုံးပွဲ နှင့် အသက် (၁၄) နှစ်အောက် ဘောလုံးပြိုင်ပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီး ရှစ်ခု၌ ကျင်းပခဲ့ ပြီး ဘောလုံးပွဲတော်တွင်ကလေး ၂,၀၀၀ ပါဝင်ဆင်နွှဲကာ (၁၄) နှစ်အောက်ပြိုင်ပွဲ၌ ၉၆ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

No comments:

Post a Comment